၀၄
12.2K 1.6K 21
အခန်း (၂.၁) - ရှက်စရာကောင်းသောအပြုအမူ (၁)
ယန်ရှုယွီသည် ထိုမှုခင်းနေရာကနေလျင်မြန်စွာထွက်လာပီး ဓါတ်လှေကားအလွတ်တစ်ခုဆီသို့ ပြေးဝင်လိုက်သည်။ ပြောင်ချောနေသည့်သတ္တုတံခါးပိတ်သွားသည့်အခါမှသာ သူမသည် အနည်းငယ်စိတ်သက်သာရာရသွားတော့သည်။ သူမသည် ဓါတ်လှေကားအတွင်းနံရံကိုမှီနေလိုက်ပီး မျက်လုံးကိုမှိတ်ကာ သက်ပြင်းရှည်ကြီးကို ချလိုက်သည်။
သူမအတွက်ကတော့ အခုလိုမျိုးဗီလိန်မိထွေးအဖြစ် ဘဝကူးပြောင်းလာသည်ကို အခုထိမယုံနိုင်သေးပေ။ အဆုံးသတ်မလှသည့်ဇာတ်သိမ်းတစ်ခုတည်းကြောင့်မဟုတ်ပဲ ဒီဗီလိန်မိထွေး၏အခန်းသည် ဝတ္ထုထဲတွင် ပါသည်ဆိုရုံမျှပင် ဖြစ်သောကြောင့်ဖြစ်သည်။ အများဆုံးကတော့ သူမသည် ရှေ့ပိုင်း၃ခန်းလောက်သာပါသည့် အမြောက်စာအရံဇာတ်ကောင်လေးဖြစ်သည်။
မိထွေးသားအမိ ဒီဇာတ်လမ်းတွင်ပါလာသည့်အကြောင်းအရင်းက ဇာတ်လိုက်ကိုစိတ်ဓါတ်ပြတ်သားမာကျောလာစေပီး တဖြေးဖြေးနှင့် အင်အားကြီးမားသော အများကလေးစားကြောက်ရွံ့ရသည့် ဥက္ကဌတစ်ဦးဖြစ်လာစေရန် အတွက်သာ။ ဒါပေမယ့် ဒါတွေအားလုံး၏ရည်ရွယ်ချက်က ဘာများပါလဲ? ဇာတ်လမ်းစသွားပီဆိုသည်နှင့် ဇာတ်လိုက်သည် သူအဖေ၏ထောက်ခံချက်ကိုအောင်အောင်မြင်မြင်နှင့်ရယူနိုင်ပီး ဥက္ကဌအသစ်အဖြစ် သူ့အဖေနေရာကိုဆက်ခံနိုင်သွားသည်။ အဲ့ဒီလိုပဲ မိထွေးသားအမိသည်လည်း သူတို့၏ကျရာနေရာကိုပြည့်ပြည့်စုံစုံဖြည့်စည်းပေးပီး အရိုအသေပေးကာ စင်ပေါ်ကနေဆင်းပေးသွားရသည်။ ထိုတစ်လျှောက်လုံး ဗီလိန်မိထွေးသည် နာမည်လေးတောင်မှအပေးခံရခြင်းမရှိပေ - သူမသာ ဒီကိုကူးပြောင်းလာခြင်းမရှိပါက သူမနှင့်ဒီဗီလိန်မိထွေး၏နာမည်မှာ တူနေသည်ဆိုတာကိုတောင် ယန်ရှုယွီ လုံးဝသိသွားမည်မဟုတ်။
ဒီလိုသာဖြစ်လာမည်မှန်းသူမကြိုသိထားမိပါက စာအုပ်ဖတ်နေတုန်းတွင် ဇာတ်လိုက်၏ဆုံးဖြတ်ချက်ပြတ်သားမှု သွေးအေးရက်စက်မှုတွေကို သူမလက်ခုပ်တီးပီးပျော်ပေးဖြစ်မည်မဟုတ်။
အခုလိုသူမကူးပြောင်းလာရပေမယ့်လည်း ဒီလိုဇာတ်လမ်းမျိုးတွေကြိုက်သည့်သူမသည် နာမည်တောင်မရှိသည့်အရံဇာတ်ကောင်လေးနေရာကိုရောက်လာရသည်ကိုတော့ တော်တော်လေးစိတ်ပျက်မိသည်။ သူမကိုဘာကစိတ်အပျက်ဆုံးလဲဆိုတာကတော့ သူမ၏ရွှေရောင်နေ့ရက်များကို ထောင်ထဲတွင်ကုန်ဆုံးသွားရမည့်အချက်ကိုမဟုတ်ပဲ သူမ၏လက်ရှိအခြေအနေကိုဖြစ်သည် - လောလောဆယ်နဂိုပိုင်ရှင်သည် အလွန်တရာကိုမှ မွဲတေနေသည့်ဘဝကိုရောက်နေသူဖြစ်သည်။