၁၂၃
4.2K 682 12
အပိုင်း (၁၂၃) - အဲ့ဒီတော့ သူမအတွေးလွန်မိသွားတာပေါ့
ယန်ရှုယွီ၏ကြောင်တောင်တောင်နိုင်သော ဧည့်ခံသည့်နည်းလမ်းကြောင့် ကျိုးချင်းဟယ်မှာ ကြောင်အသွားပေမယ့်လည်း သူက ဘယ်အရေးကိစ္စကိုမဆို မျက်တောင်တစ်ချက်မခတ်ပဲ ရင်ဆိုင်နိုင်သည့် ဘော့ကျိုးလေ။ ဒီတော့ ယန်ရှုယွီ၏အပြုအမူသည် သူ့အား တစ်စက္ကန့်လောက်သာ မှင်သက်သွားစေပီးနောက် ပုံမှန်အတိုင်းပြန်ဖြစ်သွားကာ သူမအား ယဉ်ကျေးစွာပဲ ကျေးဇူးတင်လိုက်သည်။ ဘယ်ကမှန်းမသိပါသောယုံကြည်ချက်တွေ အပြည့်လွန်နေသည့် ယန်ရှုယွီကတော့ သူမကိုယ်သူမ ကမ္ဘာပေါ်တွင် အတွေးပေးတတ်ဆုံးသော အကောင်းဆုံးသော အိမ်ရှင်တစ်ယောက်လို ချက်ချင်း ခံစားလိုက်ရတော့သည်။
သူမ ဘာအမှားလုပ်မိမှန်းကိုလည်း ပြန်မတွေးသလို အခုလောက်ဂုဏ်ဆာဖို့ကောင်းတာ ဘယ်မှာမှမရှိတော့သယောင် မျက်နှာမျိုးဖြင့် ရေချိုးခန်းဖက်သို့ လျှောက်သွားလိုက်သည်။
ကျန်းယွမ်ပေါင်သည် ရေချိုးလို့မပီးသေးပေ။ ဒါပေမယ့် တစ်ခြားကလေးတွေလိုလည်း ဆော့ကစားနေတာမျိုးတော့မရှိ။ သူသည် သူ့အမေထက်တော့ တော်တော်လေးပိုသာလွန်ကာ အသေးစိတ်ကို ဂရုစိုက်သည့်ကောင်လေးဖြစ်သည်။ ကလေးလေးသည် ရေချိုးကန်လေးထဲတွင်ထိုင်နေပီး သူ့ကိုယ်သူဂရုတစိုက်လေး တိုက်ချွတ်နေသည်။
ပုံမှန်အားဖြင့်တော့ ကလေးလေး ရေချိုးနေသည့်အချိန်တွင် ယန်ရှုယွီသည်လည်းပဲ ရေချိုးခန်းထဲတွင်နေကာ မိတ်ကပ်ဖျက်ပီး အသားအရည်ပြန်လည်ထိန်းသိမ်းခြင်းကိစ္စကို ဆောင်ရွက်လေ့ရှိသည်။ ဒါမှ သူမမိတ်ကပ်ဖျက်နေရင်း သူမသားအား စောင့်ကြည့်ပေးနေလို့ရတော့ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ကို ပစ်လိုက်နိုင်တာပဲလေ။ ဒါပေမယ့် ဒီတစ်ခါတော့ သူမသည် ဘော့စ်နှင့် "ချိန်းဆို"ထားတာ ရှိသေးတာကြောင့် မိတ်ကပ်ဖျက်စရာမလိုသေးပေ။
ယန်ရှုယွီသည် အချိန်ကုန်အောင် ဘာလုပ်ရမှန်းမသိတာကြောင့် ကလေးလေးရှေ့တွင် ထိုင်ချလိုက်ပီး ပြောလိုက်သည်။ "အချစ်လေး သားကို မေမေ ​ရေကူချိုးပေးမယ်လေ~"