{TN လေး နည်းနည်းထည့်ပါရစေ
ဒီ novel ကို ဖတ်ပီး ယန်ရှုယွီရဲ့စိတ်နေသဘောထား၊ တွေးခေါ်ပုံနဲ့ အပြုအမူအပြောအဆိုပိုင်းအပေါ် တစ်မျိုးကြီးဖြစ်နေမယ့် reader တွေ ရှိကြမယ်ထင်ပါတယ် ETrans Comment Section မှာလည်း ယန်ရှုယွီရဲ့ပုံစံကို သဘောမကျဘူးလို့ တစ်ချို့တွေက ပြောထားတာတွေ့လို့ပါ
အခုလို note ထည့်လိုက်တာက ယန်ရှုယွီအပေါ် နည်းနည်းလောက်ပိုနားလည်သွားအောင် ကိုယ့်အမြင်ကို မျှဝေတဲ့သဘောပေါ့နော်
ယန်ရှုယွီ ဒီဝတ္ထုထဲမကူးပြောင်းလာခင် သူနေခဲ့တဲ့ဘဝမှာ ငယ်ရာကနေ သူ့လက်ရှိအသက်အရွယ်ထိ ဘာမှမပူပင်မကြောင့်ကြပဲ နေခဲ့ရတဲ့သူတစ်ယောက်ပါ ကြိကြိတက်ချမ်းသာတဲ့မိသားစုက မဟုတ်ပေမယ့် လိုလေသေးမရှိ ပြည့်ပြည့်စုံစုံနေနိုင်တဲ့မိသားစုကပါ အသက်၂၀ကျော် တက္ကသိုလ်တက်ပီး အရွယ်ရောက်နေပီဆိုပေမယ့် အတွေးက ကလေးဆန်နေတုန်းပါပဲ ဒီလိုနေလာခဲ့ရတဲ့သူက ရုတ်တရက် ကလေးတယောက်အမေဖြစ်သွားပီး ဒီဘဝနဲ့လိုက်လျောညီထွေဖြစ်အောင်ကြိုးစားနေပေမယ့် ကလေးဆန်တဲ့သူတယောက်က ချက်ချင်းကြီးရင့်ကျက်သွားဖို့က လွယ်လွယ်နဲ့မဖြစ်နိုင်ဘူးလေ ဒါကြောင့် ယန်ရှုယွီပုံစံက တစ်ခါတစ်လေကြောင်တောင်တောင်နိုင်ပီး တစ်ခါတစ်လေကျအဆင်ပြေပြေဖြစ်နေနိုင်တာကို နားလည်ပီး ဖတ်ရှုပေးပါနော်
ဒီနေ့တော့ TN က ဒီလောက်ပါပဲ
ဒီလောက်နဲ့မရပ်ရင်လဲ အပိုင်းတပိုင်းစာလောက်ရှည်သွားတော့မယ် Hehe
Thank you and enjoy reading! 😘😘😘}
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^အပိုင်း ၁၁၂
~~~~~~~~ဝတ္ထုထဲတွင် မိထွေးဖြစ်သူသည် ထိုမိသားစုထဲ လက်မထပ်သွားခင် နှစ်နှစ်လောက် ကြိုးစားလိုက်ရသေးသည်။ ဒါက သူမကို သိစေတာက ဒီလူမိသားစုထဲဝင်ဖို့ဆိုတာ လွယ်ကူသည့်ကိစ္စတစ်ခုမဟုတ်ဘူးဆိုတာပင်။ ဘော့စ်က အခုသူမကို ပိုးပန်းနေမေယ့် သူမကို မြန်မြန်ကြီးလက်ထပ်ချင်မယ်ဆိုတာကိုတော့ သူမသံသယဝင်မိသည်။
ဒါက သူ့ပုံစံတိုင်းမဟုတ်ဘူးလေ။ ဖြစ်နိုင်ချေအများဆုံးရှိတာကတော့ ဘော့စ်သည် သူပြောခဲ့သလို အခုလောလောဆယ်က သူသည် သူမနှင့်တွဲကြည့်ချင်ရုံလောက်သာဖြစ်ရမည်။ သူမဖက်ကနေပီး လောဘကြီးပီးဇွတ်တရွတ်ဆန်ဆန်သာလုပ်ပြနေလျှင် ဘော့စ်ကနေပီး အချိန်တစ်ခုကြာသည်နှင့် သူမအား စိတ်ဝင်စားမှုလျော့နည်းသွားမည်လေ။
YOU ARE READING
RomanceAuthor(s) 清越流歌 Status in COO 100 Chapters + 3 Epilogues (Complete) English Translator(s) Fuyu Neko Fringe Alpaca Bamboo Spirit Fringe Manatee If you want to read original English translation, you all can read at novelupdates. Here link: https://www...