အပိုင်း (၁၃၉)
ကျိုးချင်းဟယ်သည် သူမအားကြည့်လိုက်ပီး မေးလိုက်သည်။ "မင်းက သီးသန့်ခန်းကို သဘောကျတာလား?"
ယန်ရှုယွီသည် လက်ကိုခါပြလိုက်ပီး "မဟုတ်ပါဘူး ကျွန်မက ဒီတိုင်း သိချင်သွားလို့ပါ ဒီနေရာလည်း တော်တော်လေးကောင်းနေပါပီ ကျွန်မတို့ အစားစားရင်း ရေကန်မြင်ကွင်းကို မြင်ရတာပေါ့"
သူမဘေးက ဆိုင်ဝန်ထမ်းလေးသည် ပြုံးပီး ပြောလာသည်။ "မိန်းကလေးပြောတာ မှန်ပါတယ် ဒီစားပွဲက မြင်ကွင်းအကောင်းဆုံးနေရာပါပဲ"
"ဒီလိုဆိုရင်လဲ ကောင်းပီ" ကျိုးချင်းဟယ်သည် ပုံမှန်အတိုင်းလိုဖြင့် ရှင်းပြသည်။ "အရင်တစ်ခေါက်တုန်းက မင်းက အဓိကစားသောက်တဲ့နေရာမှာပဲ အစားစားရတာ ပိုအဆင်ပြေတဲ့ပုံစံဖြစ်နေလို့လေ ဒါကြောင့် ဒီတစ်ခေါက် ကိုယ်သီးသန့်ခန်းမယူလိုက်တော့တာ"
ဘော့စ်တစ်ယောက် ဘယ်လောက်တောင်အမြင်ရှိလဲဆိုတဲ့အပေါ် စိတ်ထဲထိသွားရမည့်အစား ယန်ရှုယွီသည် နည်းနည်းလေးနားမလည်သလိုဖြစ်သွားသည်။ အရင်တစ်ခေါက်တုန်းက သူမဖက်ကနေပီး အဲ့လိုပုံစံမျိုးမပြခဲ့ဘူးလို့ ထင်တာပဲ။ သူမသရုပ်ဆောင်တာက ဒီလောက်တောင်ဆိုးနေလားတဲ့?
သူမ နားမလည်ဖြစ်နေသလောက် လေးယောက်သား စားပွဲတွင် ဝင်ထိုင်ပီးနောက်တော့ စားပွဲထိုးလေးကနေ မီနူးတွေကို ကမ်းပေးလာသည်။ "တစ်ချက်ကြည့်ပီး မင်းကြိုက်တာဘာပဲဖြစ်ဖြစ် မှာလိုက်လေ"
ဘော့စ်ဆီကနေ မီနူးယူလိုက်သည့် ယန်ရှုယွီ ရုတ်တရပ်သတိထားမိသွားသည်က စားပွဲလေးသည် သူမအား 'မဒမ်'လို့ မသုံးနှုန်းလာပေ။ သူမ ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်နေတာလား?
တကယ်လို့ စားပွဲထိုးလေးကသာ သူမကို 'မဒမ်'လို့ မခေါ်လာရင် သူမဖက်ကလည်း ရှင်းပြရမည့် အခွင့်အရေးမရှိတော့ဘူးလေ။ ဒါက သူမကို သက်တောင့်သက်သာမဖြစ်စေဘူး။ သူမစကားတောင် ပြောချင်တော့ဘူး။ နောက်ဆုံးတော့ ဘော့စ်သည် မီနူးကို လှမ်းယူလိုက်သည်။ ဒါပေမယ့် ဘော့စ်သည် မီနူးကို မကြည့်ပေ။ သူသည် စားပွဲထိုးလေးအား တိုက်ရိုက်သာမေးလိုက်သည်။ "ဒီနေ့ လက်လက်ဆတ်ဆတ်ရနိုင်တာ ဘာတွေရှိလဲ?"
YOU ARE READING
RomanceAuthor(s) 清越流歌 Status in COO 100 Chapters + 3 Epilogues (Complete) English Translator(s) Fuyu Neko Fringe Alpaca Bamboo Spirit Fringe Manatee If you want to read original English translation, you all can read at novelupdates. Here link: https://www...