၁၉၆
1.5K 152 2
အပိုင်း (၁၉၆) – "သနားစရာ" ဇာတ်လိုက်လေး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယန်ရှုယွီသည် သူ့ကို တိတ်တဆိတ်ပဲ လွတ်ပေးလိုက်သည်။ တစ်ကြိမ်တော့ သူ့ကို လွတ်ပေးလိုက်ဖို့ သူမအင်တင်တင်ဖြစ်နေသည်။ "ဒါဆိုရင် ... ကျွန်မသွားတော့မယ်နော်"
"နေဦး..."
ယန်ရှုယွီသည် ချက်ချင်းကိုလှည့်လိုက်ပြီး သူမမျက်လုံးတွေက တောက်ပနေသည်။ သူမထင်ထားသည်ထက် သူမအသံထဲတွင် မျှော်လင့်နေမှုတွေပိုပြီးပါဝင်နေသည်။ "ရှင်ကျွန်မကိုတစ်ခြားပြောချင်တာရှိသေးလား?"
ကျိုးချင်းဟယ်သည် ကားနောက်ခန်းပစ္စည်းထည့်သည့်နေရာကနေ အိတ်တစ်လုံးကို ကိုယ်တိုင်ဆွဲထုတ်လိုက်၍ သူမကို ကမ်းပေးလိုက်သည်။ "ဒါကို ကိုယ်မေ့သွားတော့မလို့"
ယန်ရှုယွီသည် သတိတောင်မထားမိပဲ လက်ခံလိုက်ပြီးမှ ကစားစရာထည့်ထားသောအိတ်ဖြစ်နေမှန်း သူမသိလိုက်သည်။ သူမသည် ဘော့စ်အားကြည့်လိုက်ပြီးနောက် ဘာပြောရမှန်းမသိဖြစ်နေကာ "ဒါက?"
"မနေ့က မင်းလက်ဆောင်ကို သူရသွားတော့ ရှောင်ယိက အရမ်းပျော်သွားတယ် သူက မင်းကို လူကိုယ်တိုင်လိုက်ပြီး ကျေးဇူးတင်ချင်ပေမယ့် အချိန်က နောက်ကျနေပြီလေ ဒါကြောင့် သူက လက်ဆောင်တစ်ခုပြန်ထည့်ပေးလာတာ" ဘော့စ်ကျိုးသည် စကားကိုရပ်လိုက်ပြီး အသေးစိတ်ရှင်းပြလိုက်သည်။ "ဒါက သူ့အကြိုက်ဆုံးကားလေ ရှောင်ယိကိုယ်တိုင်ထည့်ပေးလိုက်တာ ယွမ်ပေါင်က သူ့လက်ဆောင်ကို သဘောကျမယ်လို့လဲ သူမျှော်လင့်ထားတယ်"
ယန်ရှုယွီသည် နည်းနည်းတွေးလိုက်ပြီးမှ ဇာတ်လိုက်လေး သူမကို ကစားစရာပြန်ပေးလာသည့်နောက်ကွယ်က လော့ဂျစ်ကို သူမနားလည်သွားသည် - သူမသည် သူ့ကို ကလေးအတွက် ပစ္စည်းလေးတွေဝယ်ပေးလိုက်သည်။ တစ်စုံတစ်ယောက်ကို အပြန်အလှန်တုံ့ပြန်ရမည်ဆိုပြီး ဇာတ်လိုက်လေးက တွေးလိုက်တဲ့ပုံပဲ? ဒါပေမယ့် လူကြီးတစ်ယောက်အနေနှင့် သူမအတွက် ဒါက အသုံးမလိုတော့ ဒီကစားစရာက သူမသားအတွက်သာဖြစ်သည်။
ဒီလိုပြောမှ ယန်ရှုယွီတစ်ယောက် ဒီကိုကူးပြောင်းလာပြီးကတည်းက သူမသားအတွက် ဘယ်ကစားစရာမှ တကယ်ကိုမဝယ်ပေးဖူးသေးပေ။ သူမဒီလောက်ကြီးကပ်စီးနည်းတာတော့မဟုတ်ပေမယ့် အမေတစ်ယောက်ချက်ချင်းဖြစ်လာရသည့်အတွက် သူမမှာ အတွေ့အကြုံက ဇီးရိုးပင်။ ဒီလိုနှင့် သူမသားကလည်း အရမ်းကိုအလိုက်သိကာ ရင့်ကျက်ပြီး ကစားစရာကိုလည်း တစ်ခါမှမတောင်းဖူးပေ။ တကယ်တမ်းမှာလည်း အိမ်မှာရှိသည့်အရုပ်အနည်းငယ်နှင့်တောင် သူကသိပ်မဆော့ပေ။ ဒါကြောင့် သူမသားက ကစားစရာကို မလိုလောက်ဘူးလို့ သူမအဓိပ္ပါယ်ကောက်လွဲသွားတာဖြစ်ရမည်။