အခန်း (၁၄) - ရေခဲတုံးဇာတ်လိုက်လေးက တကယ်တော့ cutiepie လေးပဲ
Sunshine Houseသို့ ကျိုးချင်းဟယ် ဒုတိယအကြိမ်ရောက်သွားခဲ့တာကလည်း နေ့လည်ခင်းမှာပဲဖြစ်လေသည်။ ဒါပေမယ့် ဒီတစ်ခေါက်က ပိတ်ရက်လဲဖြစ်နေတာကြောင့် ဆိုင်သည် ပုံမှန်ထက် လူများနေသည်။ ယန်ရှုယွီသည် အနောက်မှာပဲ အပါးခိုနေလို့မရတော့ပေ။ ဒါကြောင့် သူမသည် ထိုသားအဖကို ချက်ချင်းပဲ မျက်မှန်းတန်းမိသွားသည်။
ဇာတ်လိုက်လေးသည် သူ့အဖေဖြစ်သူနှင့် သိပ်တော့မတူပေ။ စာအုပ်ထဲတွင် ဇာတ်လိုက်ကို သရုပ်ဖော်ပြထားတာကတော့ ceoဝတ္ထုတွေထဲတွင် ပါနေကြဇာတ်ကောင်လိုမျိုး အေးစက်စက်ဘော့စ်တစ်ယောက်ဖြစ်သည်။ တဖက်က သူ့အဖေဖြစ်သူကတော့ နေ့တိုင်းသိုးရည်ခြုံထားသည့်ဝံပုလွေတစ်ကောင်ဖြစ်သည်လေ။ သူ့ပုံစံက ခင်မင်နှစ်လိုဖွယ်ကောင်းသလိုမျိုး လူတိုင်းကို အထင်မှားစေလောက်သည်။ ဒါကြောင့်ပဲ အမြဲတမ်းမျက်နှာသေနှင့်နူးညံ့ခြင်းကင်းမဲ့နေသောဇာတ်လိုက်ထက်စာလျှင် နူးညံ့ပီးရင်းနှီးလွယ်သည့်မိထွေးပါသားဖြစ်သူက ကျိုးချင်းဟယ်နှင့်ပိုပီး ဆင်တူနေသည်။ ဇာတ်လိုက်၏မှတ်ဉာဏ်ထဲတွင်တော့ သူနှင့် မိထွေးပါသားတို့ကို ခနခနမှားယွင်းနေကြသည်မှာ သူ့အတွက် မထူးဆန်းတော့သည်အရာဖြစ်နေပီလေ။
ဒီလိုမျိုး ကျိုးချင်းဟယ်နှင့်ကျိုးယွမ်ကျားတို့ရင်းနှီးနေမှုကို တွေ့မြင်ကြသည့်သူတွေ စတင်ပီးတီးတိုးပြောလာတာကတော့ ကျိုးယွမ်ကျားသည် ကျိုးချင်းဟယ်၏တရားမဝင်သားဖြစ်နိုင်ပီး ဒီကလေး၏အမေသည်လည်း ကျိုးအိမ်တော်ထဲဝင်နိုင်လောက်သည်အထိ တော်တော်လေးအဆက်အသွယ်ကောင်းရှိသည်ဟုပင်။ ဒါကြောင့် ဇာတ်လိုက်နှင့်ဗီလိန်တို့နှစ်ယောက် အသက်တွေကြီးလာပီး အမွေဆက်ခံခွင့်ကို ပြိုင်ဆိုင်ကြသည့်အခါတွင်လည်း လူတော်တော်များများက ဗီလိန်ဖက်ကနေ လောင်းကြေးထပ်ကြသည်။
စာအုပ်တစ်ခုလုံးကို အပီးထိဖတ်ထားပီးသောယန်ရှုယွီသည် ဒီလိုအခြေအနေအတွက် ကြိုပီးပြင်ဆင်ထားပီးဖြစ်သည်။ သူဌေးကြီး၏ဘေးတွင် မျက်နှာသေဖြစ်ရပ်နေသောကောင်လေးကိုကြည့်လိုက်ပီး သူမအနည်းငယ် အံ့အားသင့်သွားသည်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူမကောင်းကောင်းမွန်မွန်တွေးခေါ်နိုင်သေးသည်လေ။ ဒါလေးက ဒဏ္ဍာရီလာဇာတ်လိုက်လေးပေါ့လေ။
YOU ARE READING
RomanceAuthor(s) 清越流歌 Status in COO 100 Chapters + 3 Epilogues (Complete) English Translator(s) Fuyu Neko Fringe Alpaca Bamboo Spirit Fringe Manatee If you want to read original English translation, you all can read at novelupdates. Here link: https://www...