အပိုင်း ၁၀၄
~~~~~~~~~~ရှောင်လွှဲဖို့နည်းမရှိမှတော့ သူမဖက်က ထိပ်တိုက်ရင်ဆိုင်လိုက်ရန်သာရှိတော့သည်။ ဖြစ်နိုင်တာက ဘော့စ်က သူမလေးစားသည့်အနေနှင့် သူမကိုလွယ်လွယ်လေးအလွတ်ပေးလိုက်နိုင်လောက်တယ်မလား? ထိုကဲ့သို့သော စိတ်ကူးလေးဖြင့် ယန်ရှုယွီသည် ဘော့စ်ရှိရာဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားလိုက်သည်။ ထိုလူအရှေ့လျှောက်သွားရင်း သူမသည် နှုတ်ဆက်လိုက်သည်။ "ဟယ်လို ဘော့စ်ကျိုး တိုက်ဆိုင်လိုက်တာ ဒီမှာတစ်ယောက်ယောက်ကိုစောင့်နေတာလား?"
ယန်ရှုယွီက ဒီတိုင်းစကားအဖြစ်ပြောလိုက်တာဖြစ်သည်။ မထင်ခဲ့မိတာကတော့ ကျိုးချင်းဟယ်သည် လှည့်လာပီး သူမအား စက္ကန့်အနည်းငယ်လောက်ကြည့်လိုက်ပီး အဓိပ္ပါယ်ပါပါဖြင့် ပြောလိုက်သည်။ "အင်း ဟုတ်တယ်"
ထူးဆန်းသည့်အကြောင်းရင်းတစ်ချို့ကြောင့် သူမဘယ်မှာနေလဲဆိုတာကို ဘော့စ်အားပေးသိလိုက်တာကို နောင်တရနေမိသည်။ သူမကို တိုက်ရှေ့မှာစောင့်နေတယ်ဆိုတာက ကောင်းသည့်အရာတော့မဟုတ်။ သူမရုတ်တရပ်အလိုလိုသတိကပ်သွားပီး နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကာ "အဲ့လိုကိုး ဒါဆိုရင် မနှောင့်ယှက်တော့ဘူးနော် နောက်မှတွေ့တာပေါ့ ..."လို့ပြောလိုက်ရင်း ချက်ချင်းထွက်ပြေးဖို့ကို ပြင်ဆင်လိုက်သည်။
သူမစကားတောင်မဆုံးသေးခင်မှာပဲ ကျိုးချင်းဟယ်က သူမအတွေးတွေကို ဖောက်ထွင်းမြင်နေပီးသားလေ။ သူသည် ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်းလာကာ သူ့လက်ဖြင့် သူမလက်ကောက်ဝတ်ကို ညင်သာစွာကိုင်လိုက်ရင်း "စိတ်မပူပါနဲ့ ကိုယ်စောင့်နေတဲ့သူက မင်းလေ"
သူ့ဖက်ကမြန်လွန်းလို့ ယန်ရှုယွီမှာတစက္ကန့်လောက်တုံ့သွားသည်။ သူမသည် အသိမြန်မြန်ကပ်လိုက်သည်။ ဘော့စ်က သူမလက်ကိုကိုင်လိုက်တာလား? သူမက ဇာတ်လိုက်ရဲ့မိထွေးဖြစ်လာပီး သူ့ကိုလက်ထပ်ရန်အတွက် ကံဆိုးမိုးမှောင်ကျဦးမှာလား? ဒီအတွေးက အရမ်းကိုကြောက်စရာကောင်သည်။ ယန်ရှုယွီသည် ထိတ်ထိတ်ပျာပျာဖြစ်သွားပီး မသိစိတ်ကအလိုလို လက်ကိုခါထုတ်ပစ်လိုက်သည်။ ဖြစ်ချင်တော့လည်း ကျိုးချင်းဟယ်က သူမလက်ကို အားသုံးပီးကိုင်ထားတာမဟုတ်တာကြောင့် သူမဖက်က လွယ်လွယ်လေးခါထုတ်လိုက်နိုင်သည်။
YOU ARE READING
RomanceAuthor(s) 清越流歌 Status in COO 100 Chapters + 3 Epilogues (Complete) English Translator(s) Fuyu Neko Fringe Alpaca Bamboo Spirit Fringe Manatee If you want to read original English translation, you all can read at novelupdates. Here link: https://www...