အပိုင်း (၂၀)
ထိုအချိန်တွင် တံခါးကနေ အသံတစ်သံက ရုတ်တရက် ထွက်လာ၏။
“အားယန် ကျောင်းဖွင့်ဖို့က ရက်အနည်းငယ် လိုသေးတယ်”
နှစ်ယောက်သား တံခါးနားသို့ အတူတကွ ကြည့်လိုက်ကြပြီး တံခါးဘောင်ကို ပျင်းတွဲစွာ မှီရင်း ပြောလာသည့် လျို့ဟွားကို တွေ့လိုက်ရသည်။
ရွယ်ယန်က နှုတ်ခမ်းဆူပြီး
“မေမေ၊ ဘာလို့လဲလို့?”
လျို့ဟွားက လမ်းလျှောက်ဝင်လာပြီး သူ(မ)မျက်နှာလေးကို ညှစ်ကာ
“ကျောင်းသွားဖို့ ဒီလောက်ရိုးရှင်းတယ်လို့ ထင်တာလား?”
ရွယ်ယန်က ကိုယ့်မျက်နှာကိုယ် ပြန်ကိုင်လိုက်ပြီး
“အိုခေ ဒါဆိုလည်း” ဘာပဲဖြစ်ဖြစ် သူ(မ)အမေ သူ(မ)ကို ကတိပေးထားပြီးသား၊ နည်းနည်းလောက်ထပ်စောင့်လည်း ဘာမှမဖြစ်ဘူးလေ ဟုတ်တယ်မလား..
လျို့ဟွား ဒီပေါက်စလေး ဘာတွေစဉ်းစားနေသလဲကို တစ်ချက်ကြည့်ရုံဖြင့် သိပြီး
“ဟုတ်ပြီ ဟုတ်ပြီ၊ အားယန် နည်းနည်းလောက်ထပ်အိပ်ချင်သေးလား? သမီးကိုကိုတွေက ကျောင်းသွားဖို့ အဆင့်သင့်ဖြစ်နေကြပြီ”
ကလေးမလေးက ဝမ်းနည်းစွာဖြင့် မျက်နှာကို ကိုင်ပြီး သက်ပြင်းချလိုက်သည်။ ရွယ်ယွိက ရယ်ကာ သူ(မ)ခေါင်းလေးအား ပွတ်လိုက်ပြီး
“ကလေးတွေက သက်ပြင်းချလို့မရဘူးလေ”
လျို့ဟွားမှာလည်း မရယ်ဘဲမနေနိုင်လေတော့ချေ။
“ရှောင်ယွိ မနက်စာသွားစားတော့၊ ခဏနေ ကျောင်းမနောက်ကျစေနဲ့အုံး”
ရွယ်ယွိက ခေါင်းညိတ်ကာ “အိုခေ”
လျို့ဟွား ရွယ်ယွိ ထွက်သွားသည်ကို ကြည့်ပြီးနောက် သူ(မ)က တစ်ဖက်သို့လှည့်ပြီး ရွယ်ယန်အား
“ဆိုတော့..အားယန် အခု ထတော့မှာလား?”ကလေးမလေးက ထရပ်ပြီး “ထမှာ!”
လျို့ဟွား ကူကယ်ရာမဲ့စွာ ပြုံးပြီး
“ဒါဆို မြန်မြန်လုပ် သွားတိုက်ပြီးရင် ကိုကိုတို့နဲ့ မနက်စာစား”
