၀၉
10.8K 1.5K 7
အခန်း(၃.၃)
ဇာတ်လိုက်ကြီးပြင်းလာသည့်အရွယ်တစ်လျှောက်လုံး မိထွေးဖြစ်သူသည် မကောင်းသည့်လုပ်ရပ်ပေါင်းမြောက်များစွာလုပ်ခဲ့ပေမယ့် သူမသားဖြစ်သူအတွက်တော့ သူမသည် အမေကောင်းတစ်ယောက်ဖြစ်သည်လေ။ ဇာတ်လိုက်မှအသေးစိတ်ပြောသွားချိန်တွင် သူသေချာပြောပြသွားတာကတော့ မိထွေးဖြစ်သူ သူ့အဖေကိုလက်ထပ်တာချစ်လို့မဟုတ်ပဲ သူမသားကိုအကောင်းဆုံးပညာရေးကိုပေးနိုင်ဖို့အတွက်ဖြစ်ပီး သူမသားကိုအကုန်လုံး၏ထိပ်တွင်ရပ်တည်စေချင်သောကြောင့်ဖြစ်သည် ဟုပင်။
ထိုသားအမိ သူတို့အိမ်တွင်းသို့ဝင်လာသည်နှင့် သူတို့သည် သူနှင့်အပြိုင် သူ့အဖေ၏အရေးပေးခံရခြင်းကိုရအောင် နည်းပေါင်းစုံသုံးသည်။ လူတွေရှေ့မှာဆိုလျှင် မိထွေးသည် နူးနူးညံ့ညံ့နှင့်နာခံသည့်သူလိုအမြဲဟန်ဆောင်ပီး သူမသည် သူ့အဖေကို အရမ်းကိုချစ်သည့်အတွက် ဒီယောက်ျား၏သားကိုလည်း ကောင်းကောင်းမွန်မွန်ဆက်ဆံပေးသည်ဟု အမြဲဟန်ဆောင်သည်လေ။
သူမသားက သူမထက်တောင်ပိုပီး ဟန်ဆောင်ကောင်းသေးသည်။ သူသည် အဖေဖြစ်သူရှေ့တွင် အကိုကောင်းတစ်ယောက် သားလိမ္မာလေးတစ်ယောက်လို အမြဲပြုမူသည်။ အဖေဖြစ်သူကလဲ မျက်စိရှေ့တွင်မြင်သမျှကို အကုန်ယုံလာပီး နောက်ကြတော့ သားအရင်းဖြစ်သူထက်ကို ထိုမိထွေး၏သားနှင့်ပိုပီးရင်းနှီးကြသေးသည်လေ။ ထိုမိထွေးပါသား တက္ကသိုလ်ကနေဘွဲ့ရပီးတာနှင့် သူ့အဖေသည် ထိုတစ်ယောက်ကို ကုမ္ပဏီရုံးချုပ်ကစီနီယာမန်နေဂျာရာထူးကို တန်းခန့်လိုက်သည်လေ။ ဇာတ်လိုက်ကတော့ သူ့အကိုထက်အရင်စောပီး ကုမ္ပဏီတွင် အလုပ်ဝင်နေပေမယ့် သူသည် နာမည်ကိုပြောင်းထားပီး အောက်ခြေဝန်ထမ်းအဖြစ်ကနေ စပီး လုပ်ကိုင်ခြင်းဖြစ်သည်။ ကုမ္ပဏီတစ်ခုလုံးသည် ထို “သခင်လေး” ကိုသာသိကြပီး တကယ့်သခင်လေးအစစ်က သူတို့တွေရှေ့မှာပဲ ရှိနေတာကို ဘယ်သူမှမသိကြပေ။
ဇာတ်လိုက်ငယ်စဉ်ဘဝကတည်းကပင် သူသည် ထိုအကိုဖြစ်သူ၏လောင်းရိပ်အောက်တွင်သာ နေလာရသည်။ သူ့အဖေ၏တကယ့်ရည်ရွယ်ချက်အစစ်ကိုမသိသေးခင်အထိ သူသည် သူ့အဖေနှင့်သူ့အကိုတို့နှစ်ယောက်၏ဆက်ဆံရေးကို အမြဲအားကျမနာလိုဖြစ်ခဲ့ရသည်။ သူ့အကိုက သူ့ကံဆိုးမှုကိုသူဖိတ်ခေါ်လာပီး သူ့အဖေ ဘာကြောင့်သူ့အပေါ်ဒီလိုလုပ်ရလဲဆိုတာကို နားလည်သွားသည့်တိုင်အောင် သူသည် ကလေးဘဝကခံစားခဲ့ရသည့်ခံစားချက်များကို မကျော်လွှားနိုင်သေးပေ။ အထူးသဖြင့် အဓိကဗီလိန်ကျိုးယွမ်ကျားသေသွားသည့်တိုင်အောင် သူ့အကိုသည် သူ့အားအမြဲအကောက်ကြံနေပီး သူ့အဖေကလဲ သူ့အကိုဖက်ကိုသာပါသွားသည်ဟု ဇာတ်လိုက်က အမြဲအိပ်မက်မက်နေဆဲပင်။ ဒီဟာတွေက ဇာတ်လိုက်အတွက်တော့ သေရာပါဒဏ်ရာတစ်ခုလိုပင်။