၂၆
10K 1.5K 12
အခန်း (၈.၃)
ယန်ရှုယွီသည် အခုနောက်ပိုင်း သူမစာမေးပွဲအတွက်သာ အာရုံအပြည့်ထားထားတာကြောင့် စန္ဒရားကို မတီးဖြစ်တာတော်တော်ကြာနေပီဖြစ်သည်။ သူမကို ပိုပီးရင့်ကျက်သွားစေလို့ပဲလားတော့မသိ သူ့မလက်ချောင်းတွေသည် တောင့်တင်းနေမည့်အစား ယခုလိုမျိုး ချောမွေ့ပီး လိုသလိုထိန်းနိုင်တာမျိုး တစ်ခါမှမဖြစ်ဖူးပေ။ စိတ်ခံစားချက်အပြည့်ဖြင့် သူမသည် တင်ဆက်မှုကို အဆုံးသတ်လိုက်သည်။ စန္ဒရားနှင့်ပတ်သတ်ပီး အသိအနည်းငယ်ရှိသည့်သူပင် သူမကို လက်ခုပ်တီးအားပေးကြသည်။
အခုချိန်ကတော့ မနက်၁၀နာရီကျော်လေးပဲရှိသေးသည်။ ဒါကြောင့် စားသောက်ဆိုင်တွင်းတွင် ဧည့်သည်တစ်ယောက်မှမရှိပေ။ သူမဖျော်ဖြေနေတုန်းမှာပဲ စားသောက်ဆိုင်ရှိဝန်ထမ်းတွေအားလုံးသည် သူမရှိရာနားသို့ စုပြုံလာကြသည်။ စားသောက်ဆိုင်၏မန်နေဂျာဖြစ်သည့် လူငယ်အရွယ် ယမ်ဇီဖန်ယုံကြည်လိုက်တာကတော့ သူမသည် တကယ့်ကိုလက်မလွတ်သင့်သည့်သူဖြစ်သည်ဟုပင်။ ဒါကြောင့် သူမသည်အလုပ်ရှာနေသည်ဟု သိသိခြင်းမှာပဲ သူသည် သူမကို ချက်ချင်းအပေါ်ထပ်က ရုံးခန်းတွင်းသို့ ဖိတ်ခေါ်လိုက်သည်။ “ကျွန်တော်နဲ့လိုက်ခဲ့ပါ စကားပြောရအောင်”
ယန်ရှုယွီသည် သူမဖက်က တစ်လက်မလောက်ပေးလိုက်ရလျှင် တစ်မိုင်စာလောက်ပြန်လိုချင်သူဖြစ်သည်။ မန်နေဂျာယမ်၏စိတ်အားထက်သန်မှုကို ကြည့်ပီး သူမသည် သူမကံကောင်းမှုကို တွန်းအားပေးဖို့လုပ်လိုက်သည်။ သူမသည် အလုပ်ချိန်ကိုကြားလိုက်ရသည့်အခါမှာတော့ သူမသည် မျက်မှောင်ကျုံ့လိုက်ပီး စဉ်းစားနေသည့်အမူအရာဖြင့် “ကျွန်မက ကျွန်မသားလေးကို နေ့တိုင်းကျောင်းကြိုပို့စရာရှိတယ် ဒီအလုပ်ချိန်က ကျွန်မနဲ့အဆင်မပြေလောက်ဘူးထင်တယ်နော် …”
ကလေးလေးသည် နောက်တစ်နှစ်တွင် မူကြိုကျောင်းပီးမည်ဖြစ်ကြောင်းကို မန်နေဂျာယမ်သိလိုက်ရသည့်အခါမှာတော့ သူသည် လက်ကိုဝေ့လိုက်ပီး “အဲ့ဒါက ပြဿနာမရှိပါဘူး ခင်ဗျားရဲ့ကလေးက ၄နာရီနောက်ပိုင်းမှကျောင်းဆင်းတာမလား အဲ့ချိန်က ကျွန်တော်တို့ဆိုင်မှာ လူရှုပ်တဲ့ချိန်မဟုတ်ဘူး ခင်ဗျား အဲ့ချိန်ကလေးသွားကြိုလို့ရတယ် အကယ်လို့ ခင်ဗျားက ကလေးကို အိမ်မှာတစ်ယောက်ထဲမထားခဲ့ချင်ဘူးဆိုရင် ဒီကို တစ်ခါတည်းခေါ်လာလို့ရတယ် ခင်ဗျားကလေးကို ကျွန်တော်တို့လည်းဝိုင်းထိန်းပေးနိုင်တယ်”