၁၄
10.9K 1.5K 14
အခန်း (၅.၁) - အနိမ့်ဆုံးသတ်မှတ်ထားတဲ့လိုင်းက ဆက်ပီးကျလာတယ်
အင်တာနက်ပေါ်တွေမှာ ကြီးကြီးကျယ်ကျယ်တွေပြောထားသလိုပါပဲ - ဆင်းရဲမွဲတေတာက အပြစ်တစ်ခုဖြစ်ပီး ပြဿနာတွေအားလုံးရဲ့အရင်းအမြစ်ဖြစ်သည်။ ယန်ရှုယွီသည်လည်းထိုအဆိုကိုငြင်းပယ်လို့မရပေ။ သူမသည် အထပ်ထပ်အခါခါစဉ်းစားပီးသွားသည့်နောက်မှာတော့ သူမအတွက်မလိုချင်သည့်အဖြေကတော့ သူမသည် သူမသားကိုကျောင်းပြောင်းလိုက်ဖို့အကြံဉာဏ်ကိုလက်လျော့လိုက်ရတော့မည်ဆိုတာကိုပင်။
ဒါပေမယ့် သူမကတော့ နေရာရွေ့ပြောင်းဦးမည်။ ဒါက သူမ၏နောက်ဆုံးတင်းခံထားသည့်ခေါင်းမာမှုပင်။
အဆိုးဆုံးဖြစ်လာမည်ဆိုရင်လည်း သူမတို့သည် အရမ်းဝေးဝေးကိုမပြောင်းနိုင်ရုံသာဖြစ်မည်။ Hotel Dorsettနဲ့ကျိုးရုံးချုပ်နဲ့သာ သူတို့ဝေးသွားမည်ဆိုပါက လုံလောက်ပီလေ။
ငါကတော်တော်လေးဦးနှောက်ပြေးတာပဲ။ ဘယ်အရာမှင့ါကိုစိတ်ဓါတ်ကျအောင်လုပ်နိုင်မှမဟုတ်ဘူး။ ယန်ရှုယွီသည် သူမကိုသူမပျော်ရွင်စွာတွေးနေလိုက်ပီးနောက်တော့ သူမသည် စိတ်ဓါတ်မကျတော့ပေ။ သူမသည် တက်ကြွသည့်ခြေလှမ်းတွေဖြင့်အိမ်သို့ပြန်လိုက်ပီး အိမ်ပြန်ရောက်သည်နှင့်ဖုန်းကိုတန်းယူလိုက်ပီး အိမ်ရှင်တွေ၏နံပါတ်ကိုနှိပ်လိုက်သည်။
အိမ်ရှင်တို့သည် သက်လက်ပိုင်းအရွယ်စုံတွဲဖြစ်သည်။ ဝတ္ထုအရဆိုရင်တော့ သူတို့သည် အေးအေးဆေးဆေးရှိသည့်အလုပ်ကိုလုပ်ကြပီး အားလပ်ချိန်များစွာရှိသည်။ ဒါကြောင့် သူတို့သည် ကြီးကြပ်ပေးမည့်ကုမ္ပဏီကိုအပ်မည့်အစား ငှားရမ်းသည့်ကိစ္စတို့ကို သူတို့ကိုယ်တိုင်သာလုပ်လေသည်။ ဒီအချက်ကပဲ ယန်ရှုယွီအတွက် ပိုပီးအဆင်ပြေသွားစေသည်။ အကယ်၍သူတို့သာ ကြီးကြပ်ပေးမယ့်ကုမ္ပဏီကိုငှားထားပါက သူမသည် ဘယ်သူ့ကိုဆက်သွယ်လို့ဆက်သွယ်ရမှန်းပင် သိမည်မဟုတ်။
ယန်ရှုယွီအတွက် ဒီနေ့သည်တော်တော်လေးကံကောင်းနေသည်။ ဖုန်းဝင်သွားပီးသည့်နောက်မှာတော့ အိမ်ရှင်သည် ဖုန်းကိုပြန်ဖြေလာသည်။ သူမ၏အလုပ်တွင်အပြောင်းအလဲဖြစ်သွား၍ သူမတွင်အခက်အခဲဖြစ်နေရကြောင်း အကြောင်းပြချက်ကိုသုံးပီးသွားချိန်မှာတော့ အိမ်ရှင်ဦးလေးကြီးသည် ပြုံးပီးပြောလာသည်။ “ရှောင်ယန်ရေ သမီးပြောတဲ့အခြေအနေအရဆိုရင်တော့ ပုံမှန်ဆိုရင် ဒါက စာချုပ်ဖောက်ဖျက်တာနဲ့တူတူပဲ ဒါကြောင့် စရံကလည်း အရှုံးဖြစ်သွားမှာလေ ဒါပေမယ့် သမီးလိုကလေးတစ်ယောက်အမေအတွက် ရုန်းကန်ရတာမလွယ်ကူမှန်းနားလည်တာကြောင့် ပရိဘောဂတွေနဲ့အခန်းက အကောင်းတိုင်းပဲရှိနေသေးတယ်ဆိုရင်တော့ ဦးလေးတို့ဖက်ကနေပီး စရံကိုပြန်အမ်းပေးဖို့စဉ်းစားပေးပါ့မယ် …. ”