၉၆
5.8K 979 12
အပိုင်း ၉၆ - ဗီလိန်နဲ့ဇာတ်လိုက်တို့ တွေ့ကြပီ
~~~~~~~~~~~~~~~~~~~~~~~~~~~
သူမအတွက် ရှေ့ထွက်ပီးလာကူညီပေးမည့်သူကို ဘော့စ်အဖြစ် ယန်ရှုယွီ တစ်ခါမှမတွေးထားပေ။ သူမသားက သူမအား သေစေနိုင်သည့်အကြည့်ဖြင့် စိုက်ကြည့်နေပီး သူမကလည်း စိတ်တွေလှုပ်ရှားပီး မျက်နှာလဲပူကာ ဘာပြောလို့ပြောရမှန်းမသိပေ။
ဒါပေါ့ ဘော့စ်တစ်ယောက် ပုံမှန်ပြုမူနေကြက ဘယ်လိုလဲဆိုတာကို သူမသိသည့်အတွက် သဘောထားကြီးစွာဖြင့် သူမအားကူညီပေးဖို့လည်း မဖြစ်နိုင်ပေ။ သူ့ရယ်သံကတော့ နောက်ဘာဆက်ဖြစ်မလဲဆိုတာကို သူ့ဖက်က ဆက်ပီးစောင့်ကြည့်နေချင်တာကြောင့်ဖြစ်သည်။
ဒါပေမယ့် သူ့ရယ်သံထွက်လာသည့်အချိန်က တကယ့်ကိုအချိန်ကောင်းဖြစ်သွားပီး တစ်ယောက်ကို တစ်ယောက်စိုက်ကြည့်နေသည့်ကလေးနှစ်ယောက်၏ အာရုံကိုချက်ချင်းဖမ်းစားသွားနိုင်တော့သည်။ အသက်ကယ်ပေးနိုင်သည့်ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်ထားရသည့်ယန်ရှုယွီသည် သူမသားကို လျင်မြန်စွာပဲ ရှင်းပြပေးလိုက်သည်။ "ယွမ်ပေါင် ဒီကလေးလေးက အန်ကယ်ကျိုးရဲ့သားလေ ဟိုတယ်မှာတုန်းက တွေ့ခဲ့တဲ့အန်ကယ်ကျိုးလေ သားမှတ်မိသေးလား?"
ယန်ရှုယွီသည် သူမရိုးသားမှုကို သက်သေတည်ရန်အတွက် ဘော့စ်ကျိုးအား အသုံးချလိုက်သည်။ ဒါပေမယ့်ကလေးလေးက သူမရှင်းပြချက်ကိုကြားပီးနောက် "အန်ကယ်ကျိုး"ဆိုသူအား စက္ကန့်အနည်းငယ်လောက် အလေးအနက်စိုက်ကြည့်လိုက်ပီး မှတ်မိကြောင်း ခေါင်းညိမ့်ပြလိုက်သည်။ ကလေးတွေက မှတ်ဉာဏ်မကောင်းဘူးလို့ ဘယ်သူပြောလဲ? သူမသားက ဘယ်လိုလုပ်ပီး လွန်ခဲ့သည့်နှစ်လက တစ်ခေါက်တည်းသာတွေ့ဖူးသည့် လူတစ်ယောက်ကို မှတ်မိနိုင်နေရတာလဲ?
ဒါကဇာတ်ကြောင်း၏ပါဝါများလား? ယန်ရှုယွီသည် အခုတော့ နည်းနည်းစိတ်ပူလာမိသည်။
ပြောသည့်အတိုင်းပါပဲ သင်စိတ်ပူနေသည့်အရာက ချက်ချင်းအဖြစ်လာနိုင်ဆုံးဆိုတာပင်။ သူမသည် တိတ်တဆိတ်ချွေးပြန်နေတုန်းမှာပဲ "အန်ကယ်ကျိုး"ဖက်က မပီးသွားပေ။ သူသည် ထိုင်ရာမှထလာပီး အပင်တွေရှိသည့်နေရာကို ဖြတ်လာပီး ကျန်းယွမ်ကျားရှိရာဆီသို့ သွားလိုက်ကာ ပြောလိုက်သည်။ "ဟိုင်း ယွမ်ပေါင် မတွေ့တာကြာပီ"