၅၉
7.4K 1.2K 17
အခန်း (၁၈.၃)
~~~~~~~~~~~~~~~~
Sunshine Houseသည် စားသောက်ဆိုင်ဖြစ်သည်။ နည်းနည်းပိုအဆင့်မြင့်သည့်ဆိုင်ဆိုပေမယ့် ဒီဆိုင်သည် တစ်ခြားဆိုင်တွေပိတ်ချိန်မှသာ ပိတ်သည်လေ။ နောက်ပီး ဒီလိုအဆင့်၁မြို့ကြီးမှာ ညဖက်ကို ပိုပီးစည်ကားသည်လေ။ ဆိုင်သည် ပိတ်ရက်တွေဆိုလျှင် ညဖက်၁၁နာရီခွဲထိဖွင့်ပီး ဖွင့်ရက်များတွင်တော့ ၁နာရီစောပိတ်သည်လေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်က တော်တော်လေးနောက်ကျသည်လေ။
ရန်ကျီဖန်သည် ကလေးတစ်ယောက်အမေဖြစ်နေတာကြောင့် ယန်ရှုယွီအပေါ်တော်တော်လေးကောင်းသည်။ သူမကိုအင်တာဗျူးသည့်အချိန်တုန်းကလည်း သူသည် သူမအား ညဖက်အလုပ်ချိန်ကျပါက ည၈နာရီလျှင် အလုပ်ဆင်းလို့ရပီဖြစ်ကြောင်း ကြိုပြောထားပီးသားဖြစ်သည်။ ပုံမှန်ဖျော်ဖြေပေးရသည့်အချိန်သည် ည၇နာရီကနေ ၈နာရီထိဖြစ်တာကြောင့် သူမဖျော်ဖြေမှုပီးသည်နှင့် အလုပ်ဆင်းလို့ရပီးဖြစ်သည်။ ထိုအခါမှသား သူမကလေးလေးက ညအရမ်းနက်သည်အထိနေစရာမလိုမှာဖြစ်သည်။ တစ်ဖက်မှာတော့ ယန်ရှုယွီသည် အစောပိုင်းအလုပ်ချိန်ကိုဆင်းရပါက သူမသည် ည၈နာရီထိနေပေးရသည်။ သူမစန္ဒယားတီးခတ်ပေးဖို့အတွက်ဖြစ်သည်။ သူမလုပ်ဖော်ကိုင်ဖက်တွေကတော့ ပုံမှန်အချိန်အတိုင်းသွားပီး သူမကတော့ ထိုအချိန်မျိုးတွင် အချိန်ပိုသဘောအနေဖြင့် အစားပြန်ဝင်ပေးသည့်သဘောဖြစ်သွားသည်။
ယန်ရှုယွီ ဒီအလုပ်ကိုဝင်လိုက်ရသည့်အကြောင်းရင်းတစ်ခုကတော့ အလုပ်ချိန်ကြောင့်ဖြစ်သည်။ အစောပိုင်းအလုပ်ချိန်သည် မနက်၉နာရီကစပီး ဒါက သူမသားကို အလုပ်မလာခင်ကျောင်းကိုပို့ဖို့ အချိန်တော်တော်လေးလုံလောက်သည်လေ။ ညဖက်ဆိုင်းတွေဆို ပိုပီးတောင်ကောင်းသေးသည်။ သူမသည် အိမ်သို့ပြန်ပီးတစ်ရေးလောက်အိပ်ပီးမှ အလုပ်ကိုပြန်လာလို့ရသည်လေ။
ညဖက်ကတော့ တော်တော်လေးခက်ခဲတုန်းပင်။ သူမသည် အိမ်သို့ ၈နာရီပြန်ရောက်တော့ မိတ်ကပ်ဖျက် ရေချိုး အဝတ်လျှော် အဝတ်လှန်းနှင့်အချိန်တွေဘယ်လိုကုန်သွားမှန်းမသိတော့ပေ။ နောက်ပီးရင်တော့ သူမအတွက် ဖုန်းလေးကြည့်ရမယ့်ပျော်စရာအချိန်လေးတွေပေါ့။ ဘယ်ဟုတ်ပါ့မလဲ။ အခုလေးတင်မှ ရေချိုးပီးစဖြစ်သည့် သူမသားလေးက အရမ်းပင်ပန်းနေလောက်ပေမယ့် အိပ်ယာဝင်ဖို့ကို ငြင်းဆန်နေသည်လေ။ ညအိပ်ယာဝင်ပုံပြင်စာအုပ်လေးကို ကိုင်ပီး မျက်လုံးတွေရဲနေတာတောင်မှ သူမကို တက်ကြွစွာဖြင့်ခေါ်ပီး ပြောလာတာကတော့ "မေမေ သားကို အခုပုံပြင်ဖတ်ပြလို့ ရလား?"