၂၄
9.5K 1.3K 13
အခန်း (၈.၁) - ဒေါ်လာ၂၅၀ (လက်ကျန်လေး)
ဖုန်းချလိုက်ပီးနောက်မှာတော့ ယန်ရှုယွီသည် ပိုက်ဆံရတော့မည်ဖြစ်တာကြောင့် အရမ်းတွေကို ပျော်ရွင်နေသည်လေ။
မန်နေဂျာချန်၏ဖုန်းက မထင်မှတ်ထားသည့်အချိန်မှာ ခေါ်လာခြင်းဖြစ်သည်။ သူမ ထူးဆန်းတယ်လို့များတွေးမိရဲ့လား? တွေးမိတာသေချာပေါက်ပေါ့။ ဒါပေမယ့် သူမ အကောင့်ထဲတွင် ဒေါ်လာ၂၅၀သာကျန်တော့သည်။ ဇာတ်ကြောင်းအသွားအလာထက် သူမငတ်သေသွားမည်ကို ပိုပီးစိုးရိမ်မိသည်လေ။
ဒါကြောင့် သူမဒီကမ္ဘာကိုစရောက်တုန်းက အကောင့်ထဲက ဒေါ်လာတစ်သောင်းကနေပီးတော့ ဘယ်လိုလုပ်ပီး အခုလို မျက်စိတစ်မှိတ်အတွင်း ဒေါ်လာ၂၅၀တန်းဖြစ်သွားရသည်လဲ? ယန်ရှုယွီသည်ပင် သူမကိုယ်သူမ အရမ်းကို အသုံးလွန်သွားသည်ဟုပင် အပြစ်တင်ရတော့မည်။
သူမသိထားသည်က နဂိုပိုင်ရှင်သည် တိုက်ခန်းလခခြောက်လစာနှင့် ကလေးလေးအတွက် မူကြိုစရိတ်ပေးထားပီးတာတောင်မှ ပိုက်ဆံတွေကျန်နေသေးသည် ဟုပင်။ ဒါ့အပြင် သူမသည်လဝက်ရောက်ရင်လည်း လခရတော့မည်ဖြစ်သည်။ သူမလက်ထဲတွင် ပိုက်ဆံသာရှိပါက သူမ အလုပ်အသစ်မရခင်အထိ အဆင်ပြေပြေနေနေလို့ရလောက်သည်။ ဒီလောက်ငွေနှင့် သူမတို့သားအမိနှစ်ယောက်စာ ဖူလုံသည်ဟုတွေးထားပီး သူမအရမ်းကြီးစိုးရိမ်ပူပင်ကြောင့်ကျခြင်းမရှိခဲ့ပေ။ ဒါကြောင့်အကောင်းဖက်ကနေသာအမြဲတွေးသည့်ယန်ရှုယွီအတွက် ဖိအားတွေလျော့သွားသလိုပင်။
သူမကူးပြောင်းလာပီးနောက်တစ်ရက်သည် ပိတ်ရက်ဖြစ်သည်။ သူမသည် သူမသားကိုဆွဲခေါ်သွားပီး တက်ကြွစွာဖြင့် ရှော့ပင်ထွက်လိုက်သည်။ သူသည် သူမဘဝသစ်ကိုစသည့်အနေဖြင့် အဝတ်တစ်စုံအသစ်ဝယ်လိုက်သည်။ သူမသည် နာမည်ကြီးအမျိုးအစားကို မတတ်နိုင်ပေမယ့် လမ်းဘေးမှာဖွင့်ထားသည့်ဆိုင်ခန်းတွေက အဝတ်တွေကိုတော့ တတ်နိုင်သေးသည်လေ။ ယန်ရှုယွီသည် မျှမျှတတပင်။ သူမအတွက် ဝတ်စုံလှလှလေးတစ်စုံဝယ်ပီး သူမသားလေးအတွက်လည်း ဝတ်စုံသစ်တစ်စုံအသစ်ဝယ်ပေးသည်လေ။ သူမတို့သားအမိသည် ပျော်ရွင်စွာဖြင့် ကောင်းကောင်းသောက် ကောင်းကောင်းစားရင်း ပိတ်ရက်အတွင်းမှာ ဒေါ်လာတစ်ထောင်လောက်ကုန်သွားသည်လေ။