၁၁၈
4.5K 591 11
အပိုင်း (၁၁၈)
~~~~~~~~
သူ့အမေဖြစ်သူစိတ်ပြောင်းသွားတာကိုမြင်လိုက်ပီးသည့်နောက်တော့ ကျန်းယွမ်ပေါင်သည် အန်ကယ်ကျိုးကို မျှော်လင့်တကြီးဖြင့် ခေါင်းလှည့်ပီးကြည့်လိုက်သည်။
သို့ပေမယ့် စိတ်ဝင်စားမှုမရှိတော့သည့် အန်ကယ်ကျိုးကတော့ : “ရတယ် အဆင်ပြေပါတယ် ကိုယ်ဒီမှာပဲ စောင့်နေမယ်”
Sh*t! ဒီကိစ္စကို ဒီလူစိတ်ထဲတေးမှတ်ထားဦးမယ်ဆိုတာကို ယန်ရှုယွီ သေချာပေါက်သိသည်။ နေမင်းကြီးအောက်က စီအီးအိုတွေ အကုန်လုံး သဘောမကောင်းတဲ့သူတွေကြီးပဲ။
ယန်ရှုယွီတစ်ယောက်စိတ်ထဲကနေ သဘောကျကျိန်ဆဲနေသလောက် သူမသည် ပိုပိုပီးတောင် စိတ်လှုပ်ရှားစိုးရိမ်နေသည်။ သူမသည် သူမသားကိုကျော်ပီး ရှေ့တစ်လှမ်းတိုးလိုက်သည်။ ဘော့စ်ရှေ့တွင်ရပ်လိုက်ပီး သူမစိတ်ထဲကအရမ်းကို လှိုက်လှဲစွာဖြင့် ပြောလိုက်သည်။ “ဘော့စ်ကျိုး ဖြစ်နိုင်မယ်ဆိုရင် ကျွန်မတို့နဲ့ အပေါ်လိုက်ခဲ့ပါလား အဲ့လိုသာဆိုရင် ကျွန်မတို့သားအမိနှစ်ယောက်လုံး အရမ်းဝမ်းသာမိမှာပါ”
အိုင်းယိုး အခြေအနေပြောင်းသွားတာများ ဘယ်လောက်တောင်မြန်လိုက်လဲ? ပီးခဲ့တဲ့မိနစ်ပိုင်းလေးတုန်းကတော့ ဘော့စ်က အပေါ်လိုက်ခဲ့ချင်လွန်းလို့ သူမဖက်ကနေ အစွမ်းကုန်တားဆီးနေရတယ်။ အခုတော့ ဘော့စ်ဖက်က အိုကေသွားပေမယ့် အပေါ်ကိုလိုက်ခဲ့ဖို့ သူ့ကိုအတင်းခေါ်နေရတာ သူမဖြစ်သွားပီ။ ဒီလိုအပြောင်းအလဲမြန်လွန်းတာကို ယန်ရှုယွီတစ်ယောက် သေချာပေါက် စိတ်ထဲဘယ်နေလို့အဆင်ပြေမှာလဲ။ ဒါပေါ့။ ဘော့စ်ကို ကြည့်နေသည့် သူမအကြည့်တွေကတော့ အခုထိ စိတ်ရင်းပါပါနှင့် ဖြစ်နေတုန်းပင်။
သို့ပေမယ့် ဘော့စ်ဖက်ကနေပီး ပြန်ကြားလိုက်ရသည့်စကားကတော့ : “သိပ်မကြာခင်တုန်းကပဲ မင်းအလုပ်ထွက်လိုက်တယ် နောက်ပီး ကိုယ်တို့လက်ရှိပတ်သတ်မှုအရ … အခုထက်ထိ ကိုယ့်ကို ဘော့စ်ကျိုး လို့ ခေါ်နေတာက နည်းနည်းမသင့်တော်သလို ဖြစ်မနေဘူးလား?”
“အဲ?” ဘော့စ်ဖက်ကနေပီး ‘ပတ်သတ်မှု’လို့ပြောလိုက်သည့်အချိန် စကားကို ခဏရပ်လိုက်တာအား ယန်ရှုယွီသည် သတိမထားမိပေ။ သူမသည် တကယ်ကို ဘာပြောရမှန်းမသိဖြစ်သွားသည်။ သူမတိုက်ခန်းကိုသွားမယ့်စကားလမ်းကြောင်းကနေပီး သူ့ကိုဘယ်လိုဘယ်ဝါခေါ်တယ်ဆိုတဲ့နေရာကို ရောက်သွားရတာလဲ?