၇၅
7.6K 1.2K 19
အခန်း (၂၂.၃)
~~~~~~~~~~~~~~
မန်နေဂျာရန်သည် ဒါကို ကြားသည့်အခါ အရမ်းစိတ်လှုပ်ရှားသွားပုံမပေါ်ပေ။ ထိုအစား သူသည် ပြန်တုံ့ပြန်လိုက်သည်။ "မင်းအလုပ်စစဝင်တုန်းကလည်း အဲ့လိုပြောခဲ့တာပဲ ကိုယ်စောင့်နေတာ တစ်လလုံးလုံးရှိပီ အဲ့တော့ ဒီညနေစာက နောက်နှစ်မှစားရမှာလား?"
ယန်ရှုယွီ "............."
ထိုတစ်ခေါက်က ပြောခဲ့ဖူးတာကို သူမမေ့သွားပုံပင်။
သူမသည် ချက်ချင်းပဲ ရင်ဘက်ကို ပုတ်ကာ အရမ်းကိုလေးနက်သည့်လေသံဖြင့် "အိုကေ ဒါဆိုရင် ကျွန်မတို့ အဲ့ညနေစာ၂ခုကိုပေါင်းပီး ပိုကောင်းတဲ့စားသောက်ဆိုင်ဆီ ရှင့်ကို ခေါ်သွားမယ် ရှင်အဆင်ပြေတဲ့အချိန်သာရွေးလိုက် အဲ့လိုဆိုရင် ဘယ်လိုလဲ?"
သူမသည် ချို့တဲ့သွားသည့်အလျောက် ကပ်စေးကုပ်တစ်ယောက်ဖြစ်လာသည့်အတွက် ယန်ရှုယွီမှာ ထိုသို့သာပြောနေပေမယ့် သူမနှလုံးသားလေးကတော့ နာကြင်နေသည်လေ။ဒါပေမယ်လဲ ဟိုဘော့စ်ကြီးဆီကနေ ဒီနေ့ရလိုက်သည့် အကျိုးအမြတ်တွေကို ပြန်သတိရသွားသည့်အတွက် မန်နေဂျာရန်အတွက် ပိုက်ဆံအနည်းငယ်ကုန်သွားလဲ အဆင်ပြေလောက်သည်။ သူမကတောင် ပိုအကျိုးအမြတ်များသေးသည်လေ။ ထိုသို့ အဆုံးသတ်အနေဖြင့်တွေးပီးသွားသည့်အခါမှာတော့ သူမသည် သူမ၏ဆုံးဖြတ်ချက်အပေါ် ပိုပီးစိတ်သက်တောင့်သက်သာဖြစ်သွားတော့သည်။ ရန်ကျီဖန်သည် သူမ၏အတည်ပေါက်မျက်နှာကို ကြည့်ရင်း ရုတ်တရပ်အကျယ်ကြီးအော်ရယ်လိုက်ကာ "ကိုယ်က နောက်နေတာပါ အတည်ကြီးပြောနေတယ်လို့ မင်းထင်နေတာလား?"
ယန်ရှုယီ "....."
"ဟေး ဒါနဲ့ စကားမစပ်" လို့ ရန်ကျီဖန်သည် လေးနက်သည့်အကြည့်ဖြင့်ပြောလာသည်။
ယန်ရှုယွီဖက်ကလည်း ရွေးစရာမရှိတော့ပဲ သူမ၏အတွေးတွေကို ခဏထားလိုက်ပီး နားထောင်လိုက်သည်။ "ဘာပြောမလို့လဲ?"
"နေ့လည်တုန်းက ကိုယ့်တူမလေးနဲ့ ကစားရ​အောင် ယွမ်ပေါင်ကို ခေါ်သွားတာ ဒါပေမယ့် ဖြစ်ချင်တော့ ဆရာမလင်းက ဒီအပတ်ထဲမှာ ကိစ္စလေးရှိလို့ သူမအတန်းချိန်ကို ဒီနေ့အစားထိုးယူလိုက်တာ အဲ့ဒါကြောင် ယွမ်ပေါင်လဲ အတန်းချိန်မှာ အတူလိုက်ထိုင်တယ်လေ ဆရာမလင်းက ကိုယ့်ကိုနောက်မှပြောပြတာ သူမက ဂီတတူရိယာစတိုးကိုလည်းဖွင့်ရင်း သူမအတန်းဖော်တွေနဲ့အတူ ဂီတကျောင်းကို စဖွင့်ဖို့ပြင်နေတယ်တဲ့ နောက်ပီး သူမက ယွမ်ပေါင်ကို စံပြကျောင်းသားအဖြစ် ဝင်ကြေးကျောင်းလခပေးစရာမလိုပဲ လေ့ကျင့်ပေးချင်တယ်တဲ့ သူတို့ဖက်ကနေပီး ပြိုင်ပွဲတွေကိုလည်း အကုန်လုံးအကုန်ကျခံပီး လျှောက်ပေမယ်တဲ့ အဲ့ဒါကို မင်းဖက်က စိတ်ဝင်စားလားဆိုပီး ကိုယ့်ကို မေးခိုင်းလိုက်တယ်"