အပိုင်း ၁၀၉
လူတိုင်းက အချင်းချင်း ကစားကာ စနောက်နေကြပြီး မိသားစုက ပေါင်းစည်းမှုအသစ်နှင့် ပိုကျင့်သားရသွားကြသည်။
ရက်များ ကုန်ဆုံးသွားကာ အချိန်အတော်ကြာ စောင့်နေသော နှစ်သစ်ကူးအကြိုက ရောက်ရှိလာတော့သည်။
ရွယ်ယွိက ပင်ပန်းနွမ်းနယ်နေသော ညီမလေးနှင့် အပေါ်ထပ်မှ ဆင်းလာသည်။ "မေမေ၊ ဦးဦးရွှီ၊ ဖွားဖွားက သားတို့ နှစ်သစ်ကူးအကြို ညစာစားဖို့ သူတို့အိမ်ကို လာသင့်တယ်လို့ပြောတယ်"
လျို့ဟွားက ရွှီယိ၏ပခုံးပေါ် ပျင်းရိစွာလှဲနေသည်
"အားယန်က ဘာဖြစ်တာလဲ? သူ့ကြည့်ရတာ အားမရှိတဲ့ပုံပဲ!"
ရွယ်ယန်က သူမအစ်ကို၏ပွေ့ဖက်မှုထဲ လုံးဝတိုးဝင်သွားပြီး သူမ၏လက်ကလေးက သူ့ပခုံးပေါ်တင်ထားကာ ရှေ့နောက်လွှဲယမ်းနေ၏။
ရွယ်ယွိက ကလေးမလေးကို ဆိုဖာဆီခေါ်သွားပြီး သူမဘာသာ ထိုင်ခွင့်ပြုသော်လည်း ကလေးမလေးက လှိမ့်သွားပြီး ဆိုဖာပေါ်လှဲလိုက်တော့သည်။
"အားယန်က မုန့်စားချင်နေပြီး သားတို့က သူ့ကို စားခွင့်မပေးလို့ သူကဒီလိုမျိုး ဖြစ်နေတာ"
လျို့ဟွားက သူမ၏မျက်လုံးများကို မှေးလိုက်ပြီး ကလေးမလေးကို ညင်သာစွာကန်လိုက်သည်။ "အားယန်၊ အဲ့လိုမလုပ်နဲ့!"
ရွယ်ယန်က ထလာကာ သူမအမေ၏ခြေထောက်ကို ဖက်လိုက်သည်။ "မေမေ၊ သမီး ဂျယ်လီစားချင်တယ်! နောက်ပြီး အာလူးကြော်ရောပဲ!"
လျို့ဟွားက ကလေးမလေး၏ပါးကို ဆွဲဆိတ်လိုက်၏။ "သမီးအစ်ကိုနဲ့ မေမေတို့က နှစ်သစ်ကူးအကြိုညစာအတွက် ဖွားဖွားအိမ်ကိုသွားမှာမို့ သမီးအခု မုန့်စားလို့မရဘူး"
ရွယ်ယန်က စိတ်ပျက်ပျက်နှင့် သက်ပြင်းချလိုက်သည်။ "ဟုတ်..."
