၁၀၂
5.4K 782 8
အပိုင်း ၁၀၂
~~~~~~~~~~
လွန်ခဲ့သည့်ရက်အနည်းငယ်က ဘော့စ်ကျိုးဖက်ကနေပီး သူမကိုအလုပ်ကမ်းလှမ်းလာတုန်းက ယန်ရှုယွီသည် ဒီစိတ်ယိုင်ချင်စရာကောင်းသည့်ကမ်းလှမ်းမှုကို စိတ်မနည်းပိုင်းဖြတ်ပီိး ငြင်းပယ်ခဲ့တာဖြစ်သည်။ ဒါပေမယ့် သူမစိတ်ထဲခံစားလိုက်ရတာကတော့ ဒီအပိုင်းက ဘော့စ်အတွက် ဘာမှမဟုတ်သည့်အရာလေးတစ်ခုဆိုတာပင်။ ဘာပဲဖြစ်ဖြစ် အရေးပါသည့်မိသားစုတစ်ခုက CEOတစ်ယောက်က မိနစ်တိုင်းတွင် မီလျံပေါင်းများစွာ၏အတက်အကျကို ထိန်းချုပ်နေရတာလေ။
နောက်ပီး ယန်ရှုယွီတွေးမိသည်က သူမစိတ်ကူးယဉ်မှုတွေက သူမရဲ့ဆင်းရဲသည့်အခြေအနေကြောင့် အကန့်အသတ်များရှိသွားသလားလို့ပင်။ သူမစိတ်ထဲမှာရှိသည့်ပမာဏကတောင် ဘော့စ်လိုအဆင့်အတန်းနဲ့လူမျိုးကို စော်ကားရာများရောက်သွားလောက်မလား? ဘော့စ်ကျိုးလို အချိန်ကောဦးနှောက်ကော တန်ဖိုးရှိသည့်သူတစ်ယောက်အတွက် ဒီလိုဘာမဟုတ်သည့်ကိစ္စလေးကို စိတ်ထဲထားနေဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ဘော့စ်စိတ်ထဲထားနေဖို့ဆိုတာကို သူမဖက်ကနေပီး နှစ်သန်းပေါင်းများစွာကြာသွားရင်တောင် စိတ်မကူးသလို ဒီနေ့အကုန်လုံးရှေ့တွင် ဒီအကြောင်းကိုထုတ်ပြောလာသည်က သူမကို လူတွေစိတ်ထဲပိုမြင်သာသွားအောင် လုပ်လိုက်တာဖြစ်သလို နောက်တော့လည်း ဒီအကြောင်းဘာမှဆက်မပြောပဲ ပြန်သွားတာပဲလေ။
ကျိုးချင်းဟယ်ကတောင်ပြန်သွားပီ။ သူသာဒီမှာဆက်ရှိနေရင် ထိုလူ၏ရည်ရွယ်ချက်က ဘာလဲဆိုတာကို ယန်ရှုယွီမေးကြည့်ချင်ပါသေးသည်။
သူမဘော်ဒါတွေ ဘယ်လောက်တောင်မှစိတ်စောနေကြလဲဆိုတာသာ ကြည့်ပါလား။ တကယ်လို့သူမသာအမှန်အတိုင်းပြောပြလိုက်ရင် နောက်တစ်ရက်တောင်အသက်ရှင်ပါ့ဦးမလားဆိုတာကို သူမစိတ်ပူမိလာသည်။ ဒါကြောင့် သူမသည် ခဏလောက်တိတ်နေပီးမှ ဒီခေါင်းစဉ်က သူမနှင့်မဆိုင်သလိုပြောလိုက်သည်။ "ဖြစ်နိုင်တာကတော့ ငါ့ဖက်က သူ့ကို ငြင်းလိုက်လို့ စိတ်ခုသွားတာနေမှာပေါ့"
စက္ကန့်အနည်းငယ်လောက်တိတ်သွားကြပီးတော့ ဘော်ဒါလေးတွေသည် အစောနကထက်ပိုပီး ပြင်းပြင်းထန်ထန်တွေဖြစ်လာကာ "အဲ့ဒီတော့ ဘော့စ်ကျိုးက နင့်ကိုလိုက်ပိုးပန်းနေတယ်ဆိုတာ အခု နင်ဝန်ခံပီမလား?"