အပိုင်း (၁၄၂)
ချင်းစီရွေ့ သူ့နားချဉ်းကပ်လာသည့်အချိန် ကျိုးချင်းဟယ်ပုံစံက အနည်းငယ်တုံ့ဆိုင်းနေသလိုဖြစ်နေပေမယ့် နောက်ဆုံးတော့ ချင်းစီရွေ့ကြောင့်ပဲလက်ခံလိုက်သည်။ ချင်းစီရွေ့သည် အများကြီးမတွေးပေ။ ဘော့စ်ကျိုးဖက်ကနေပီး သူ့ညီမလေးကို တစ်ခြားသောအမျိုးသမီးတွေလို လျှပ်ပေါ်လော်လီသည့်သူလို့ထင်နေလောက်မည်ဆိုတာကို သူတွေးမိပါသည်။ ဒါပေမယ့်လည်း ဒါက အဆင်ပြေပါသည်။ ဘော့စ်ကျိုးသာ သူ့ညီမလေးကို တွေ့လိုက်သည်နှင့် သူ့ညီမလေးက နူးညံ့ပီး ချစ်စရာလည်းကောင်းကာ သူနှင့်လိုက်ဖက်သည်ဆိုတာကို နားလည်သွားမည်လေ။
ိကိစ္စကို အောင်မြင်အောင်ဆောင်ရွက်လိုက်နိုင်သည်လို့ ခံစားလိုက်ရသလို ယောက်ျားလေးတွေအနေနှင့်က အသေးစိတ်တွေအထိ လိုက်ပီး ဂရုစိုက်နေတာမရှိတာကြောင့် သူတို့နှစ်ယောက်ကို ဆုံပေးလိုက်ပီးကတည်းက နှစ်ယောက်အကြောင်းကို ချင်းစီရွေ့သည် သိပ်ပီးအာရုံမထားမိပေ။ သို့ပေမယ့် သူ့ညီမလေးကတော့ ပြောလာပါသေးသည်။ ပထမဆုံးတွေ့ဆုံတုန်းက ဘော့စ်ကျိုးသည် သူမအပေါ် နည်းနည်းအေးစက်စက်နိုင်ပီး သူ့တွင်ရည်စား သို့မဟုတ် ချစ်သူ ရှိနှင့်နေလောက်ပီးတာဖြစ်နိုင်လောက်သည်တဲ့။ ချင်းစီရွေ့သည် အဆက်အသွယ်တွေနား မေးကြည့်ပီး ဘော့စ်ကျိုးတွင် အမျိုးသမီးတစ်ယောက်မှ မရှိမှန်း သူသိလိုက်သည်။ သူသည် သူ့ညီမလေးကို စိတ်ချအောင်ပြောထားလိုက်ပီး သူမဖက် နည်းနည်းပိုရဲတင်းကြည့်ဖို့တောင် ပြောလိုက်သေးသည်။
ဒါက သူ့ညီမလေး တရုတ်ကိုပြန်လာပီးနောက် ပထမဆုံးပြုလုပ်သည့် ပန်းချီပြပွဲဖြစ်သည်။ သူမသည် အချိန်တွေအများကြီးယူပီး ဒီအတွက် အားတွေအကုန်စိုက်ထုတ်ကာ ပြင်ဆင်ထားတာဖြစ်သည်။ ချင်းစီရွေ့သည် သူ့မိတ်ဆွေသူငယ်ချင်းအချို့ကိုတောင် အလုပ်အားလပ်သည်နှင့် လာရောက်ပေးရန် ဖိတ်ကြားထားသေးသည်။
သူ့ညီမလေးကနေပီး ဘော့စ်ကျိုးကို အစောကြီးကတည်းက ဖိတ်ထားလောက်မည်လို့ သူထင်တာကြောင့် သူ့ဖက်ကလည်း တစ်ခါမှမမေးကြည့်ပေ။ ဘော့စ်ကျိုးက တစ်ခြားအမျိုးသမီးတစ်ယောက်နှင့် နေ့လည်စာ လာစားနေမည်လို့ သူထင်တောင်မထင်မိပေ။ ပီးတော့ သူတို့နှစ်ယောက်ကိုကြည့်ရတာ သူငယ်ချင်းမိတ်ဆွေတွေလည်း ဟုတ်ပုံမရ။ ဘော့စ်ကျိုးတစ်ယောက် သူ့ခမည်းခမက်ဝမ်းကွဲတော်ရန် အလားအလာရှိလာမည်ကို မျှော်လင့်နေသည့် ချင်းစီရွေ့ကတော့ အံ့အားသင့်နေသည်။ စားပွဲဝိုင်းကို ကြည့်နေပီး အတော်ကြာ အတွေးထဲပျောက်နေကာ နောက်ဆုံးတော့ သူသည် ရှေ့သို့လျှောက်သွားလိုက်ပီး သူညီမလေးအတွက် အသေးစိတ်သိသွားခဲ့အောင် လုပ်လိုက်သည်။ ဖြစ်နိုင်တာကတော့ သူတို့တွေက မိတ်ဆွေတွေလည်းဖြစ်နိုင်သလို ဆွေမျိုးတွေလည်း ဖြစ်နိုင်တာပဲ။ သူ့ညီမလေး၏ပြပွဲအကြောင်းကို ထုတ်ပြောလိုက်သည့်အခါမှာတောင် ဘော့စ်ကျိုးက စိတ်ဝင်စားသည့်ပုံဖြစ်မလာပဲ ဘာမှမဟုတ်သလို လက်သာခါပြလိုက်သည်ကို သတိထားလိုက်မိတော့ ချင်းစီရွေ့စိတ်ပျက်မိသွားသည်။ "အင်း ဒီပိတ်ရက်အတွင်း မတူတာလေးစားကြည့်ဖို့ လုပ်လိုက်တာ တိုက်တိုက်ဆိုင်ဆိုင် မင်းလည်းဒီရောက်နေတာကိုး"
YOU ARE READING
RomanceAuthor(s) 清越流歌 Status in COO 100 Chapters + 3 Epilogues (Complete) English Translator(s) Fuyu Neko Fringe Alpaca Bamboo Spirit Fringe Manatee If you want to read original English translation, you all can read at novelupdates. Here link: https://www...