၁၄၈
3.1K 513 4
အပိုင်း (၁၄၈)
သူမအနာဂတ်အလုပ်ရှင်၏အားပေးမှုကြောင့် ယန်ရှုယွီသည် စိတ်အားထက်သန်မှုတွေ ပြည့်သွားသည်။ သူမအတွက် ဇာတ်လိုက်လေးက အခုတော့ ခြေထောက်ပေါက်နေတဲ့RMBလေးပဲလေ။ တကယ်လို့ သူမက အရမ်းတော်သည့် သင်တန်းဆရာမတစ်ယောက်ဖြစ်မလာခဲ့ရင်တောင် ဇာတ်လိုက်လေးကို သူမ၏ကျောင်းသားအဖြစ်ရထားတာက သူမအတွက် တစ်လတာစရိတ်ကို ကောင်းကောင်းကာမိနေပီလေ။
(T/N: RMB stands for RenMinBi, China's official currency. Yuan is the basic unit of RenMinBi.)
နားနေခန်းကို ပြန်သွားလိုက်ပီး ယန်ရှုယွီသည် ဇာတ်လိုက်လေး၏လက်ကို အလိုလိုဆုပ်ကိုင်လိုက်ကာ နူးညံ့ညင်သာစွာဖြင့် ပြောလိုက်သည်။ "ရှောင်ယိ အန်တီတို့သဘောတူထားပီးပီနော် ဟုတ်ပီလား? အန်တီအောင်လက်မှတ်ရပီးသွားတဲ့အခါကြရင် သားကို တယောကြီးတီးတာကို သင်ပေးမယ်နော် အန်တီမသိပဲနဲ့ တစ်ခြားဆရာမကို မပြောင်းလိုက်ရဘူးနော် အိုကေ?"
ကျိုးယိသည် အနည်းငယ်ကြောင်တောင်တောင်ဖြစ်သွားပေမယ့်လည်း ခေါင်းတော့ညိမ့်လိုက်ပီး "အိုကေ"
ယန်ရှုယွီသည် မလုံလောက်သေးဘူးလို့ ခံစားရတာကြောင့် ထပ်ပြောလိုက်သည်။ "ဒါဆိုရင် လက်သန်းချင်းချိတ်ပီး ကတိလုပ်ရအောင်"
ကျိုးယိသည် နားမလည်ပဲ "လက်သန်းချင်းချိတ်ပီး ကတိလုပ်တယ်ဆိုတာက ဘာလဲဟင်?"
အိုး သနားစရာကောင်းလိုက်တဲ့ကောင်လေး။ လက်သန်းချင်းချိတ်ပီး ကတိပေးတာကိုတောင် သူ့မှာ မသိရှာဘူး။ ယန်ရှုယွီသည် ဇာတ်လိုက်လေးအား ချစ်ခင်မှုတွေပါဝင်သည့် အကြည့်တစ်ချို့ပေးလိုက်ပီး သူမသားကို သူမနားခေါ်ကာ ဘယ်လိုလုပ်ရလဲဆိုတာကို ပြပေးလိုက်သည်။
နောက်တော့ သူမသည် ဇာတ်လိုက်နှင့် လက်သန်းချင်းချိတ်လိုက်ကြသည်။
ဒီလိုလုပ်ပီးသွားမှပဲ သူမပိုပီး စိတ်ထဲနေလို့ ပိုကောင်းသွားသည်။
ယန်ရှုယွီတစ်ယောက် သူမရဲ့လှည့်ကွက်သေးသေးလေး လုပ်နေသည့်တစ်လျှောက်လုံး ကျိုးချင်းဟယ်သည် အပြုံးလေးတစ်ခုဖြင့်သာ ကြည့်နေခဲ့သည်။ သူမဘာတွေတွေးနေလဲဆိုတာကို သူသေချာပေါက် ဖောက်ထွင်းမြင်နိုင်ပေမယ့် သူမလုပ်သမျှကို သူတားမြစ်ဖို့ စိတ်ကူးမရှိပေ။ မြေခွေးဆိုးကြီးက အဖွားယောင်ဆောင်နေသလိုပုံဖြစ်နေသည့် ယန်ရှုယွီတစ်ယောက် သူ့သားကို အရူးလုပ်ပီးသွားသည်အထိ သူစောင့်နေလိုက်ပီးမှ သူသည် ပြုံးလိုက်ရင်း ဝင်ပြောလိုက်သည်။ "နောက်ကျနေပီ ညနေစာအတွက် မင်းဘာစားချင်လဲ?"