အပိုင်း (၂၃)
အခြားသူများက ရွယ်ယန်လောက် အရူးလုပ်ရန် မလွယ်ချေ။ ယဲအန့်နင်ကို ဘာက ဆွဲဆောင်သွားသလဲကို သူတို့ တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်၏။
လျို့ဟွားက ကလေးများကို လှမ်းခေါ်ပြီး
"ကလေးတို့ ထမင်းလာစားကြတော့"
ရွယ်ယန် ယဲအန့်နင်ရဲ့လည်ပင်းကို ဖက်ကာ ပတ်ဝန်းကျင်အား အနည်းငယ် လှည့်ကြည့်လိုက်ပြီးနောက် ခေါင်းမှဦးထုပ်အား လက်သေးသေးလေးဖြင့် ဆွဲချွတ်ချလိုက်သည်။
ယဲအန့်နင်က သူ(မ)ကို ချီကာ ညစာစားပွဲပေါ်တွင် ချပေးလိုက်ပြီး ကလေးမလေးရဲ့ နူးနူးညံ့ညံ့ ပါးပြင်အား မညှစ်ဘဲ မနေနိုင်ပြန်ချေ။
စားသောက်နေစဉ် လျို့ဟွားက ရုတ်တရက် ရွယ်ယန်ရဲ့နဖူးကို အသာအယာ ခေါက်လိုက်ပြီး
"အားယန်၊ အားယန်ကို သူများ လက်ဆောင်လာပေးထားတယ်"
ပန်းကန်လုံးထဲတွင်သာ မျက်နှာမြှုပ်ထားသည့် ကလေးမလေးက ခေါင်းရှုပ်စွာ မော့ကြည့်ပြီး
"မေမေ ဘာလက်ဆောင်လဲ?"
ရွယ်ယွိနှင့် တခြားသူများလည်း စိတ်ဝင်စားသွားပြီး လျို့ဟွားအား လှည့်ကြည့်လာကြသည်။
လျို့မန်က ပြုံးပြီး ရှင်းပြလိုက်သည်။
"အားယန် ဒီနေ့လယ်ခင်းက အားမန်တို့ တွေ့ခဲ့တဲ့ ဒေါ်ဒေါ်နဲ့ ဟိုမမရောပဲ သူတို့က အားယန်ကို အိမ်ပုံစံအရုပ်လေးတွေကို လက်ဆောင်ပေးသွားတာ"
ရွယ်ယန်၏မျက်လုံးများက ဝင်းလက်သွားပြီး
"တကယ်! အားယန်က အဲဒီအိမ်သေးသေးလေးနဲ့ ကားသေးသေးလေးကို အများကြီး ချစ်တာ!"
ရွယ်ယွိက အနည်းငယ် တွေဝေသွားပြီး
"ဘာအိမ်လေးလဲ?"
လျို့မန်ကပဲ ဆက်ရှင်းပြ၏။
"အရောင်းရုံးက စံပြအရုပ်လေးတွေ၊ ကျဲက ဒီနေ့လယ်က အားယန်ကိုခေါ်ပြီး အဲ့ဒီမှာ လျှောက်ပတ်ကြည့်ပေးတာ အားယန်က အထဲက နမူနာပြထားတဲ့အရုပ်လေးတွေကို အရမ်းသဘောကျနေတာလေ"
ရွယ်ယန်က ယဲအန့်နင်ကို တီးတိုးပြောလိုက်သည်။
"ကျဲကျယ် ပြီးကျရင် အရုပ်လေးတွေနဲ့ သွားဆော့ရအောင်နော်"
ကလေးမလေးမှာ သူ(မ)စကားသံက တိုးလှပြီဟု ထင်မှတ်နေသော်လည်း တကယ်တမ်းတွင် လူတိုင်း ကြားသင့်သည့်စကားများကို ကြားလိုက်ကြသည်ပင်။
ယဲအန့်နင်က ရွယ်ယွိနှင့် တခြားသူများအား ဘဝင်ခိုက်နေသည့်အကြည့်တစ်ချက် ပို့လွှတ်လိုက်ပြီး ကလေးမလေးအား တီးတိုးပြန်ပြောလိုက်၏။
"ကောင်းတာပေါ့"
ရွယ်ယန်က မျက်လုံးလှိမ့်လိုက်ပြီး
"အားယန် ဘာလို့ ကိုကိုတို့နဲ့ကျ မကစားချင်ရတာလဲ?'
