၁၇၆
2.9K 445 6
အပိုင်း (၁၇၆)
နဂိုပိုင်ရှင်က ဘော့စ်မူးနေသည့်အချိန် သူ့အိပ်ယာပေါ် ဘယ်လိုတက်ခဲ့လဲဆိုတာကို သူမ မမေ့သေးပေ။ နောက်ပီး အမှန်တိုင်းပြောရရင် သူမကိုယ်တိုင်ကလည်း အဲ့လောက်ကြီးရိုးသားနေတာမဟုတ်။ နဂိုပိုင်ရှင်အတွက် သူမနောက်ဆုတ်ခဲ့တာလည်း မရှိသလို သူမနေရာကို သူမက အစားဝင်လိုက်ပီး နောက်ဆုံးထိတောင် သွားလိုက်သေးသည်။ အခုတော့ 'ခံရသူ'ကနေပီး စွပ်စွဲလာတယ်ဆိုမှတော့ သူမအတွက်သူမ ပြန်ခုခံပေးဖို့ စကားရှာမရဖြစ်နေသည်။ အစောနတုန်းက သူမရဲ့ 'လိုအင်ဆန္ဒ'တွေကိုလည်း မေ့လိုက်တော့ အခုတော့ အဲ့ဒါတွေအားလုံးက ပျောက်သွားပီ။ စိတ်ပျက်လက်ပျက်ဖြင့် သူ့အား သူမသည် လက်ဝေ့လိုက်ပီး ပြောလိုက်သည်။ "ဒါဆိုရင် ကျွန်မတို့..."
သူမပြောချင်သည့်စကားတွေတောင် မပီးလိုက်ခင်မှာပဲ သူမမျက်လုံးရှေ့က အလင်းရောင်က ရုတ်တရပ် ပျောက်သွားသည်။ သူမနှုတ်ခမ်းထက်က နွေးထွေးသည့်ခံစားချက်နှင့်အတူ သူမပြောချင်သည့် အရာအားလုံးကလည်း လည်ချောင်းထဲမှာ ပျောက်သွားသည်။
ဘော့စ်ကတော့ ထုံးစံအတိုင်း ခန့်မှန်းရခက်နေတုန်းပင်။ ယန်ရှုယွီသည် ကြိတ်မှိတ်ပီးသာ သက်ပြင်းချလိုက်ပေမယ့် သူမလက်တွေကတော့ သူမစိတ်ခံစားချက်တွေအလျောက် အရမ်းရိုးသားနေသည်။ သူမလက်တွေက သူ့ခါးကို ဖက်မိသားပင်။ အရမ်းပါးသည့်ရှပ်အင်္ကျီကနေမှ ဘော့စ်၏သွယ်လျပေမယ့် တောင့်တင်းသည့် ခါးတစ်ဝိုက်ကို သူမလက်တွေဖြင့် ဖက်ထားပီး ဒါက အရမ်းခံစားလို့ကောင်းသည်။
ဟုတ်ပါတယ်။ ယန်ရှုယွီတစ်ယောက် မျက်နှာပြောင်ပြောင်နှင့်ပဲ သူမလက်တွေကို သူ့အနောက်တိုင်းဝတ်စုံဂျက်ကပ်အောက်ကနေ ဖက်လိုက်တာဖြစ်သည်။ သူမ၏စိတ်ထက်သန်မှုကြောင့် ကျိုးချင်းဟယ်တောင်မှ အံ့သြသွားသည်။ သတိမထားမိလောက်အောင်ကိုပဲ သူနည်းနည်းလေးတုံ့သွားသည်။ သူသည် အချိန်ယူပီး သဘာဝအတိုင်းဖြစ်သွားစေဖို့ လုပ်ထားတာပင်။ အခုတော့ သူသည် လက်တစ်ဖက်ကို သူမပုခုံးအားဖက်လိုက်ပီး နောက်တစ်ဖက်ကို သူမခေါင်းနောက်တွင်ထားလိုက်ကာ သူမအား ပိုတင်းကြပ်အောင်ဖက်လိုက်၍ အနမ်းတွေကို ပိုနက်ရှိုင်းစေလိုက်သည်။