အခန်း (၇.၃)
တကယ့်ကိုအလေးအနက်ပြောလိုက်သလိုမျိုး လူးဝစ်သည် စကားစပြောလိုက်သည်။ “သူမက မိသားစုကိစ္စကြောင့်အခက်အခဲဖြစ်နေတာဆိုတော့ သူမ လစာဖြတ်ခံလိုက်ရတာ အရမ်းကိုဂရုဏာကင်းမဲ့ရာကြမနေဘူးလား ကျွန်တော် အကြံပေးချင်တာကတော့ ဒီလိုမျိုးအထူးအခြေအနေမှာ အထူးအခွင့်အရေးပေးလိုက်တဲ့အနေနဲ့ သူမကို စာရွက်စာတမ်းမှာလက်မှတ်ထိုးခိုင်းပီး လစာအပြည့်ပေးလိုက်တာ ကောင်းမယ်ထင်တယ်” သူမကတကယ့်ကို ဦးနှောက်ရှိတဲ့မိန်းမပဲ။ သူမတွင်လိုအပ်တာဆိုလို့ အခွင့်အရေးလေးတစ်ခုဖြစ်ပီး သူမသာထိုအခွင့်အရေးရသည်နှင့် ချက်ချင်းအပြေးလေးလာရုံပင်။
ရော်ဘင်သည်လည်း အတွေးတူညီပေမယ့် လူးဝစ်လိုမျိုးတော့ ထုတ်ပြောလိုက်ခြင်းမရှိပေ။ ဒါကြောင့် သူသည် ခေါင်းသာညိမ့်လိုက်ပီး ပြောလိုက်သည်။ “ကျွန်တော်လည်း လူးဝစ်ရဲ့အကြံကို ထောက်ခံတယ် ဒီအတွက်ကို မန်နေဂျာချန်ကို လုပ်ခိုင်းလိုက်သင့်တယ် သူမက မစ္စယန်ရဲ့အထက်လူကြီးလဲဖြစ်ထားတယ် သူမကနေ တစ်ဆင့်သွားလိုက်တာက ပိုပီးဂရုစိုက်ရာရောက်တယ်”
အဓိက,က ဒီမန်နေဂျာချန်သည် မတော်တဆဖြစ်ထားသည့်ကိစ္စကိုလည်း သိထားသူဖြစ်ပီး သူမကလည်း အရိပ်အကဲသိတဲ့သူလည်းဖြစ်တာကြောင့် ဘာကိုဘယ်လိုလပ်ရမည်ဆိုတာ သူမနားလည်လောက်သည်။
ဒီလိုမျိုး စွမ်းဆောင်ရည်ရှိသည့်လက်ထောက်တွေနှင့်ဆိုလျှင် သူတို့ဘော့စ်သည် ဘာမှ တွေးပူနေစရာမလိုပေ။
ကျိုးချင်းဟယ်သည် အသာအယာသာပြုံးလိုက်ပီး ဘာမှပြန်ပြောခြင်းလဲမရှိပေ။
လူးဝစ်နှင့်ရော်ဘင်တို့သည်လည်း ဘာမှထပ်မံပြောလာခြင်းမရှိပေ။ သူတို့ဘော့စ်၏ရည်ရွယ်ချက်က ဒီထက်ပိုပီးသိသာနေတာတောင်မှ ဒီလောက်မသိသာနိုင်တော့ဘူး။ ဒါကြောင့်ပဲ ချန်ကျင်းသည် သူမအိမ်ထဲသို့ခြေချလိုက်သည်နှင့် မန်နေဂျင်းဒါရိုက်တာဟန်ယွီဆီကနေပီး ဖုန်းဝင်လာလေသည်။
ဟန်ယွီဖုန်းတွင်းပြောသွားသည်က လုံးဝကိုအလုပ်သဘောအတိုင်းပြောသွားတာဖြစ်သည်။ သူပြောသွားသမျှကတော့ ဝန်ထမ်းတစ်ယောက် အခက်အခဲတစ်စုံတစ်ရာနှင့်ကြုံတွေ့ရချိန်၌ သူတို့ကို ကူညီထောက်ပံ့ပေးဖို့က အလုပ်ရှင်ဖက်က လုပ်သင့်သည့်အရာဖြစ်သည်။ နောက်ပီး သူတို့ကိုကော်ပိုရေးရှင်းအကြီးကြီးတစ်ခုက လက်ရှိဝန်ထမ်းတွေသာမက အရင်ကလုပ်ဖူးသည့်ဝန်ထမ်းတွေကို ကျောခိုင်းသွားရမည်အစား ဂရုတစိုက်ဖြစ်ရမည်။ ဒါ့ပြင် သူတို့သည် သူတို့ထံတွင် လုပ်ဖူးသည့်ဝန်ထမ်းတစ်ယောက်၏အခက်အခဲကို ကူညီပေးရမည်ဖြစ်ပီး သူတို့၏စိတ်ရင်းမှန်ကိုပြသပေးရမည်။ ဒါကြောင့် ဒီလိုနှင့်ပဲ အထက်လူကြီးဖြစ်ဖူးသည့် ချန်ကျင်းက ဒီအလုပ်အတွက် လုပ်ပေးရမည့်သူတစ်ယောက်အလိုလိုဖြစ်သွားသည်။
YOU ARE READING
RomanceAuthor(s) 清越流歌 Status in COO 100 Chapters + 3 Epilogues (Complete) English Translator(s) Fuyu Neko Fringe Alpaca Bamboo Spirit Fringe Manatee If you want to read original English translation, you all can read at novelupdates. Here link: https://www...