ရွယ်ယန်က အလွန်လန့်ဖျပ်သွားပြီး အလိုအလျောက် ပါးစပ်အား ဖုံးအုပ်လိုက်သည်။ အနည်းငယ် တုံ့ဆိုင်းနေပြီးနောက်မှ ကလေးမလေးက နှုတ်ခမ်းစူပြီး
"အားယန်က ကျဲကျယ်နဲ့ ကစားချင်လို့!"
ရွယ်ကျစ် သက်ပြင်းချကာ
"အို့ အဲ့ဒီတော့ အားယန်က ကိုကိုတို့နဲ့မကစားချင်ဘူးပေါ့?"
ရွယ်ယန် မျက်လုံးများပြူးကျယ်သွားပြီး
"အားယန် မပြောမိပါဘူး!"
ချောင်းကျဲကလည်း သက်ပြင်းချကာ
"ကြည့်ရတာ ကိုကိုတို့က အားယန်အပေါ် လုံလုံလောက်လောက် မကောင်းပေးလို့နဲ့တူတယ်"
ကလေးက ရှင်းပြလိုက်ချင်သော်လည်းဘယ်လိုပြောရမှန်း သူ(မ)မသိချေ။ သူ(မ)က လွန်စွာ စိုးရိမ်ကြီးနေတော့သည်။ လျို့ဟွားက ကောင်လေးများကို စွေကြည့်ပြီး
"ကလေးကို ဝိုင်းအနိုင်မကျင့်ကြနဲ့"
ရွယ်ယွိက နှစ်စက္ကန့်မျှ တုံ့ဆိုင်းနေပြီးနောက်မှ ထောက်ပြလာသည်။
"အမေ၊ အမေကသာ အခုလေးတင် အားယန်ကို ငိုအောင် လုပ်ထားခဲ့တဲ့သူလေ"
လျို့ဟွား : "...."
ရွယ်ယန်တစ်ယောက် သူတို့ကို စိတ်ဆိုးသွားတော့သည်။ သူ(မ)ရဲ့ပန်းကန်လုံးလေးကို ပိုက်ပြီး ကုလားထိုင်ပေါ်မှ ဆင်းလိုက်သည်။
"အားယန် ကိုကိုတို့ကို မချစ်တော့ဘူး!"
ကလေးမလေးမှာ သူတို့က သူ(မ)အား စနောက်နေကြခြင်းဖြစ်သည်ကို နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။
ယဲအန့်နင်က လျို့ဟွားနှင့် အားမန်ကို ယဉ်ကျေးစွာ ပြုံးပြလိုက်ပြီးနောက် သူ(မ)လည်း ကလေးနှင့်အတူ ဧည့်ခန်းထဲတွင် သွားစားရန် ပန်းကန်လုံးကို ယူသွားလိုက်သည်။
ရွယ်ကျစ်က ခြောက်ကပ်ကပ်ရယ်လိုက်ပြီး
"အကို၊ ဒါက အကိုစလိုက်တာနော်၊ ကြည့် ခုတော့ အားယန်က အကို့ကို စိတ်ဆိုးသွားပြီ"
ချောင်းကျဲကလည်း ကသုတ်ကရက်ဖြင့် ခေါင်းရှောင်၏။
"ဟုတ်တယ်!"
ရွယ်ယွိ : "???"
မျက်နှာတွင် အမေးသင်္ကေတများ(?) အပြည့်ဖြင့်...
လျို့ဟွားကလည်း အနည်းငယ် လိပ်ပြာမလုံဖြစ်ရသဖြင့် ခေါင်းငုံ့ကာ ထမင်း ဆက်စားနေလိုက်သည်။ လျို့မန်မှာ သူတို့ကို ကြည့်ပြီး သဘောတကျဖြစ်နေ၏။
ကလေးရဲ့ အမေနဲ့ အကိုတွေက တော်တော်စိတ်ချလို့မရတာပဲ!
