Chapter 46

1.6K 142 1
                                    

အပိုင်း (၄၆)

ရွယ်ယန် အချိန်အတန်ကြာ ကြည့်နေပြီးနောက်မှ ကူကယ်ရာမဲ့စွာဖြင့် လီယွမ်အတွက် နောက်တစ်ခု ထပ်သွားယူပေးလိုက်သည်။

“အွန်း နင့်အတွက်”

လီယွမ်တစ်ယောက် ဘဝင်လေဟပ်သွားတော့သည်။

“အားယန် ဘာလို့ ကိုကို့ကို ကိုကိုလို့ မခေါ်တာလဲ”

ရွယ်ယန် : “...”
နင် တကယ် စိတ်ရှုပ်ဖို့ကောင်းလွန်းတယ်!

ယဲအန့်နင် လီယွမ်အား တစ်ချက် လှမ်းကြည့်လိုက်သည်။

“အဆင်ပြေနေတဲ့အချိန်မှာ နင် ရပ်လိုက်သင့်တယ်၊ တစ်လက်မလောက် ပိုမလိုချင်နဲ့”

စစ်မှန်သော နှစ်တန်းကလေးတစ်ယောက်အနေဖြင့် ဒေသိယစကားများနှင့် အခြားသော အရာများက အနည်းငယ် ခက်ခဲနေရဆဲပင်။

လီယွမ်မှာ ထိုစကားနှစ်လုံး၏အဓိပ္ပာယ်ကို နားမလည်သော်လည်း ယဲအန့်နင်၏မျက်လုံးများထဲမှ သတ်ဖြတ်လိုသော အကြည့်တို့အား ခံစားမိနေသည်ကိုတော့ မတားဆီးနိုင်ချေ။

ကောင်ကလေးက ကိတ်မုန့်လေးအား ကြေကွဲစွာ လှမ်းယူလိုက်သည်။

“ကျေးဇူးတင်ပါတယ် အားယန်”

ရွယ်ယန်က ခေါင်းလေးကို ခါကာ သက်ပြင်းချလေ၏။

“နင်က အရမ်း ကလေးဆန်တာပဲ”

လီယွမ် : “ဘာလို့?”
မူကြိုလေးပဲ ရှိသေးတဲ့ သူက သူ့ကို ကလေးဆန်တယ်တဲ့လား?

ငယ်ငယ်ရွယ်ရွယ်လေးနဲ့ စံချိန်စံနှုန်းက နှစ်ထပ်နဲ့!

ရွယ်ယန်သည် အနှီအကိုပေါက်စလေးက အမှန်တကယ် ကလေးဆန်လှကြောင်း နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသဖြင့် သူနှင့် ဆက်ပြီးမကစားလိုတော့ချေ။

သို့နှင့် ကလေးမလေးက ဒန်းဆီ ပြန်ပြေးသွားပြီး အပေါ်ရှိ ယဲအန့်နင်ထံ သူ(မ)လက်ကို ဆန့်ထုတ်ပေးလိုက်သည်။

“ကျယ်ကျဲ အားယန်လည်း ဒန်းစီးချင်တယ်”

ယဲအန့်နင် သူ(မ)ကို ကောက်ချီလိုက်ပြီး သူ(မ)၏ခြေထောက်ရှည်ရှည်များကို အသုံးပြုကာ ပေါ့ပါးစွာဖြင့် ဒန်းကို လွှဲလိုက်သည်။

အရိပ်အောက်တွင် စာဖတ်နေသည့် ချောင်းကျဲက ထိုနေရာသို့ လှမ်းကြည့်လာပြီးနောက် ခေါင်းကို ငုံ့ကာ စာဆက်ဖတ်လေသည်။ ထိုလှပသော မျက်ဝန်းလေးများထဲတွင် နူးညံ့ညင်သာမှုတို့အပြည့် လွှမ်းခြုံနေ၏။

လီယွမ်တစ်ယောက် ဒန်းပေါ်တွင် ထိုင်နေသည့် တစ်ယောက်သော ကောင်မလေးကို ဗလာကျင်းစွာဖြင့် လှမ်းကြည့်လိုက်သည်။ ဒန်းစီးတာကျတော့ အရမ်းအရမ်းကို ရင့်ကျက်တဲ့ကစားနည်းပေါ့...

ကလေးလုံးဝမဆန်ဘူး...

ဟွန့်!



