၈၀
7.2K 1K 17
အခန်း (၂၃.၃)
~~~~~~~~~~~~~~
အစတုန်းကတော့ ယန်ရှုယွီကနေပီး သူမဖက်က နည်းနည်းကောင်းကောင်းမွန်မွန်ပြန်မပြောလိုက်သည့် messageကြောင့် ဘော့စ်များ စိတ်အနှောင့်အယှက်ဖြစ်သွားလားဆိုပီး နည်းနည်းစိတ်ပူမိသေးသည်။ ဒါပေမယ့် နောက်၂ရက် ၃ရက်ကြာသွားသည်အထိ ဘော့စ်ဖက်က ဘာမှပြန်ပြောလာတာလည်းမရှိသလို ဆိုင်ကိုရောက်လာတာလည်းမရှိပေ။ ယန်ရှုယွီသည် နေရထိုင်ရကောင်းလာပီး ဒီကိစ္စတစ်ခုလုံးကို မေ့ခါနီးတောင်ဖြစ်နေပီဖြစ်သည်။ ဒါပေမယ့် သူမစိတ်သက်သာရာရခါနီးမှာပဲ ဘော့စ်ဆီကနေပီး ဒုတိယမြောက်messageကို ဆိုင်းမဆင့်ဘုံမဆင့်လက်ခံလိုက်ရသည်။ messageထဲမှာပါသည့်အကြောင်းက ပိုပီးတောင် စိတ်ရှုပ်ထွေးဖို့ကောင်းသေးသည်။ မေးထားတာက အခုတစ်လော သူမအလုပ်များနေသလားဆိုတာပင်။ အဲ့အတွက် ယန်ရှုယွီဖက်ကနေပီး ကောင်းမွန်သည့်အဖြေဖြစ်သော "ပုံမှန်ပါပဲ အခုလိုမေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"ဆိုပီး ပြန်ပြောလိုက်သည်။ ပီးတော့ ဒါပဲလေ။ ဘာမှဆက်မရှိ။
ဘော့စ်၏တတိယမြောက်messageကမှ ပိုပီးရိုးရှင်းသေးသည်။ ဘာဘာညာညာစကားလှအောင်တွေပြောမနေပဲ ဇာတ်လိုက်ပေါက်စလေးက စန္ဒယားကို လေးလေးနက်နက်ဖြင့် လေ့ကျင့်နေသည့်ဓါတ်ပုံကို ပို့လာသည်။
ပြောစရာမလိုတာကတော့ ဘော့စ်ကနေပီး သူ့သားအကြောင်း သူမဆီ ကြွားချင်သည့်ပုံရသည် လိုချင်သည့်ရလဒ်ကို ရသွားသည်လို့ပြောရမည်လေ။ ဓါတ်ပုံလေးတစ်ခုတည်းကနေပီး ယန်ရှုယွီအနေဖြင့် ဇာတ်လိုက်ဘယ်လောက်တော်ကြောင်း မပြောနိုင်ပေမယ့် သူမအကြည့်တစ်ချက်တည်းနှင့်ပင် ဇာတ်လိုက်တီးနေသည့်စန္ဒယားသည် တကယ့်နာမည်ကျော် Rolls Royceစန္ဒယားဖြစ်မှန်း သိလိုက်သည်။ သာမန်ရိုးကျပုံစံကတောင်မှ မီလျံချီပေးရသည်။ ဇာတ်လိုက်တီးနေသည့်အမျိုးအစာမျိုးကို ဈေးကွက်ထဲတွင် သူမတစ်ခါမှ မမြင်ဖူးပေ။ ဒါကြောင့် ဒါက သီးသန့်ထုတ် ကိုယ်တိုင်စိတ်တိုင်းကျမှာထားသည့်အမျိုးအစားမှန်းသိနိုင်သည်။ ဒါက Rolls Royceတစ်ကားစာလောက် ကုန်ကျစရိတ်ရှိလောက်သည်။
ကောင်လေးနှစ်ယောက်လုံးက စန္ဒယားစသင်နေကြပေမယ့် ဇာတ်လိုက်၏စန္ဒယားကတော့ Steinwayဖြစ်ပီး သူမသားကတော့ လက်ဆောင်ရထားသည့် တစ်ပတ်ရစ်လျှပ်စစ်စန္ဒယားလေးနှင့်သာဖြစ်သည်။ ယန်ရှုယွီကတော့ ဘယ်လိုမှမနေပေမယ့် နည်းနည်းတော့ အားကျစိတ်လေးဖြစ်မိသည်။ သူမသည် သူမကိုယ်သူမ အဲ့ဒီတော့ကော ဘာဖြစ်လဲဆိုပီးသာ နှစ်သိမ့်ပီးတွေးလိုက်သည်။ သူမသားက ထိပ်ဆုံးကို တက်သွားပီး စန္ဒယားမင်းသားလေးဖြစ်လာမည်ပဲ။ ဇာတ်လိုက်ကို အားကျတာကော မနာလိုတာကော ဖြစ်စရာကို မလိုတာ။