၁၂၁
4.6K 637 11
အပိုင်း (၁၂၁)
~~~~~~~~~~
ယန်ရှုယွီမှာတော့ ဘယ်စကားလုံးကိုသုံးရမှန်းမသိဖြစ်နေချိန်တွင် ကလစ် ဆိုသည့် အသံကို သူမကြားလိုက်ရပီးနောက် မီးတွေလင်းလာတော့သည်။ ဒါကတော့ သူ့အမေကို တံခါးကူဖွင့်ပေးခဲ့သည့် ကလေးလေးကျန်းယွမ်ကျားက အိမ်ရှင်ပီသစွာလုပ်ဆောင်လိုက်တာဖြစ်သည်။ နောက်တော့ တံခါးနားတွင် ရပ်နေပီး ပျော်မြူးစွာဖြင့် ပြောလိုက်သည်။ "မေမေ အန်ကယ်ကျိုး အထဲဝင်လာတော့လေ"
"အိုး သားလေး ဖိနပ်အရင်လဲလိုက်ဦးလေ" ယန်ရှုယွီသည် မြန်မြန်လေးသတိပေးလိုက်သည်။ အပတ်စဉ်တံမြတ်စည်းလှည်းကျင်းရသည့်အလုပ်က ခက်ခဲသည့်အလုပ်တစ်ခုဖြစ်သည်။
ကလေးလေးက ပူးပေါင်းပါဝင်သည့်အနေနှင့် ခေါင်းလေးညိမ့်ပြပီးပြောလာသည်။ "အိုကေ"
နံရံကို လက်ဖြင့် ထောက်လိုက်ပီး ကိုယ်ကိုငုံ့ကိုင်းလိုက်ကာ ဖိနပ်ကိုလဲလိုက်သည်။ အခုလေးတင်ချွတ်လိုက်သည့်ဖိနပ်ကို ဘီဒိုထဲပြန်ထည့်ဖို့လည်း မမေ့သွားပေ။ နောက်သို့ ခြေလှမ်းအနည်းငယ်ပြန်ဆုတ်လိုက်ပီး လူကြီးတွေရှိရာဆီသို့ မျက်လုံးဝိုင်းဝိုင်းလေးတွေကို မှိတ်တုတ်မှိတ်တုတ်လုပ်လိုက်ပီး ပြောလိုက်သည်။ "အိုကေ ကျွန်တော် ဖိနပ်လဲလို့ပီးပီ"
သူမသားက သူ့ဘာသာသူဂရုစိုက်တတ်တာလေးကတော့ တကယ့်ကို ကောင်းမွန်သည့်အရာတစ်ခုဖြစ်သည်။ ဒါပေမယ့် ပီးသွားသည့်အခါမှာတော့ ယန်ရှုယွီသည် ဘော့စ်အား ပြဿနာတစ်ခုပေါ်လာသလို ကြည့်လိုက်ပီး "အိုး အိမ်မှာ အိမ်တွင်းစီးဖိနပ်အပိုမရှိတာ ကျွန်မ မေ့နေတယ် ..."
ကျိုးချင်းဟယ်သည် ရိုးရိုးရှင်းရှင်းပလက်စတစ်ဖိနပ်စင်လေးကို ဘာမှမဖြစ်သလို တစ်ချက်လှမ်းကြည့်လိုက်သည်။ ကလေးလေးဖိနပ်လဲသည့်အခိုက်ကတည်းက သူသတိထားမိပီးသားပင်။ ဖိနပ်စင်လေးက တိုက်ခန်းအသေးစားလေးတစ်ခုလိုပင် အရမ်းကိုရိုးရှင်းသည်။ စင်တွင် အမျိုးသမီးဖိနပ်၃ရံ ကလေးဖိနပ်၃ရံသာရှိသည်။ မိသားစုဘယ်နှစ်ယောက်ရှိသည်ဆိုတာကို မြင်သာသည်။
ဒီမှာ ယောက်ျားတစ်ယောက်ရဲ့အိမ်စီးဖိနပ်ပါးတစ်ရံရှိနေရင်တောင် ကျိုးချင်းဟယ်က လုံးဝယူစီးမည်မဟုတ်။ ဂုဏ်သတင်းကျော်ကြားနာမည်ကြီးသည့်မိသားစုက ယောက်ျားတစ်ယောက်လည်းဖြစ်သလို အိမ်တော်ထိန်းတွေ အစေခံတွေကသာ ငယ်စဉ်ကတည်း အရာအားလုံးကို လုပ်ဆောင်ပေးခံခဲ့ရသည့်သူတစ်ယောက်အနေနှင့် အသုံးပြုပီးသားဖိနပ်တစ်ရံကို စီးကြည့်ဖို့ဆိုတာ စဉ်းတောင်စဉ်းစားကြည့်လို့မရသည့် အခြေအနေပင်။