အပိုင်း (၁၅၈)
ဒီနေရာမှာ စကားဆက်ပြောနေစရာ အကြောင်းကိုမရှိဘူး။ ဒီတော့ ယန်ရှုယွီသည် မတ်တပ်ထရပ်လိုက်ပီး နောက်တစ်ကြိမ် လှည့်ထွက်သွားဖို့ လုပ်လိုက်သည်။ သို့သော်လည်း သူမအဲ့လိုမလုပ်ရသေးခင်မှာပဲ သူမရှေ့တွင် ထိုင်နေသည့်မိန်းမကြီးက အသံထွက်ရယ်လိုက်သည်။ ယန်ရှုယွီကို သူ့နေရာသူသိအောင်လုပ်လိုက်နိုင်ပီးဟု သူမထင်နေပုံရတာကြောင့် အခုတော့ သူမလာရသည့် အဓိကရည်ရွယ်ချက်ကို အကောင်အထည်ဖော်ချိန်ရောက်ပီ။
သူမသည် ပတ္တမြားလက်စွပ်ဝတ်ထားသည့် လက်ညိုးဖြင့် စားပွဲကို တတောက်တောက်ခေါက်နေသည်။ သူမအသံထဲတွင် စိတ်မရှည်နေတဲ့လေသံဖြင့် ပြောလာသည်။ "ပြော ချင်းဟယ်နားကနေထွက်သွားဖို့ မင်းဘာလိုချင်လဲ?"
ထထွက်သွားဖို့လုပ်နေသည့် ယန်ရှုယွီသည် နာခံစွာဖြင့် ပြန်ထိုက်လိုက်သည်။ သူမသည် မနေနိုင်တာကြောင့် မေးလိုက်သည်။ "ဒီတော့ ရှင်က ဘော့စ်ကျိုးရဲ့အမေလား?"
ဘယ်လိုတောင် ရင်းနှီးတဲ့အဖြစ်လဲ။
ချမ်းသာသောအမျိုးသမီးဖြစ်သည့် ချင်းလော့ယီ၏မျက်လုံးထဲတွင် ရှက်ရွံမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားသည့် အရိပ်အယောင်လေး ဖြတ်သွားသည်။ သူမသမီးနှင့်ဘော့စ်ကျိုးတို့ကသာ နတ်ဖက်တဲ့စုံတွဲဟု ထင်သည်လေ။ သူမရှေ့က ဒီအောက်တန်းစားမလေးကိုသာ သူမရှင်းထုတ်လိုက်နိုင်လျှင် သူမက အချိန်တန်တာနှင့် ဘော့စ်ကျိုး၏ယောက္ခမအလိုလိုဖြစ်လာမည်။ ဒါပေမယ့် လောလောဆယ်တော့ သူမတို့က အမျိုးမတော်သေးဘူး။ ယန်ရှုယွီ၏မေးခွန်းကြောင့် သူမသည် စိန်ခေါ်ခံလိုက်ရပီး စော်ကားခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။
ချင်းလော့ယီက ကျိုးချင်းဟယ်မှဖြစ်ရမည်ဆိုပီး အစကတွေးထားတာတော့ မဟုတ်ပေ။ သူ့လိုအဆင့်အတန်းမျိုးနှင့် တကယ်လို့သာ ပထမဆုံးလက်ထပ်တာဆိုလျှင် သူမမိသားစုဖက်က တူမတွေကတောင် မသင့်တော်ပေ။ ဒါပေမယ့် အခုတော့ သူ့ဒုတိယအကြိမ်လက်ထပ်တာဖြစ်တာကြောင့် သင့်တော်သည်လေ။ သူမသမီးအတွက်တော့ သူမက အနည်းဆုံးရအောင် ကြိုးစားပေးရမည်။
ESTÁS LEYENDO
RomanceAuthor(s) 清越流歌 Status in COO 100 Chapters + 3 Epilogues (Complete) English Translator(s) Fuyu Neko Fringe Alpaca Bamboo Spirit Fringe Manatee If you want to read original English translation, you all can read at novelupdates. Here link: https://www...