...
ဤရပ်ကွက်ရှိ အိမ်အများစုက ပရိဘောဂအပြည့်စုံနှင့် ကောင်းမွန်စွာ အလှဆင်ထားခြင်းဖြစ်သည်။ ရှန်နျန်တို့မိသားစုက အိမ်တစ်လုံးကို အကြိုက်တွေ့သွားပြီးနောက် ရက်အနည်းငယ်အတွင်း ပြောင်းရွှေ့ရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ရှန်နျန်က ရွယ်ယန်ကို ဖုန်းကြိုဆက်မထားခဲ့ချေ။ သူ(မ)ကို အံ့ဩသွားစေချင်လို့လေ...။
ရွယ်ယန်ရဲ့ဘက်တွင်၊ သူ(မ)၏ ချွဲနွဲ့မှုနှင့် ချစ်စဖွယ်ကောင်းမှုအောက်တွင် လျို့ဟွားမှာ နောက်ဆုံး၌ သူ(မ)အား အနီးနားရှိ မူကြိုကျောင်းတွင် စာရင်းသွင်းပေးခဲ့သည်။ နောက်နှစ်ရက်တွင် တရားဝင်ကျောင်းစတက်နိုင်ပြီဖြစ်သည်။
မိသားစုဝင်များကလည်း ကျောင်းသွားသူက သွား၊ အလုပ်သွားသူက သွားဖြင့် ထွက်သွားကြ၏။
ရွယ်ယန်မှာ တစ်ဖန် တစ်ယောက်တည်းဖြစ်သွားရပြီး ဆိုဖာပေါ်တွင် ထိုင်ကာ TV ကြည့်နေ၏။
ကလေးမလေးက သူ(မ)ရဲ့ပါပီ ထီကျစ်လေး၏ နူးညံ့သော အမွှေးအား ပွတ်သပ်ပေးနေ၏။ သူ(မ)က ရုတ်တရက် သက်ပြင်းချပြီး
"ထီကျစ် ငါ အရမ်းပျင်းနေပြီ"
ထီကျစ်က ကလေးမလေးအား တုံ့ပြန်သည့် သင်္ကေတဖြင့် ဟောင်သံသေးသေးလေး ထွက်ပြ၏။
ကလေးစုတ်လေး အားယန်! အကိုတွေအမတွေနဲ့ ရှိနေတဲ့အချိန်ကျတော့ သူနဲ့ဆော့ဖို့ သတိတောင်မရဘူး!
ရွယ်ယန်က လွန်စွာ ပျော်ရွှင်နေသည့်ပုံမပေါ်ချေ။ သူ(မ)က ထီကျစ်အား အဆက်မပြတ်သာ ရေရွတ်နေ၏။
"ထီကျစ် နင် ဘာလို့ ငါ့ကိုကိုတွေနဲ့ မမတွေကို သဘောမကျရတာလဲ?"
ထီကျစ်က သူ(မ) ပြောသမျှ သူ ဘာမှမသိသည့်အလား အပြစ်ကင်းစွာဖြင့် မော့ကြည့်လိုက်သည်။
သို့သော် ကလေးမလေးက ထီကျစ် သူ(မ)အား ပြဿနာရှာချင်နေသည်ဟု ထင်မှတ်ပြီး ထီကျစ်ရဲ့ပါးပေါ်မှ အမွှေးအား ညှစ်လိုက်ပြီး ညင်သာစွာ ဖျစ်ညှစ်လိုက်သည်။
"ထီကျစ် ငါတို့တွေ ဒီလိုလုပ်လို့မဖြစ်ဘူးလေ... ငါ့ကိုကိုနဲ့မမတွေက အရမ်းကောင်းတာကို နင် ဘာလို့ သူတို့ကို သဘောမကျရတာလဲ ဟမ်?"