တစ်ယောက်သော ကောင်မလေးသည်တော့ ယခုရက်ပိုင်းတွင် အနည်းငယ် စိတ်ညှိုးငယ်လျက် ရှိ၏။

ယဲအန့်နင်က ရွယ်ယန်ထံမှ လုလာသော စုပ်လုံးအား ပါးစပ်ထဲသို့ ထည့်ပြီး ရှန်နျန်အား ဗလုံးဗထွေး လှမ်းမေးလိုက်သည်။

“အားယန် ဒီရက်ပိုင်း မရွှင်မပျဖြစ်နေတာ နင် သတိထားမိလား”

ရှန်နျန်က ထောင့်နားရှိ ကလေးမလေးထံမှ အကြည့်တို့ကို ယဲအန့်နင်ထံ လွှဲလိုက်ပြီး တည်ငြိမ်စွာ ဆိုလာ၏။

“ကလေးဆီကနေ စုပ်လုံးတွေ လု,လုနေတဲ့ ကျယ်ကျဲတစ်ယောက် ရှိနေလို့ပဲ နေမှာပေါ့”

ယဲအန့်နင် : “ကျစ်...”

ထီကျစ်တစ်ယောက် သူ့ဘေးနားမှ ကလေးမလေးကို ကြည့်ပြီး လက်ဖဝါးလေးအား မြှောက်ကာ သူ(မ)အား လှမ်းပုတ်လိုက်သည်။

“အာဝု?”

ရွယ်ယန်က နှုတ်ခမ်းကို စေ့ပြီး ထီကျစ်၏ လက်ဖဝါးကို ဖမ်းဆွဲကာ လက်ဖဝါးထက်ရှိ ပန်းနုရောင်အသားနုနုလေးအား ညှစ်ရင်း ဆိုလာ၏။

“ထီကျစ် နင်ရော အပြင်ထွက်ပြီး ကစားချင်တာလား”

ထီကျစ်တစ်ယောက် ကလေးမလေးကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်ပြီး အကြိမ်အနည်းငယ် တအီအီ အော်လိုက်သည်။

ရွယ်ယန်က အသံကို တိုးပြီး ထီကျစ်၏နား,နားသို့ကပ်ကာ တီးတိုးပြောလာ၏။

“ငါတို့တွေ ကိုကိုတို့ကို ခေါ်သွားခိုင်းပြီး သွားဆော့ကြရင်ရော”

“အားယန်က ဘယ်မှာ သွားဆော့မလို့လဲ”

အေးမြသော အမျိုးသမီး၏အသံက သူ(မ)နားရွက်နားတွင် ပျံ့လွင့်လာ၏။

ရွယ်ယန် တွေဝေစွာဖြင့် ဘယ်နှင့်ညာအား ကြည့်လိုက်ပြီး ဘေးပတ်လည်အား လှည့်ကြည့်လိုက်ချိန် သူ(မ)အနောက်တွင် အစ်မဖြစ်သူ ရပ်နေသည်အား ရုတ်တရက် တွေ့လိုက်ရသည်။

ကလေးမလေးက လိပ်ပြာမလုံစွာဖြင့် ထီကျစ်ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။

“ကျယ်ကျဲ ဘယ်တုန်းက ရောက်လာတာလဲ”

ယဲအန့်နင်က သူ(မ)ဘေးနားတွင် ထိုင်ချလိုက်၏။

“အားယန်က အပြင်ထွက်ပြီး ကစားချင်တာလား”

ရွယ်ယန်က အစ်မဖြစ်သူ မော့ကြည့်ပြီးနောက် ခေါင်းကို ငုံ့ထားလိုက်ရင်း ဆိုလာ၏။

“ကျယ်ကျဲ အားယန် ဟိုတစ်နေ့က တီဗီထဲမှာ ကစားကွင်းကို တွေ့လိုက်တယ်...”

