၁၃၇
3.3K 576 13
အပိုင်း (၁၃၇)
ဘယ်ဖက်လက်တွင် သူမဖုန်းကို ကိုင်ထားပီး ညာဖက်လက်တွင်တော့ သူမသားလက်တစ်ဖက်ဖြင့် ယန်ရှုယွီသည် ကားတည့်တည့်သို့ လျှောက်သွားလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူမအသံက အံ့အားသင့်နေသည်။ "ရှင်စောင့်နေတာ အကြာကြီးရှိသွားပီလား? ကျွန်မတို့ ပြောထားတဲ့အချိန်ထက် ကျွန်မ စောပီး ဆင်းလာတယ်လို့ ထင်နေတာ"
"မကြာသေးပါဘူး ကိုယ်တို့လည်း အခုလေးတင်မှ ရောက်တာပါ" ဟု ကျိုးချင်းဟယ်က အပြုံးလေးဖြင့် ပြောလာသည်။ "ကားရပ်ရတာက ဒီမှာ မလွယ်ဘူးလေ ဒါကြောင့် မင်းရှိတဲ့ဆီ ကိုယ်မလျှောက်လာလိုက်တာ"
ကားဆီကို လမ်းနည်းနည်းလောက်လျှောက်သွားရုံနှင့် ရောက်သွားမည်ကို သူမအား ဘော့စ်ဖက်က လာခေါ်စရာလောက်ထိတော့ မလိုဘူးဟု ယန်ရှုယွီ ခံစားလိုက်ရသည်။ တစ်ဖက်မှာတော့ သူမတကယ်ပဲ အံ့အားသင့်သွားသည်။ ဘော့စ်ပြောသလိုသာဆိုရင် ဒီနေ့ သူကိုယ်တိုင် ကားမောင်းလာခဲ့တာပေါ့။ သူမ သိသလောက်ဆိုရင်တော့ ကလေးတွေက ကားမောင်းသူဘေးခုံတွင် ထိုင်ခွင့်မရှိဘူးဆိုတာပင်။ ဒီတော့ သူမကားထဲဝင်တဲ့ချိန် သူမက သူမသားနှင့်အတူ အနောက်မှာပဲ ထိုင်ရမှာလား ဒါမှမဟုတ် ရှေ့ခုံမှာပဲ ထိုင်ရမှာလား?
ကားဆီကို လျှောက်သွားသည်နှင့် သူမအပိုတွေတွေးနေမိပီဆိုတာကို သိလိုက်သည်။ သေချာပေါက်ကို ကျိုးယိက နောက်ခန်းမှာ ကောင်းကောင်းမွန်မွန်လေးထိုင်နေသည်လေ။ သူ့ထိုင်ခုံဘေးတွင်လည်း နောက်ထပ် ခုံတစ်ခုထပ်ရှိသေးသည်။ ဒီခုံနှစ်ခုလုံးက ကားနောက်ခန်းက ထိုင်သည့်နေရာအပြည့်ကို ယူထားသည်။ တကယ်လို့သာ သူမရှေ့ခန်းတွင် မထိုင်ပါက သူမအတွက်နေရာကတော့ နောက်ဖုံးထဲမှာသာဖြစ်သွားတော့မည်။
ဒါပေါ့ ဒီအတွက်ကြောင့် ယန်ရှုယွီသည် ပျော်သွားတာတော့မဟုတ်ပေမယ့် "ရှင်က ကလေးထိုင်ခုံအပိုတစ်ခုပါ ပြင်လာပေးတယ် တွေးပေးတတ်လိုက်တာ ..."
ကျိုးချင်းဟယ်သည် ကားထဲကထွက်လာပီး ကျန်းယွမ်ကျားအား ထိုင်ခုံထဲသို့ သူကိုယ်တိုင်ထည့်ပေးလိုက်ပီး လုံခြုံရေးခါးပတ်လည်း သေချာပတ်ပေးလိုက်ပီး ဘာမှမဟုတ်သလိုဖြင့် ရှင်းပြလာသည်။ "ကလေးနှစ်ယောက်လုံးက ၇နှစ်မကျော်သေးဘူးလေ သူတို့နှစ်ယောက်လုံး ကလေးထိုင်ခုံနဲ့ပဲ စီးတာ ပိုပီးစိတ်ချရတယ်"