၁၃၀
3.9K 569 5
အပိုင်း (၁၃၀)
သူမအချိန်တွေကို ဘော့စ်က အများကြီးယူလိုက်တာကြောင့် ယန်ရှုယွီမှာ အချိန်သိပ်မကျန်တော့ပဲ ရေချိုးခန်းကို တန်းသွားလိုက်ကာ မိတ်ကပ်ကို မြန်မြန်ဖျက်လိုက်ပီး ရေချိုးကာ အသားရေထိန်းသိမ်းတာကို လုပ်လိုက်သည်။ ဒါတွေအကုန်လုံးစုစုပေါင်းကိုမှ မိနစ်၂၀တောင် မကြာလိုက်ပေ။ သူမသည် အိပ်ယာထဲဝင်လိုက်ပီး ကောင်းသောအိပ်စက်ခြင်းထဲ ဝင်ရောက်ရန်ရှိသေးသည်။ အိပ်ယာပေါ်ကနေ ဆက်ကနဲပြန်ထလိုက်သည် – ဘော့စ်ကနေပီး သူမကို ပြန်လိုက်ပို့တုန်းက သူမမှာ အရမ်းကောင်းမွန်တဲ့အခွင့်အရေးရှိခဲ့တာကို။ ဘာကြောင့်များ သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာကို မမေးမိခဲ့လိုက်ရတာလဲ?
နောက်တော့ သူမသည် အိပ်ယာထဲပြန်လှဲချလိုက်သည်။ ဘော့စ်နှင့်သူမကြားက နောက်ဆုံးပြောခဲ့သည့်စကားကို ပြန်တွေးကြည့်နေရင်း နောက်ထပ်တစ်ကြိမ် အကောင်းဖက်ကိုသာ တွေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမဖက်ကနေပီး ဘော့စ်ကို အတိအလင်းငြင်းပယ်လိုက်ပီးပီလေ။ နောက်ပီး သူမဖက်ကနေလည်း သူ့ကို ငြင်းပယ်ပိုင်ခွင့်ရှိတယ်ဆိုတာကိုလည်း ဘော့စ်က သဘောတူသွားပီးပီလေ။ အဲ့ဒီတော့ သူ့ဖက်ကနေပီး လက်တွေ့ကို နောက်ဆုံးတော့ လက်ခံလိုက်ပီလို့ ဆိုလိုတာပဲဖြစ်ရမည်။
ပြန်တွေးကြည့်ရင် ဘော့စ်ကျိုးဆိုတာက အရမ်းထူးချွန်သည့်ယောက်ျားတစ်ယောက်ဖြစ်ပီး သူ့ကို စိတ်ဝင်စားနေသည့်အမျိုးသမီးလေးတွေကလည်း တန်းစီပီးရှိနေလောက်မှာက အိမ်ရှေ့ကနေပီး ပစိဖိတ်သမုဒ္ဒရာကြီးလောက်ထိ ရှည်လျားလောက်မည်။ သူ့အတွက် မိန်းကလေးမရှားပေ။ သာမန်ဘာမှမဟုတ်သည့်လူတစ်ယောက်လို မိန်းကလေးတစ်ယောက်အပေါ် သူ့အနေနှင့် အချိန်တွေအများကြီး အကုန်ခံနေဖို့ မလိုအပ်တာ သေချာသလောက်ပဲ။
နောက်ပီး သူမဖက်က အတိအလင်းငြင်းလိုက်တဲ့အချိန်မှာတောင် သူ့ဖက်က သူမအပေါ် ခင်ခင်မင်မင်သာ ဆက်ပီးဆက်ဆံပေးကာ တကယ့်လူကြီးလူကောင်းအတိုင်း သူမကို အိမ်အထိတောင် လိုက်ပို့ပေးသေးသည်လေ။ ဒီအချက်တွေအားလုံးကနေပီး ညွှန်ပြနေတာကတော့ ဘော့စ်မျက်လုံးထဲတွင် သူမက အဲ့လောက်ကြီးအရေးကြီးသည့်သူမဟုတ်ဘူးဆိုတာပင်။ အစပိုင်းတုန်းက သူ့ဖက်ကနေပီး သူမအပေါ် နောက်ပြောင်ကစားသွားခဲ့တာနှင့်ပတ်သတ်ပီးကတော့ သူမဖက်က မရိုးသားခဲ့တာကြောင့် အပြစ်ပေးတာပဲဖြစ်လောက်မည်။ အစပိုင်းတုန်းက သူမသုံးခဲ့သည့် ရူးကြောင်ကြောင် အကြောင်းပြချက်တွေအားလုံးကို ထက်မြတ်သည့်ဘော့စ်တစ်ယောက်အနေနှင့် တစ်လျှောက်လုံး ထွင်းဖောက်မြင်နေပီးသား ဖြစ်လောက်မည်ဖြစ်ကာ တူညီသည့်နည်းလမ်းကို သုံးပီး သူမကို အပြစ်ပေးဖို့ ဆုံးဖြတ်လိုက်တာပဲဖြစ်ရမည်။