ယဲအန့်နင်မှာ အံ့အားသင့်သွားရသည်။

“အားယန် အရင်က ကစားကွင်းကို တစ်ခါမှ မရောက်ဖူးဘူးလား”

ကလေးမလေးက စိတ်ဓာတ်ကျစွာ ခေါင်းညိတ်ပြလာ၏။ ထီကျစ် သူ(မ)ကို အလေးအနက် စိုက်ကြည့်လိုက်ပြီး ယခင်ဘဝတွင်လည်း ရွယ်ယန်က သေသွားခဲ့သည့်အချိန်ထိ ကစားကွင်းကို မသွားဖူးခဲ့ကြောင်း အမှတ်ရလိုက်သည်။

တစ်ခါက သူ(မ)သည် ကစားကွင်းဂိတ်တွင် မတ်တတ်ရပ်ပြီး အချိန်အတန်ကြာ ငေးကြည့်နေပြီးမှ တစ်ယောက်တည်း အထီးကျန်စွာ ပြန်ထွက်သွားခဲ့သည်။

သူ(မ)က အမြဲ သွားချင်နေခဲ့တာ!

ထီကျစ် ရွယ်ယန်၏လက်ထဲမှ သူ့လက်ကို ဆွဲထုတ်လိုက်ပြီး တစ်ဖက်သို့ လှည့်ကာ အပေါ် ပြေးတက်သွား၏။

မိနစ်အနည်းငယ် မကြာလိုက်ခင် အပေါ်ထပ်မှနေ၍ လျို့ဟွား၏အသံ ထွက်လာ၏။

“နင် ဘာလုပ်မလို့လဲ ဝံပုလွေပေါက်စ၊ ငါ့ကို ဘယ်ခေါ်သွားမလို့လဲ”

ကလေးမလေးနှစ်ယောက် လှမ်းကြည့်လိုက်ချိန် ထီကျစ်က လျို့ဟွား၏ ဘောင်းဘီစကို ကိုက်ကာ ဆွဲခေါ်လာသည်ကို တွေ့လိုက်ရသည်။

ရွယ်ယန်တစ်ယောက် သူ(မ)လက်များကို မလုံမလဲဖြစ်စွာ ပွတ်လိုက်သည်။

“မား...”

လျို့ဟွား ကလေးမလေး၏ခေါင်းကို ပုတ်ပေးလိုက်သည်။

“ထီကျစ်က မေမေ့ကို အားယန်ကို တွေ့ဖို့ ခေါ်လာပေးတာလား၊ မေမေ့အသည်းလေးက ဘာဖြစ်လို့လဲ”

ရွယ်ယန်မှာ စကားမဆိုချင်ပေ၊ လျို့ဟွားက သူ(မ) အပြင်ထွက်ကစားမည်ကို မကြိုက်သည့်အကြောင်း သူ(မ) မှတ်မိနေဆဲပင်။

ယဲအန့်နင်က တစ်ခဏ တိတ်ဆိတ်နေပြီးနောက်မှ ကလေးကိုယ်စား ပြောပေးလိုက်သည်။

“အန်တီ အားယန်က ကစားကွင်းကို သွားချင်နေတာ၊ သမီးတို့ ကလေးကို ခေါ်သွားပေးလို့ရမလား”

ရွယ်ယန်က ယဲအန့်နင်၏အင်္ကျီစလေးအား ညင်သာစွာ လှမ်းဆွဲလိုက်ပြီး တီးတိုးခေါ်လိုက်၏။

“ကျယ်ကျဲ!”

လျို့ဟွားမှာ ကြက်သေ,သေသွားရသည်။ သူ(မ)ရဲ့စိတ်အခြေအနေတို့မှာ ရုတ်ခြည်း ရှုပ်ထွေးလာ၏။ သူ(မ)၏ ကိုယ်ပိုင်အကြောင်းပြချက်များကြောင့် သူ(မ)ရဲ့ကလေးငယ်က သတိကြီးကြီးထားနေရ၏။

သူ(မ)က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ရွယ်ယန်အား တတ်နိုင်သမျှ နီးကပ်စွာ ကြည့်လိုက်သည်။

“အားယန် မေမေက ခုဆို သမီးလေးကို ပျော်ရွှင်စေချင်တာ ဒါကြောင့်မလို့ သမီး ဘာပဲလုပ်ချင်ချင်၊ ဘယ်နေရာပဲ သွားချင်ချင် မေမေ့ကို ပြောလို့ရတယ်”

သူ(မ)က နှုတ်ခမ်းကို စေ့ပြီး ဖြည်းညင်းစွာ ဆက်ဆိုလိုက်သည်။

“မေမေ လုပ်ပေးနိုင်သရွေ့ မေမေက အားယန်ကို ကျေနပ်နေစေရမယ်”

