၇၄
7.2K 1.1K 14
အခန်း (၂၂.၂)
~~~~~~~~~~~~~~~~~~
"ပြေတာပေါ့ မေမေ့ယွမ်ပေါင်ကေ အိမ်မှာတစ်ယောက်ထဲဖြစ်နေလဲ လိမ်လိမ်မာမာလေးပဲ နေနေမှာ ဟုတ်တယ်မလား?" ယန်ရှုယွီ၏ အမေတစ်ယောက်လိုစိတ်ထားက မျက်စိရှေ့တွေ့မှဖြစ်လာတာမျိုးမဟုတ်ပေမယ့် အရမ်းကြီးလဲ မိခင်ကောင်းမပီသပေ။ ဒီအနီးနကတိုက်ခန်းမှာဖြစ်ခဲ့တဲ့ မတော်တဆကလဲ ဖြစ်သွားတာ၁လကျော်သွားပီဖြစ်တာကြောင့် မေ့မေ့ပျောက်ပျောက်တောင် ဖြစ်နေပီလေ။ အခုတော့ ဒီကလေးပေါက်စကို အိမ်မှာ တစ်ယောက်ထဲ တစ်ခါတစ်လေထားခဲ့လဲ အဆင်ပြေလောက်ပီလို့ သူမထင်သည်လေ။ နဂိုပိုင်ရှင်တုန်းကတောင် ဒီလိုပဲအမြဲလုပ်နေတာလေ။
ကလေးပေါက်စလေး ကျန်းယွမ်ပေါင်တောင်မှ လူကြီးလေးလို သဘောတူလာသည်။ "သားက ကိုယ့်ဘာသာကိုယ် ကောင်းကောင်းဂရုစိုက်တတ်ပါတယ်"
ရန်ပျီဖန်သည် ကလေးလေးကိုကြည့်ကာ သဘောတူညီသောအားဖြင့် ​ခေါင်းညိမ့်လိုက်သည်။ "ဒါက ယွမ်ပေါင် ဆိုင်မှာ တစ်နေကုန် ပျင်းနေရမှာထက်စာရင်တော့ ပိုကောင်းတာပေါ့ အထူးသဖြင့်ပိတ်ရက်တွေမှာပေါ့ မင်းလည်း သူနဲ့အတူနေတဲ့အချိန်က သိပ်မရှိဘူးလေ သူအိမ်မှာရှိနေရင် ကစားလို့မောလာတဲ့ခါ အိပ်ချင်တဲ့ချိန်အိပ်လို့ရတာပေါ့"
ဒါကလည်း ယန်ရှုယွီတွေးထားသည့်အတိုင်းပင်။ တစ်ခုလေးပဲ လိုအပ်တာကတော့ "အဆင်မပြေတာတစ်ခုက သူ့အစားအသောက်အတွက်ပဲ သားလေးက အခုမှငယ်ငယ်လေးပဲရှိသေးတာ တစ်ယောက်ထဲ ဆိုင်ကအစားအသောက်တွေပဲ မှာစားနေတာ ကျွန်မအတွက် စိတ်ထဲမကောင်းဘူး"
နဂိုပိုင်ရှင်ကတော့ အစားအသောက်တွေကို ကြိုပြင်ထားပီး အပူခံဘူးတွေထဲထည့်ပေးထားတာကြောင့် စားချင်သည့်အခါမှာ အပူချိန်က နွေးနွေးလေးကျန်နေသေးသည်။ ဒါပေမယ် ယန်ရှုယွီကတော့ ဒီကိုကူးပြေားလာပီးကတည်းက တစ်ခါမှ ထမင်းဟင်းမချက်သေးပေ။ သူမသည် မနက်စာလေးချက်ဖို့တောင် ပျင်းနေမှတော့ အလုပ်ကနေပင်ပင်ပန်းပန်းပြန်ရောက်လာချိန် သူမသားအတွက် အစားအသောက်တွေ ပြင်ဆင်နေဖို့ကိုတော့ ပြောမနေပါနဲ့တော့။ ထိုအကြံက လုံးဝကို လက်တွေ့မကျဘူးလို့ သူမယူဆသည်လေ။