အခန်း (၉.၁) - မိုးပေါ်ကကျလာတဲ့ငွေထုပ်
မန်နေဂျာချန်မှ ဖုန်းလက်ခံရသည့်အချိန်၌ ယန်ရှုယွီသည် သူမအလုပ်ထဲတွင်ရောက်နေတုန်းဖြစ်သည်။ အရမ်းသိချင်နေကြလို့ လိုက်နားထောင်နေသည့်ရန်ကနေ သူမ မလွတ်မြောက်နိုင်ပေ။ သူမလက်ရှိလုပ်ဖော်ကိုင်ဖက်အသစ်တွေအားလုံးက သူမသည် အရင်အလုပ်တွင် သူမအရင်လက မထုတ်ရသေးသည့်လစာကို သွားထုတ်ရတော့မည်ဆိုတာ သိသွားသည်။ အကုန်လုံးက သူမအတွက် အားလဲကျ ပျော်လဲပျော်နေကြသည်။ “ယန်ယန် မင်းအရင်အထက်လူကြီးက အရမ်းသဘောကောင်းတာပဲ သူမက မင်းအတွက် တော်တော်လေးကြိုးစားပေးထားတယ်ထင်တယ်”
“ဒါပေမယ့် မနက်ဖြန်က ပိတ်ရက်လေ ယွမ်ပေါင်လေးက ကျောင်းမှမရှိတာ ရှင်အဆင်ပြေပါ့မလား”
သူမအလုပ်ဝင်တာရက်အနည်းငယ်ပဲရှိသေးပေမယ့် ယန်ရှုယွီသည် သူမ၏လုပ်ဖော်ကိုင်ဖက်အသစ်တွေနှင့် သူငယ်ချင်းတွေလိုမျိုးရင်းနှီးနေပီဖြစ်သည်။ အရင်ဟိုတယ်မှာတုန်းကထက်စာရင် ဒီအခြေအနေက တော်တော်လေးပိုကောင်းသည်လေ။ သူမအခုလိုရုတ်တရပ်ပေါ်ပြူလာဖြစ်လာမယ်လို့ သူမ မထင်ခဲ့ပေ။ သူမ အခုလုပ်ဖော်ကိုင်ဖက်တွေနှင့် အကျွမ်းတဝင်ဖြစ်သွားတာက ဒီပတ်ဝန်းကျင်အနေအထားသည် သူမအရင်က ကျင့်သားရခဲ့သည့်အနေအထားလိုပင်။ အရမ်းကြီးလှုပ်ရှားရုန်းကန်နေရသူတွေလည်းမရှိသလို အကောက်ကြံတာတွေ နောက်ကျောဓါးထိုးတာမျိုးတွေလဲ မရှိပေ။ ဒါ့ပြင် ဒီမှာရှိသည့်မိန်းကလေးတွေအားလုံးက အသက်နှစ်ဆယ်ဝန်းကျင်တွေပဲဖြစ်သည်။ သူတို့သည် အသက်လဲသိပ်မကွာကြတာကြောင့် စိတ်ဝင်စားသည့်အရာတွေတူကြသည်။ ထို့ကြောင့် သူမသည် သူတို့နှင့် ချက်ချင်းကို ရင်းရင်းနှီးနှီးဖြစ်သွားရခြင်းဖြစ်သည်။
သူမထက်စာလျှင် သူမသားလေကမှ တကယ့်ကို ချစ်စရာလေးဖြစ်နေသည်။ ယန်ရှုယွီသည် မန်နေဂျာယမ်ပြောသည်အတိုင်း သူမသားမူကြိုဆင်းသည်နှင့် ဒီဆိုင်ကို ပျော်ပျော်ကြီးခေါ်လာခဲ့တာဖြစ်သည်။ သူတို့သည် ဆိုင်ပိတ်ချိန်ထိနေပီး မိုးရွာရွာနေပူပူ ဒီမှာပဲ ညစာစားသောက်ပီးမှ ပြန်လေ့ရှိသည်။ ညနေစာစားပီးလို့ ယန်ရှုယွီက ညဆိုင်းဆင်းရမည်ဆိုပါက သူမသားကို မန်နေဂျာယမ်၏ရုံးခန်းတွင် ကစားနေဖို့ထားခဲ့ပီး သူမက သူမအလုပ်ကိုဆက်လုပ်သည်။ အကယ်၍သူမညဆိုင်းမရှိသည့်ရက်တွေဆိုရင်တော့ ညနေစာစားပီးတာနှင့်ပြန်ကြသည်။
YOU ARE READING
RomanceAuthor(s) 清越流歌 Status in COO 100 Chapters + 3 Epilogues (Complete) English Translator(s) Fuyu Neko Fringe Alpaca Bamboo Spirit Fringe Manatee If you want to read original English translation, you all can read at novelupdates. Here link: https://www...