ကလေးမလေး၏ အဖြူနှင့်အမည်း ရောစပ်ထားသော မျက်လုံးများက လျို့ဟွားကို ကြည့်လိုက်ပြီး သူ(မ)မျက်လုံးများထဲရှိ နူးညံ့မှုတို့နှင့် အားပေးတိုက်တွန်းမှုတို့ကို အတည်ပြုပြီးချိန်တွင်မှ ကလေးမလေးက တီးတိုးဆိုလာ၏။

“မေမေ အားယန် ကစားကွင်းကို သွားချင်လို့”

လျို့ဟွား သူ(မ)ကို ယုယကြင်နာစွာ ကြည့်လိုက်သည်။

“အိုခေ၊ မနက်ဖြန်က စနေနေ့ဆိုတော့ မေမေက အားမန်နဲ့အတူ သမီးကို မနက်ဖြန်ကျ ကစားကွင်းကို ခေါ်သွားပေးမယ်”

ရွယ်ယန်က မျက်တောင်လေး ခတ်ကာ သူ(မ) ကြည်လင်လျက်ရှိသော မျက်လုံးလေးများက ယဲအန့်နင်ကို မော့ကြည့်လိုက်၏။

“ကျယ်ကျဲကရော လိုက်မှာလား”

ယဲအန့်နင်၏နှုတ်ခမ်းမှာ အပေါ်သို့ အနည်းငယ် ညွှတ်တက်သွား၏။

“အားယန် လိုက်စေချင်ရင်ပေါ့”

ရွယ်ယန်တစ်ယောက် ခေါင်းတသွင်သွင် ညိတ်ပြလာ၏။

“လိုက်စေချင်တယ်!’

သူ(မ)က လျို့ဟွား၏လက်ကို လှမ်းဆွဲလိုက်သည်။

“မေမေ အားယန် ကျယ်ကျဲကိုပါ သမီးတို့နဲ့ လိုက်စေချင်တယ်”

လျို့ဟွားက ချစ်မြတ်နိုးစွာ ပြုံးလိုက်သည်။

“ရတယ်လေ ဒါဆို မေမေတို့ မမတွေနဲ့ သူတို့ရဲ့မေမေတွေကို သွားပြောကြရအောင်”

ရွယ်ယန်က နာခံစွာ ခေါင်းညိတ်လိုက်သည်။

“ဟုတ်!”

နောက်ဆုံးတွင် အတော်လေး များပြားသည့် လူများက လိုက်ဖို့ ဖြစ်လာတော့သည်။ အဓိကမှာ ကလေးများအပြုံလိုက် ဖြစ်နေခြင်းပေ။

မိတ်ကပ်သင်တန်းတက်ရန် အဖေဖြစ်သူ၏ ဆွဲခေါ်သွားခြင်းခံလိုက်ရသည့် လီယွမ်မှလွဲ၍ လူတိုင်း သွားကြမည်ပင်။

လူကြီးများအနေဖြင့် ယောက်ျားလေးအချို့မှာ လူငယ်‌လေးများအဖြစ် ယူဆလို့ရသည်ကြောင့် လျို့ဟွားနှင့် လျို့မန်သာ ပါပြီး သူတို့က ညီမလေးများအား ဂရုစိုက်ရန် လျို့ဟွားကို ဝိုင်းကူညီပေးမည်ဟု ပြောလာကြသည်။

အန်းစီထုန်လည်း လိုက်ချင်သော်ငြား လျို့ဟွားမှာ သူ(မ)က ကလေးတွေထက် ပိုပျော်နေမည်ကို စိုးသောကြောင့် သူ(မ)ကို လိုက်ခွင့်မပြုချေ။

ထို့အပြင် သူတို့သွားရန် ရည်ရွယ်ထားသည့် ကစားကွင်းမှာ ရွယ်ကျင်းဟုန်လက်အောက်တွင် ဖြစ်၍ လူကြီးများမှာ လုံခြုံမှုပိုင်းနှင့် ပတ်သက်ပြီး စိတ်ပူလွန်းနေစရာမလိုသဖြင့် အဆင်ပြေသွားကြသည်။