ထီကျစ်က သူ(မ)သဘောကျ ပေးဆော့ထားလိုက်ပြီး စိတ်ထဲတွင်တော့ လှောင်ပြောင်နေလိုက်သည်။
အပိုတွေ! အရင်ဘဝတုန်းက အဲ့ဒီကိစ္စတွေကို ကိုယ်တိုင်ခံစားခဲ့ရတာက အားယန်နဲ့သူ နှစ်ယောက်တည်း!
သို့သော် အနှီဘဝမှာတော့ ရွယ်ယွိနှင့် တခြားသူများက ရွယ်ယန်အပေါ် မည်သည့်အငြိုးမှ မရှိကြောင်း သူ တွေ့ပြီးပြီပင်။ ထို့ကြောင့် သူတို့အား အရင်ဒုက္ခသွားမပေးတာ အကောင်းဆုံးပင်။ မည်သို့ဆိုစေ ရွယ်ယန်တွင် ယခင်ဘဝက မှတ်ဉာဏ်လည်း ရှိမနေချေ။ ကလေးအတွက် ထိုလူများက အရေးမကြီးတော့တာတောင် ဖြစ်ကောင်းဖြစ်နိုင်၏။
အလောင်းအစားသွားမလုပ်တာ အကောင်းဆုံးပဲ!
ရွယ်ယန်မှာ ထီကျစ် ဘာတွေစဉ်းစားနေသလဲကို မသိချေ။ သူ(မ)ကိုယ်သူ(မ) အနည်းငယ် ရေရွတ်နေပြီးနောက် တိတ်ဆိတ်သွားပြီး ထီကျစ်ကိုဖက်ကာ ငြိမ်သက်စွာ ထိုင်နေတော့သည်။
သိပ်မကြာလိုက်ခင် ဧည့်ခန်းထဲရှိ ပြတင်းပေါက်မှ ရုတ်တရက် တံခါးခေါက်သံ ထွက်လာ၏။
ရွယ်ယန်က ခေါင်းရှုပ်စွာဖြင့် နောက်လှည့်ကာ ဆိုဖာပေါ် မှီကြည့်ကြည့်လိုက်သည်။ ရှန်နျန်က ပြုံးပြီး သူ(မ)အား လက်ဝှေ့ယမ်းပြနေသည်ကို ရုတ်တရက် လှမ်းမြင်လိုက်ရသည်က သူ(မ)ကို လန့်ဖျပ်သွားစေ၏။
သူ(မ)က ဗလာကျင်းစွာ မျက်တောင်ခတ်လိုက်ပြီး တုံ့ပြန်ရန် တစ်ခဏ အချိန်ယူလိုက်ရသည်။
ကလေးမလေးက စိတ်လှုပ်ရှားစွာဖြင့် ပါပီလေးကို ဖက်ပြီး ဆိုဖာပေါ်မှ ခုန်ဆင်းကာ အပြင်ဘက်သို့ ပြေးထွက်သွားလိုက်သည်။
လျို့မန်က အသံကြားသည်နှင့် မီးဖိုချောင်ထဲမှနေ၍ ခေါင်းတစ်ချက် ထုတ်ကြည့်ကာ
"အားယန် ဘယ်သွားမလို့လဲ?"
ရွယ်ယန်၏အသံက အဝေးမှ ပျံ့လွင့်လာ၏။
"အားမန်! နျန်နျန် သမီးနဲ့ကစားဖို့ ရောက်လာတယ်!"
လျို့မန် မျက်မှောင်ကြုတ်လိုက်ပြီး မသေချာစွာဖြင့် သူ(မ)အနောက်သို့ လိုက်ကြည့်လိုက်သည်။
သူ(မ) တံခါးအပြင်သို့ လျှောက်ထွက်လိုက်သည်နှင့် လျို့မန်မှာ ကလေးနှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက် ပြေးဖက်နေကြသည့် မြင်ကွင်းကို မြင်လိုက်ရ၏။
ထိုမိန်းကလေးက နူးညံ့ပြီး ယဉ်ကျေးသိမ်မွေ့သော ပုံစံလေးဖြစ်ပြီး ယဲအန့်နင်လို... အေးတိအေးစက်ကလေးပုံစံမျိုးပုံ ပေါ်၏။
သို့သော် ယခုတွင် အနှီကောင်မလေးက မျက်လုံးများ လခြမ်းသဏ္ဌာန်ကွေးသွားသည်အထိ ပြုံးလို့နေပြီး ရွယ်ယန်အား တင်းကျပ်စွာ ပြန်ဖက်ထား၏။
လျို့မန်မှာ စိတ်သက်သာရာရသွားသော်လည်း ရုတ်တရက် တစ်ခုခုကို သွားစဉ်းစားမိသွား၏။
နျန်နျန်... မစ်စတာရှန်နဲ့ မစ္စရှန်တို့ရဲ့ကလေးလေ!
