အခန်း (၁၇.၅)
~~~~~~~~~~~~~~~~~~~~~~
"အိုး ဘိုင့်" ယန်ရှုယွီသည် မတ်တပ်ရပ်ပီး လက်ကိုဝေ့ယမ်းပြလိုက်ပီး သူမသည် အပျော်နည်းနည်းလျော့သွားသလိုခံစားခိုက်ရသည်။
ဒီလိုမျိုး သူမ၏ခံစားချက်က သိသိသာသာကို ပြောင်းသွားတာကြောင့် သူမဘော်ဒါလေးသည် သူမနားရောက်လာပီး မေးလိုက်သည် "ယန်ယန် အဲ့ဒီသခင်လေးနဲ့ အရမ်းတွေပျော်နေတာ အခုကတည်းက သူ့ကိုလွမ်းနေပီလား?"
"ဘာဖြစ်သွားတာလဲ?" ယန်ရှုယွီသည် စိတ်မထိန်းနိုင်တော့စွာဖြင့် သူမဆံပင်တွေကို ဆုတ်ဆွဲလိုက်သည်။ "ငါ သူများကလေးတွေကို ထိန်းပေးရတာ အရမ်းမုန်းတယ်လေ ငါအခုဘာလုပ်လိုက်တာလဲ?"
သူမနားက ဖြတ်သွားသည့်ရှယ်ရီသည် အကျယ်ကြီးအော်ရယ်လိုက်ပီး ပြောလာသည် "နင်က ဘော့စ်ကျိုးရဲ့ကလေးကိုပဲ မထိန်းချင်တာပါ"
အနာဂတ်တောက်ပသည့်ဥက္ကဌတစ်ယောက်က သူမကိုစိတ်ဝင်စားသည့်အခြေအနေကနေ အနာဂတ်တောက်ပသည့်ဥက္ကဌက သူ့သားအတွက် နာနီဖြစ်စေချင်တာက တော်တော်လေးကို ကွာသည်လေ။ ဒီရှယ်ရီကျဲကျဲက ဘော့စ်ကို လုံးဝလက်လျော့လိုက်ပီဆိုပေမယ့် ယန်ရှုယွီကိုကတော့ မထိတထိပြောနေတုန်းပင်။
ယန်ရှုယွီ၏တုံ့ပြန်မှုကလည်း ရိုးရှင်းပီး ခပ်တိုတိုပင် – အသက်ထွက်အောင်နှာခေါင်းရှုံ့လိုက်ပီး သူမသည် ဝင့်ကြွားစွာဖြင့် နောက်လှည့်သွားကာ သူမခေါင်းအနောက်ဖက်ကိုသာ ရှယ်ရီဖက်လှည့်ပြလိုက်သည်။ ဟုတ်ပါသည် သူမဂုဏ်ယူပီတိဖြာနေသည်လေ။ အဲ့တော့ဘာဖြစ်လဲ?
ယန်ရှုယွီနှင့်ရှယ်ရီတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်ထိုကဲ့သို့ပြောနေကြပေမယ့် သူတို့နှစ်ယောက်သည် အရင်းနှီးဆုံးဖြစ်ကြသည်။ အကုန်လုံးကတော့ ဒီလိုဖြစ်နေတာကို နေသားကျနေပီဖြစ်သည်။ ဒါကြောင့် သူတို့သည်ဆက်မေးလိုက်သည် "ဟုတ်တယ် တကယ်လို့နင်တစ်ခြားကလေးတွေကို မထိန်းချင်ဘူးဆိုရင် ဘယ်လိုလုပ်ပီး အဲ့ဒီသခင်လေးနဲ့အရမ်းတွေပျော်နေတာလဲ?"
ယန်ရှုယွီ "......"
သူမသည် ဝန်မခံချင်ပေမယ့်လည်း သူမသည် ဇာတ်လိုက်ပေါက်စလေးရဲ့မျက်နှာလှလှလေး၏ဆွဲဆောင်မှုနောက် ကောက်ကောက်ပါသွားမိသည်လေ။
YOU ARE READING
RomanceAuthor(s) 清越流歌 Status in COO 100 Chapters + 3 Epilogues (Complete) English Translator(s) Fuyu Neko Fringe Alpaca Bamboo Spirit Fringe Manatee If you want to read original English translation, you all can read at novelupdates. Here link: https://www...