၁၁၀
5.5K 790 18
အပိုင်း ၁၁၀ - ဘော့စ်ရူးများရူးသွားပီလား?
~~~~~~~~~~~~~~~~~~~~~~~~
သူမဖက်က စိတ်မထိန်းနိုင်စွာ ပြောထုတ်မိတော့မည်အချိန်မှာပဲ ဘော့စ်သည် အသံထွက်ရယ်လိုက်ပီး စကားဆက်ပြောလာသည်။ "ကိုယ်ပြောတာကို အရင်နားထောင်ဦး ကိုယ်ပြောချင်တဲ့သဘောက ကိုယ်တို့တွေ အရင်ဆုံး စပီးတွဲကြည့်သင့်တယ်လေ ဘာပဲဖြစ်ဖြစ် တစ်ညထဲနဲ့တော့ ကိုယ်တို့က လက်ထပ်ဖြစ်သွားမယ်လို့ ဆုံးဖြတ်လို့မရဘူးလေ မင်းကော ဘယ်လိုထင်လဲ?"
သူပြောတာမှန်တယ်လို့ သူမလည်းထင်တယ် - ဒါက ယန်ရှုယွီ တကယ်ပြောချင်တာဖြစ်ပေမယ့် သူမ ပြောလို့မဖြစ်ပေ။
ဘော့စ်ဖက်ကပြောချင်သည့်အဓိပ္ပါယ်ကတော သူမဖက်က စိုးရိမ်နေသည့် လေးနက်သည့်အကြောင်းအရာတွေဖြစ်သော သူ့မှာကိုယ်ပိုင်သားတစ်ယောက်ရှိပီး သူတို့လက်ထပ်ပီးသွားရင် သူ့သားကိုသာ ဦးစားပေးပီး သူမသားက ဘာမှဆက်ခံစရာမရှိတာတွေ စသည့်အကြောင်းအရာတွေအားလုံးက သူမအတွေးလွန်နေတာတွေသာဖြစ်ကြောင်းကိုပင်။ အခုတော့ သူက ပျော်ပျော်သာနေချင်သည်။ သူ့စိတ်ထဲတွင် သူမကိုလက်ထပ်ဖို့ကို စိတ်တောင်မကူးမိပေ။
ပွင့်ပွင့်လင်းလင်းပြောရရင် ဘော့စ်ဖက်ကနေပီး သူမကို လုံးဝလက်မထပ်ပါဘူးဆိုပီး ကျိန်ပြောလာခဲ့ရင် ယန်ရှုယွီဖက်ကနေလည်း ဒီကိစ္စတစ်ခုလုံးကို သေချာပေါက် ပြန်စဉ်းစားပေးဦးမည်ပင်။ ဘာပဲဖြစ်ဖြစ် ဘော့စ်က အရမ်းလည်းချောသလို နည်းစနစ်ကောင်းတွေလည်းရှိပီး အရမ်းကိုရက်ရောသောသူတစ်ယောက်ဖြစ်သည်။ သူမတို့ ဘာမှမဟုတ်သေးသည့်အချိန်မှာတောင်မှ ဂဏန်း၎လုံးအထက်ကျသင့်သည့် ပြင်သစ်စားသောက်ဆိုင်ကို ခေါ်သွားသည်လေ။ တကယ်လို့ သူမတို့သာ 'တွဲ'လိုက်ရင် သူမသည် လူငယ်ချောချောလေးကိုလည်းတွဲနိုင်သလို တစ်ချိန်တည်းမှာပဲ သူက ချမ်းသာသည့်သူတစ်ယောက်ဖြစ်နေသေးသည်။ ဒီလိုပျော်ရွင်ကျေနပ်စရာကောင်းသည့် အခြေအနေနှစ်ခုလုံးကို တစ်ပြိုင်တည်း တွေ့ကြုံခံစားနိုင်သည်လေ။
စဉ်းစားကြည့်လိုက်ပါ။ သူမသည် နတ်ဘုရားအဆင့်ရှိ ဘော့စ်လိုလူမျိုးအပေါ် ဘာနှောင်တွယ်မှုမရှိပဲ အပြည့်အဝအခွင့်အရေးယူနိုင်သည်။ နောက်ဆုံး သူမတို့ လမ်းခွဲရင်တောင် ဘော့စ်ဆီကနေပီး ပိုက်ဆံအပုံလိုက်ကြီးရနိုင်လောက်သေးသည် – စီအီးအိုဝတ္ထုတွေအားလုံးထဲမှာ ပြောထားကြတာပဲ။ စီအီးအိုတွေက သူတို့ကောင်မလေးတွေကို လမ်းခွဲသည့်အခါ ကားဖြစ်ဖြစ် အိမ်ဖြစ်ဖြစ် ပေးလိုက်သည်တဲ့။ ဒါက သူတို့လိုအဆင့်အတန်းရှိသည့်လူတစ်ယောက်ရဲ့လုပ်ပိုင်ခွင့်ပဲလေ။