၂၂
10.5K 1.5K 33
အခန်း (၇.၂)
ဒီလိုမလွှဲမရှောင်သာသည့်အခြေအနေမှာပဲ ဘာမှန်းသေချာနားမလည်သည့် ဧည့်ခန်းမန်နေဂျာဝူလျန်က သူမကို ဒီအကျဉ်းအကျပ်ထဲကနေပီး ကယ်တင်ပေးလိုက်သည်။ သူသည် ဒီမတော်တဆမှုကို မသိပေမယ့် ဥက္ကဌကျိုးက ဒီဟိုတယ်ဝန်ထမ်းထဲက အလှဆုံးတစ်ယောက်အကြောင်း ရုတ်တရပ်မေးလာတာကိုတော့ သူနားလည်နိုင်သည်။ သူတို့နှစ်ယောက်လုံးက ယောက်ျားတွေလေ။ ထိုမိန်းမလှလေးအလုပ်ထွက်သွားတာကို သိလိုက်ရတုန်းကလဲ သူတောင်နဲနဲကြေကွဲသွားသလိုဖြစ်သွားသေးသည်လေ။ သူသည် ဒီအခွင့်အရေးကို အသုံးချပီး ချန်ကျင်းကို မေးလိုက်သည်။ “ဒါပေမယ့် မန်နေဂျာချန် ရှောင်ယန်က အခုမှ ဟိုတယ်မှာအလုပ်ဝင်စပဲ ရှိသေးတာမလား သူမက ဘာလို့ရုတ်တရပ်ကြီးအလုပ်ထွက်သွားတာလဲ ကျွန်တော်သိတာမှန်ရင်တော့ သူမက အလုပ်ထွက်ဖို့ ကြိုတင်အသိပေးတာမျိုးတောင် မရှိခဲ့ဘူးမလား”
အရမ်းကို ကောင်းလိုက်တဲ့မေးခွန်းပဲ မန်နေဂျာဝူရယ်။ ချန်ကျင်းသည် ချက်ချင်းကို ဖြေရှင်းချက်ထုတ်ပေးလိုက်သည်။ “အမှန်အတိုင်းပြောရရင် ရှောင်ယန်အလုပ်ထွက်သွားတာကိုတောင် ကျွန်မ မန်နေဂျာရှုဆီကနေပီး တဆင့်သိလိုက်ရတာ သူမကိုယ်ရေးကိုယ်တာကိစ္စကြောင့်မို့လို့ ကြိုအသိပေးတာမျိုးမလုပ်နိုင်ဘူးဖြစ်သွားတာ ဒါကြောင့် သူမကို လစာဖြတ်မယ်လို့ပြောတာတောင် သူမလက်ခံလိုက်တယ်လေ”
ဝူလျန်က တကယ့်ကို သိချင်သွားပီ။ သူသည် ဥက္ကဌကျိုးကို တစ်ချက်ခိုးကြည့်လိုက်ပီး စိတ်မရှည်သလို မလိုလားသလိုအမူအရာမျိုးမတွေ့တာကြောင့်  ဥက္ကဌလဲ ဒီကိစ္စနဲ့ပတ်သတ်ပီး စိတ်ဝင်စားလောက်သည်ဟု ကိုယ့်ဘာသာကိုယ်ယူဆလိုက်ပီး သူသည် အရဲတင့်ကာ မေးခွန်းတွေကို ဆက်မေးလိုက်သည်။ “ဘာတွေဒီလောက်အရေးကြီးသွားတာလဲ သူမနေမကောင်းဖြစ်တာမျိုးတော့မဟုတ်ဘူးမလား”
ချန်ကျင်းသည် သူမ၏လုပ်ဖော်ကိုင်ဖက်ကြီးကို လက်မအကြီးကြီးပေးလိုက်သည်။ သူမသည် ရိုးရိုးသားသားပြောပြလိုက်သလိုပုံစံဖြင့် ခေါင်းကိုအသာခါပီး “နေမကောင်းတာရှောင်ယန်မဟုတ်ဘူး သူမကလေးလေးနေမကောင်းတာ”