၁၇၈
2.3K 328 5
အပိုင်း ၁၇၈ - Perfect Timing
~~~~~~~~~~~~~~~~~~~~~~
ဗီဒီယိုကောလ်လက်ခံမည့်သူဖက်က သူမတို့ကို အကြာကြီးမစောင့်နေစေပေ။ ဘော့စ်ကျိုးသည် ချက်ချင်းဖုန်းပြန်ဖြေလာပီး စခရင်နားအနီးကပ်နေသည့်ထူးဆန်းသောပုံရိပ်ကြောင့် တစ်ချက်လန့်သွားသည်။ သူတို့မျက်နှာပေါ်တွင် တူညီသည့်မျက်နှာထားမျိုးဖြင့် ဖုန်းစခရင်ကို အနီးကပ်ကြည့်နေကြသော သားအမိနှစ်ယောက်ကို မြင်လိုက်ရသည်။ ကျိုးချင်းဟယ်တောင်မှ နည်းနည်းတုံ့ဆိုင်းသွားသည်။ သူအတွက် ပုံမှန်မဟုတ်သည့်တုံ့ပြန်မှုမျိုးနှင့်ပေါ့။
၂စက္ကန့်လောက်တုံ့ဆိုင်းသွားပီးမှ တစ်ဖက်ကနေပီး စကားစတင်ပြောလာသည်။ ယန်ရှုယွီနှင့် ကျန်းယွမ်ကျားတို့သည် တစ်ချိန်တည်းပြောလိုက်သည်။ "ဟိုင်း အန်ကယ်ကျိုး"
အန်ကယ်ကျိုး "......"
ကျိုးချင်းဟယ်၏မျက်နှာထက်တွင်တော့ အရမ်းကိုရှုပ်ထွေးနေသည့်အမူအရာရှိနေသည်။ သူ့အမေနှင့်အတူ အတင်းတိုးဝေ့နေသည့်ကျန်းယွမ်ကျားသည်လည်းပဲ သူနားကြားမှားတာလားဆိုပီး သံသယဝင်သွားသည်။ ကြောင်အသွားတာကြောင့် သူသည် လှည့်ပီးမေးလိုက်သည်။ "အန်ကယ်ကျိုးကို မေမေကလည်း ဘာလို့အန်ကယ်ကျိုးလို့ခေါ်တာလဲ?"
"ဘာလို့လဲဆိုတော့ ဒီလိုကပိုပီးရင်းနှီးတယ်လေ သားရဲ့ကျောင်းကဆရာမတွေလိုမျိုးပေါ့ သူတို့တွေက မေမေ့ကို ယွမ်ပေါင်မေမေလို့ခေါ်တယ်လေ!" ယန်ရှုယွီသည် အပြုံးလေးဖြင့် ရှင်းပြသည်။ ဘော့စ်ရှေ့တွင် အသံထွက်ကာထုတ်မပြောချင်သည့် နောက်ထပ်အကြောင်းရင်းလည်းရှိသေးသည် – သူမက အခုမှအသက်၂၀ကျော်လေးပဲရှိသေးတာကြောင့် ကောင်မလေးတစ်ယောက်အတွက် တကယ့်ကိုအရွယ်ကောင်းတစ်ခုဖြစ်ပေမယ့် ဘော့စ်ကတော့ အသက်၃၀ကျော်နေပီလေ။ သူက ပုခက်ကို လာလုနေတာပဲ။
သူ့ကို အန်ကယ်လို့ သူမတိုက်ရိုက်မခေါ်တာကိုပဲ ​ကျေးဇူးတင်သင့်နေပီ။
ကျိုးချင်းဟယ်တောင်မပြောနှင့် ကလေးလေးကျန်းယွမ်ပေါင်တောင် ယန်ရှုယွီ၏ရှင်းပြချက်ကို လက်မခံပေ။ သူသည် လျင်မြန်စွာပဲ နောက်ထပ်မေးခွန်းထပ်မေးလိုက်သည်။ "ဒါပေမယ့် မေမေ တကယ်လို့အဲ့လိုသာဆိုရင် အန်ကယ်ကျိုးကို မေမေက ရှောင်ယိဖေဖေလို့ ခေါ်ရမှာလေ"