သို့ရာတွင် ဆွေးနွေးမှုအတွင်း မတော်တဆသေးသေးလေးတစ်ခု ဖြစ်ခဲ့၏။

ရွယ်ကျင်းဟုန်တစ်ယောက် သူ့ရဲ့အဖိုးတန်ကလေးလေး ကစားကွင်းအား တစ်ခါမှ မရောက်ဖူးသည့်အကြောင်းကို ကြားလိုက်ရချိန်တွင် ခမ်းနားစွာဖြင့် လက်တစ်ချက် ဝှေ့ယမ်းပြီး သူ့နာမည်အောက်ရှိ မြို့တော်ထဲ၌ အကြီးမားဆုံးသော ကစားကွင်းအား ရွယ်ယန်ထံ တိုက်ရိုက် လွှဲပြောင်းပေးခဲ့သည်။

သို့နှင့် မနက်ဖြန်တွင် ကလေးမလေး သွားရန် ရည်ရွယ်ထားသည့် ကစားကွင်းမှာ သူ(မ)အပိုင် ဖြစ်သွား၏။

အဖြစ်အပျက်များကို ပြန်ကြားလိုက်ရချိန်တွင် ရှန်နျန်တစ်ယောက် ကြက်သေ,သေသွားရသည်။

“ဒီတော့ ဒီအရူးမလေးက ငါတို့ထဲမှာ အချမ်းသာဆုံး ဖြစ်သွားတာပေါ့!”

ယဲအန့်နင်မှာ  မနာလိုခြင်း အလျဉ်းမရှိဘဲ အလွန်အမင်း ပျော်ရွှင်နေ၏။

“ဘယ်လောက်ကောင်းလိုက်သလဲ ငါတို့တွေ နောင်ဆို အစားအသောက်ကို သွားပြီး ကပ်စားနေရုံပဲ”

ရွယ်ယန်သည်တော့ ခေါင်းရှုပ်နေ၏။

“ဟမ်?”

ရွယ်ယွိမှာ အနည်းငယ် နောင်တရနေ၏။

“ငါ အားယန်အတွက် ကစားကွင်းတစ်ခု ဆောက်ပေးမလို့ဟာကို”

ချီလင်ဟန်က ရှုတည်တည် ဆိုလာ၏။

“ဒါဆိုလည်း ဆောက်ကြတာပေါ့ အတူတူ ဆောက်ကြမယ်၊ အားယန်က ကစားရတာ ဒီလောက်ကြိုက်တာ၊ သေချာပေါက် များလွန်းတယ်လို့ ထင်မှာမဟုတ်ဘူး”

ရွယ်ကျစ်က မေးကို ပွတ်ရင်းဖြင့်

“အမှန်ပဲ၊ ငါတို့တွေ အားယန် ကြိုက်တဲ့ဟာလေးတွေ ထပ်ဖြည့်ပေးလို့ရတယ် မော်ဒယ်အရုပ်လေးတွေမျိုးပေါ့... ငါက ရင်းနှီးမယ်”

ချောင်းကျဲကလည်း စိတ်ကူးနေဟန်ဖြင့်။

“ဟုတ်တယ် ငါလည်း ရင်းနှီးချင်တယ်”

ကောင်မလေးနှစ်ယောက်ကလည်း လက်များ မြှောက်လာ၏။

“ငါတို့ရောပဲ!”

ရွယ်ယွိက သူ့ရဲ့အထင်သေးခြင်းအား လုံးဝ သိုဝှက်မထားချေ။

“မင်းတို့မှာ ပိုက်ဆံရှိလို့လား”

လူအချို့ကလည်း တုံ့ဆိုင်းခြင်းမရှိစွာ ပြန်ဖြေရှာ၏။

“မရှိဘူးလေ၊ ငါတို့ မင်းတို့နှစ်ယောက်ဆီက ချေးမှာ”

ကလေးမလေးက လက်ကို နောက်ကျမှ ဝင်မြှောက်လာ၏။

“အားယန်လည်း လိုချင်တယ်!”

ရွယ်ယွိနှင့် ချီလင်းဟန်မှာ အစက ပြောစရာစကားမဲ့သွားကြသော်လည်း ကလေးမလေး ပြောသံကို ကြားလိုက်ရချိန်တွင် မနေနိုင်အောင် အော်ရယ်မိတော့သည်။

ရွယ်ယွိက ညီမဖြစ်သူ၏ မျက်နှာနုနုလေးကို ဖျစ်ညှစ်လိုက်သည်။ 

“ကောင်းပြီလေ ဒါဆို အားလုံး တူတူလုပ်ကြတာပေါ့”


ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးOpowieści tętniące życiem. Odkryj je teraz