၆၇
6.8K 1.1K 5
အခန်း (၂၀.၃)
~~~~~~~~~~~
သူမရုပ်ရှင်ရုံသို့ရောက်သွားပီး ပြသနေသည့်ကားတွေကို ကြော်ညာထားသည့်နေရာသို့ရောက်ချိန် ယန်ရှုယွီတွေ့လိုက်ရတာက သူမမျှော်လင့်ထားသလို သရဲကားတွေမတင်ထားပေ။ ဒါပေမယ့် တင်ထားသည့်ကားကတော့ အချစ်ဟာသကားနှစ်ကားဖြစ်သည်။ တစ်ကားကတော့ သူမနဂိုကကြည့်ဖို့ယာထားသည့်ကားဖြစ်ပေမယ့် သူမတို့နှစ်ယောက်တည်းဖြစ်နေသည့်အချိန် အခုလိုမျိုးအချစ်ဟာသကားကို သူမမကြည့်ရဲပါပေ။ ဒါကြောင့် သူမသည် လူကြီးလူကောင်းပီသစွာဖြင့် ဘော့စ်ကိုလှည့်ပီး မေးလိုက်သလိုလိုနှင့် အခုပြတော့မည့်အက်ရှင်ကားကိုရွေးလိုက်သည်လေ။ "ဒီတစ်ကားပဲကြည့်ရအောင်လေ သူ့ရဲ့ratingကတော်တော်မြင့်တယ် ကောင်းမယ့်ပုံပါပဲ"
ကျိုးချင်းဟယ်သည် အသံထွက်ရယ်လိုက်ပီး "အိုကေ"
နောက်တော့ သူသည် အနက်ရောင်ကဒ်ကိုထုတ်လိုက်ပီး ကောင်တာက လက်မှတ်ရောင်းသည့်ကောင်မလေးထံပေးလိုက်သည်။
ယန်ရှုယွီသည် အစကတော့ လက်မှတ်ဖိုးကို သူမဖက်ကရှင်းဖို့လုပ်ထားပေမယ့် လက်မှတ်ဖိုးတွေမြင်လိုက်သည်နှင့် ပါးစပ်လေးပိတ်ပီး နှုတ်ဆိတ်သာနေလိုက်သည်။ လက်မှတ်ဖိုးက တစ်စောင်ကို ဒေါ်လာ၁၀၀တောင်ရှိသည်။ ဒီလောက်ဈေးကြီးတာ သူမ လုံးဝမပေးနိုင်ပေ။
သူမသည် ငြိမ်ငြိမ်လေးသာနေလိုက်ပီး ယဉ်ကျေးချင်လဲဟန်ဆောင်မနေတော့ပေ။ ထိုအစား သူမသည် ဘော့စ်လက်ထဲက ပလက်စတစ်အိတ်တွေကို မြင်လိုက်ပီး အခုထိကိုင်ထားပေးတာကြောင့် သူမမှာ တစ်ကိုယ်လုံးတုန်သွားသည်။ သူမသည် ထိုလူဆီကနေ အိတ်တွေကို မြန်မြန်ပဲယူလိုက်ပီး ပြောလိုက်သည် "ကျွန်မကိုင်ထားလို့ဖြစ်ပါတယ်"
ဒီတစ်ခေါက်တော့ ကျိုးချင်းဟယ်သည် မငြင်ေးတာ့ပဲ သူမအား ကြင်နာစွာပြောလိုက်သည် "ရုပ်ရှင်စပြဖို့ မိနစ်၂၀တောင်လိုသေးတယ် ဟိုးနားက ခုံမှာ မင်းခဏသွားထိုင်နေလေ ကိုယ်လက်မှတ်ဖြတ်ပီးရင် လာခဲ့မယ်လေ"
"အိုကေ" ယန်ရှုယွီတွေးလိုက်တာကတော့ ဒီနေရာမှာ ဒီဘော့စ်ကြီးနှင့်အတူရပ်နေရင် လူတွေပိုပီးအာရုံစိုက်စရာဖြစ်လာပီး ဒါက အထင်လွဲမှုတွေကိုဖြစ်စေနိုင်သည်လေ။ ဒါကြောင့် သူမသည် အိတ်တွေဆွဲကိုင်ရင် ထိုင်စရာနေရာရှာလိုက်သည်။