၉၅
5.6K 974 28
အပိုင်း - ၉၅
~~~~~~~~~
သူမထိုင်နေသည့်နေရာလေးကလည်း မျက်စိတစ်မှိတ်အတွင်း ပါသွားပီလေ။ ယန်ရှုယွီသည် ဘေးမှာရပ်နေပီး အခုထိထိုင်စရာနေရာမရသေးသည့် ဇာတ်လိုက်ပေါက်စလေးကို ကြည့်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာပီးနောက်တော့ ယန်ရှုယွီသည် လက်လျော့လိုက်ဖို့ ဆုံးဖြတ်လိုက်ကာ "နည်းပြဆရာလျို့နဲ့လည်း ကျွန်မ ပြောစရာရှိတာတွေ ပြောပီးသွားပီဆိုတော့ အလုပ်ပြန်လုပ်လိုက်ဦးမယ် ရှင်တို့အေးအေးဆေးဆေးစကားပြောနှင့်ကြပါ"
ထိုကဲ့သို့သူမပြောပီး ဟိုဖက်က ဘာမှပြန်မပြောလာနိုင်ခင်မှာပဲ သူမလှည့်ထွက်သွားဖို့လုပ်လိုက်သည်။ သို့ပေမယ့် သူမခြေလှမ်း၂လှမ်းလောက်ပဲလှမ်းရသေးသည်။ သူမအား နူးညံ့ဖောင်းအိနေသည့်လက်လေးတစ်ဖက်က သူမကို ဆွဲထားသည်လေ။ ယန်ရှုယွီလှည့်ကြည့်လိုက်တော့ ဇာတ်လိုက်လေးက သူ့၏ချစ်စရာကောင်းသော မျက်လုံးဝိုင်းဝိုင်းလေးတွေနှင့်မော့ကြည့်နေပီး သူမကို နှုတ်ဆက်လာသည်။ "အန်တီယန်"
"အိုး ဟိုင်း ကလေးလေး" နည်းနည်းကြာသွားပီဆိုပေမယ့် ဇာတ်လိုက်ပေါက်စလေး ဘယ်လောက်တောင်ချစ်ဖို့ကောင်းတယ်ဆိုတာကို သူမမှတ်မိနေသေးသည်။ ဒါပေမယ့်လည်း သူမသည် လှည့်ထွက်သွားဖို့ စိတ်ဆုံးဖြတ်ပီးသွားပီဖြစ်တာကြောင့် အခုလိုဆွဲဆောင်မှုမျိုးကို တောင့်ခံလိုက်ဖို့ ရွေးချယ်လိုက်သည်။ သူမသည် ကလေးလေး၏ခေါင်းကို ပုတ်ပေးလိုက်ပီး သာမန်အတိုင်းဘာမှအရေးမကြီးသလို စိတ်မဝင်စားသည့်လေသံဖြင့်ပြောလိုက်သည်။ "ခုံမှာထိုင်နေနော် ခဏနေကြရင် အန်တီက အရသာရှိတဲ့မုန့်တွေယူလာခဲ့ပေးမယ်"
"သားဗိုက်မဆာဘူး" ဟု ကျိုးယိက ခေါင်းခါပီး ပြန်ပြောလာသည်။ သူသည် ယန်ရှုယွီကိုသာ မျက်တောင်မခတ်ပဲ ဆက်ကြည့်နေသည်။ မျက်လုံးထဲတွင် ရှက်ရွံ့သည်အရိပ်ယောင်အနည်းငယ်လေးဖြင့် သူမကို ပြောလာသည်။ "သား "ဖားကလေးခုန်ခုန်"ကို လေ့ကျင့်ထားပီးပီ"
ယန်ရှုယွီသည် ရုတ်တရပ်ဆိုတော့ ဘာပြောရမှန်းမသိဖြစ်သွားသည်။ သူမဖက်ကနေပီး "အိုး အရမ်းကောင်းတာပေါ့"ဆိုပီး ပေါ့ပေါ့ပါးပါးလေးပဲ ပြန်တုံ့ပြန်လိုက်ချင်ပေမယ့် ဇာတ်လိုက်လေး၏အမူအရာကင်းမဲ့နေသည့် မျက်နှာလေး၏နောက်ကွယ်တွင် အနည်းငယ်စိတ်လှုပ်ရှား မတည်မငြိမ်ဖြစ်နေတာကို ဖုံးကွယ်ထားမှန်း သူမသတိထားမိလိုက်သည့်အတွက် ဒီကလေးဘာပြောချင်နေလဲဆိုတာကို သူမရုတ်တရပ်နားလည်သွားသည်။ "သားတီးပြတာကို အန်တီကို နားထောင်စေချင်လား?"