အပိုင်း (၁၈၀)
~~~~~~~~~ယန်ရှုယွီအသင့်ဖြစ်သည့်အချိန်ရောက်တော့ ကလေးလေးနှစ်ယောက်က ရုပ်ရှင်သွားကြည့်ပီးနောက် ဂိမ်းစင်တာမှာ အရုပ်သွားကောက်ကြရန် ပျော်ပျော်ကြီးဆုံးဖြတ်လိုက်ကြပီလေ။
သူမစိတ်ထဲတွင်တော့ ရုပ်ရှင်သွားကြည့်တယ်ဆိုတာက သာမန်အပြင်ထွက်လည်တာမျိုးသာဖြစ်သည်။ ဘော့စ်နှင့်အတူသွားကြည့်ဖူးရုံမက မန်နေဂျာရန်နှင့် ကော်ဖီဆိုင်မှ သူမ၏တစ်ခြားဘော်ဒါလေးတွေနှင့်လည်း အကြိမ်ပေါင်းများစွာ သွားဖူးထားသည်။ သူမသားနှင့်လည်း မရေတွက်နိုင်အောင် ရုပ်ရှင်အတူသွားကြည့်ဖူးသည်။ ဒီလိုမျိုးကြောင့် သူမတို့လေးယောက်ရုပ်ရှင်အတူသွားကြည့်မှာကို သူမဖက်ကဘာမှမဖြစ်မိပေ။
ကလေးလေးက အသိပေးလာသည့်အခါမှာတော့ သူမသည် 'အိုကေ'ဆိုသည့် လက်သင်္ကေတကို လုပ်ပြလိုက်သည်။
နောက်တော့ တစ်ဖက်ကနေပီး ဘော့စ်၏အသံကို သူမကြားလိုက်သည်။ "မင်းတို့နှစ်ယောက်လုံးသွားဖို့အသင့်ဖြစ်ပီလား? နောက်၂မိနစ်လောက်ဆိုရင် ကိုယ်တို့အောက်ကိုရောက်လောက်ပီ"
သူ့မေမေကအပေါ်ထပ်ကိုဝတ်ကာ ပိုက်ဆံအိတ်ကိုကိုင်လိုက်တာမြင်လိုက်ရတာ့ အတွေ့အကြုံရှိပီးသား ကျန်းယွမ်ကျားသည် အသံကျယ်ကျယ်လေးဖြင့် ပြန်ဖြေလိုက်သည်။ "သားတို့အဆင်သင့်ပဲ!"
နောက်တော့ သူသည် သူ့ဘော်ဒါလေးကို ဘိုင့်ဘိုင်လို့ပြောပီး ဖုန်းချလိုက်သည်။ သူ့မေမေလက်ကိုကိုင်ကာ သားအမိနှစ်ယောက် အောက်ထပ်သို့ လျင်မြန်စွာဆင်းသွားတော့သည်။
ယန်ရှုယွီသည် နည်းနည်းပိုကောင်းမွန်အောင် ဝတ်စားထားသည်။ ပထမဆုံးအကြိမ်ဖြင့် သူမသည် ဂါဝန်ရယ် ဒေါက်ဖိနပ်ရယ်ကို ဝတ်ဆင်ထားသည် – သူမအရင်ဘဝတုန်းက ဂါဝန်ဒီဇိုင်းမျိုးစုံကို ဝတ်ဆင်ရတာ အတော်လေးသဘောကျပေမယ့် သူမကူးပြောင်းလာပီးကတည်းက သူမသည် ကလေးအမေငယ်ငယ်တစ်ယောက်ဖြစ်လာတာကြောင့် ပိုက်ဆံရှာဖို့သာ အာရုံစိုက်ထားသည်။ သူမအလုပ်လုပ်ရင်လုပ် မဟုတ်ရင် ကလေးထိန်းနေရတာကြောင့် ဖိနပ်အပါးနှင့်ဂျင်းဘောင်းဘီက အရမ်းကိုလွယ်ကူစေသည်။ အချိန်ကြာလာတာနှင့်အမျှ ဂါဝန်ဝတ်ရတာ ဘယ်လိုမျိုးလဲဆိုတာတောင် သူမမေ့ချင်ချင်ဖြစ်နေပီ။ ဒီနေ့ ဒေါက်ဖိနပ်လေးဖြင့် သူမမှန်ရှေ့ရပ်လိုက်သည့်အခါမှာတော့ သူမက အရမ်းကိုရင်သက်ရှုမောဖွယ်ပင်။ သူမဒီလောက်လှနေတာက တရားမဝင်ဘူးလို့တောင် သူမခံစားနေမိသည်။
VOCÊ ESTÁ LENDO
RomanceAuthor(s) 清越流歌 Status in COO 100 Chapters + 3 Epilogues (Complete) English Translator(s) Fuyu Neko Fringe Alpaca Bamboo Spirit Fringe Manatee If you want to read original English translation, you all can read at novelupdates. Here link: https://www...