လျို့မန်သဘောပေါက်လိုက်ပြီး ကလေးမနှစ်ယောက်အား အမြန်ခေါ်လိုက်သည်။
"အားယန် သူငယ်ချင်းလေးကို အထဲခေါ်လာဆော့လေ"
ရွယ်ယန်က အလွန်လိမ္မာ၏။ သူ(မ)က ထီကျစ်အား ခက်ခက်ခဲခဲဖြင့် တစ်ဖက်က ကိုင်ပြီး နောက်လက်တစ်ဖက်ကို ရှန်နျန်ကို ဆွဲကာ အထဲသို့ခေါ်သွားလိုက်သည်။
လမ်းလျှောက်ရင်းဖြင့် ကလေးမလေးနှစ်ယောက်က
"နျန်နျန် အားယန်မှာ အရုပ်တွေအများကြီးပဲ ရှိတယ်၊ နျန်နျန် ငါနဲ့တူတူဆော့ပေးမယ်မလား?"
ရှန်နျန်က သူ(မ)အပေါ် အလွန်စိတ်ရှည်ပြီး
"အို့ခေ၊ အားယန်က အရမ်းကို ကောင်းတာပဲ"
ကလေးမလေးက လွန်စွာ ပျော်ရွှင်သွားပြီး
"နျန်နျန် အားယန် အိမ်ရောင်းတဲ့ကျဲကျယ်နဲ့ အန်တီလင်ဆီကနေ ဟိုတစ်နေ့က လက်ဆောင်ရထားတယ်"
ရှန်းနျန်က မျက်ခုံးများ မြှင့်ပြီး
"အန်တီလင်?"
ရွယ်ယန်က တွေဝေစွာ ရှင်းပြလိုက်သည်။
"နျန်နျန်ရဲ့ မေမေလေ!"
ရှန်နျန် တစ်ခဏ အံ့အားသင့်သွား၏။ သူ(မ)မိဘများ ဤအကြောင်းပြောသည်အား သူ(မ) မကြားမိချေ။
သို့သော် သူတို့အတွက် ဒီကိစ္စမှာ အကြီးအကျယ်ကိစ္စကြီးမဟုတ်ချေ။
ရှန်နျန်က ရေလိုက်ငါးလိုက်ဖြင့်
"သူတို့က အားယန်ကို ဘယ်လိုလက်ဆောင် ပေးတာတုန်း?"
ရွယ်ယန်က ရှက်ကိုးရှက်ကန်းပြုံးပြီး
"နျန်နျန်ကို ခဏကျရင် ပြမယ်!"
ရှန်နျန်က သူ(မ)ဆံပင်ကို ဖွလိုက်ပြီး
"အို့ခေ"
သူတို့ ရွယ်ယန်၏အိမ်ထဲသို့ ဝင်သွားကြသည်။ လျို့မန်က မုန့်အချို့ဖြင့် ထွက်လာပြီး ကောင်မလေးနှစ်ယောက်အား
"ကလေးတို့ ဒီကိုလာ၊ ဒီမှာ စားကြအုံး"
ရွယ်ယန်က ရှန်နျန်ကို ဆွဲခေါ်ပြီး
"နျန်နျန် အားယန်ကို ခဏစောင့်နော်၊ အားယန် အရုပ်လေးတွေ သွားယူလိုက်အုံးမယ်!"
ရှန်နျန် ထိုင်ချလိုက်ပြီး
"အားယန်၊ မလောပါနဲ့"
