၁၉၄
1.4K 141 1
အပိုင်း (၁၉၄)
ငယ်ရွယ်သောကားမောင်းသမား၏ဝန်​ဆောင်ပေးမှုအောက်တွင် ကြောင်အနေသည့်ယန်ရှုယွီသည် ကားအတွင်းသို့ဝင်သွားလိုက်သည်။ ကားအတွင်းသို့ သူမရောက်သွားတော့ ဘော့စ်က တံခါးနားမှာ လှုပ်ရှားမှုကင်းမဲ့စွာ မတ်တပ်ရပ်နေဆဲပင်။ ကားမောင်းသမားက ပြုံးနေလျက် ကားတံခါးကို ကိုင်ထားသည်။ ထိုကျမှသာ ဘော့စ်ကလည်း ဒီဖက်ကနေပြီး ကားထဲဝင်မည်ဆိုတာကို သူမသိလိုက်သည်။ သူမအတွင်းကိုရွှေ့ပေးလိုက်သည်။
သူမကားအတွင်းရွှေ့လိုက်သည်နှင့် ရှေ့ခန်းတွင်ထိုင်နေသည့်တစ်ယောက်ကလည်း အနောက်ဖက်လှည့်လာပြီး သူမအား ရင်းနှီးဖော်ရွေသည့်အမူအရာမျိုးဖြင့် နှုတ်ဆက်လာသည်။ "ဟိုင်း ဘော့စ်ကျိုး မိန်းကလေးယန်"
အမျိုးသမီးက အသက်၃၀ကျော်အတွင်းမှာဖြစ်သည်။ သူမသည် ဆံပင်တိုတိုရှိပြီး အနောက်တိုင်းအမျိုးသမီးဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမက အရမ်းကိုစွမ်းဆောင်နိုင်စွမ်းရှိသည့်ပုံစံမျိုးရှိသည်။ သူမဆီကနေရင်းနှီးသည့်အရှိန်အဝါထွက်လာနေတာက ဘော့စ်၏အလုပ်ကျွမ်းကျင်သည့်လက်ထောက်နှစ်ယောက်ကို ယန်ရှုယွီသတိရသွားသည်။
အလုပ်လုပ်နိုင်စွမ်းရှိသည့်အမျိုးသမီးတွေအပေါ် ယန်ရှုယွီသည် ရင်းနှီးမှုအမြဲတမ်းရှိမိသည်။ သူတို့နှစ်ဦးအတွက် ဒါကပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်ပေမယ့် သူမမျိုးရိုးက ယန်မှန်း ဒီအမျိုးသမီးဘယ်လိုသိနေလဲဆိုတာကို သူမ မသိပေ။ သူမတို့နှစ်ယောက်ရည်းစားတွေဖြစ်သွားရုံလောက်နှင့် ဘော့စ်က သူမတို့ပတ်သတ်မှုကို တစ်ကမ္ဘာလုံးသိအောင် ကြေငြာလိုက်တာမျိုးလို့တော့ သူမ မထင်ပေ။ သူမသည် တုံ့ဆိုင်းစွာခေါင်းညိမ့်လိုက်ပြီး "ဟိုင်း နေကောင်းလား"
အခုတော့ ကျိုးချင်းဟယ်သည်လည်းပဲ ကားအတွင်းရောက်လာပြီဖြစ်တာကြောင့် သူမအား မိတ်ဆက်ပေးသည်။ "ဒါက အတွင်းရေးမှူးလု"
ဒီတော့ အနည်းနှင့်အများ သူမတွေးမိသလိုပါပဲ။ သူမသည် သူမအာရုံကို ဘော့စ်ဆီပြန်လွှဲလိုက်ပြီး သူ့အား သဘောပေါက်နားလည်စွာနှင့် ကြည့်လိုက်ရင်း "ရှင် အခုထိအလုပ်မပြီးသေးဘူးပေါ့?"