အခန်း (၈.၂)
ယန်ရှုယွီသည် အလုပ်လျှောက်လွှာပေါင်းများစွာကို သူမဒီကမ္ဘာကို စရောက်လာသည့်နေကတည်းက ပို့ထားသည်။ သူမသည် သူမစိတ်ဝင်စားသည့်ကုမ္ပဏီတစ်ချို့တွေအထိတောင် ပို့ထားသေးသည်။ ဒါပေမယ့် ပိတ်ရက်နှစ်ရက်သာကုန်သွားပီး အင်္ဂါနေ့တောင်ရောက်နေပီဖြစ်သည်။ ဒါပေမယ့် သူမသည် ဘာမှအကြောင်းပြန်ကြားရခြင်းမရှိသေးပေ။ သူမ ပို့လိုက်သည့်နေရာများမှ သူမကို အကြောင်းပြန်လာတာတွေကလည်း “အခုလို ငါတို့ကုမ္ပဏီကို စိတ်ဝင်စားတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါပေမယ့် ငါတို့ကုမ္ပဏီလိုအပ်တဲ့အရည်အချင်းတွေက ဘလာ ဘလာ ဘလာ ….”
အော့! တကယ်ပဲ ဒါကြီးက အဆင်ပြေမနေဘူး။
ယန်ရှုယွီစတင်ပီး သတိထားလာမိတာက သူမ၏အလှအပသည်လည်း ပညာအရည်အချင်းနှင့်တစ်ခြားလက်မှတ်တွေကိုင်ထားသည်ကိုသာ ဦးစားပေးသည့်နေရာတွေကြောင့် အသုံးမဝင်တော့တာကိုပင်။
နောက်တစ်နည်းနှင့်ပြောရမည်ဆိုလျှင်တော့ သူမရုပ်ရည်ကိုအသုံးချပီး သက်တောင့်သက်သာဖြစ်ပီး လူအမြင်လဲတင့်တယ်ကာ တစ်ခြားအရည်အချင်းတွေမလိုသည့်အလုပ်ကို ရှာနိုင်ဖို့ဆိုတာ သူမ၏စိတ်ကူးယဉ်အတွေးသက်သက်သာဖြစ်ပီး သူမ အိပ်မက်မက်နေရုံသာတတ်နိုင်သည့်အရာပင်။ သူမသည် အခုတော့ တကယ့်ကို မွဲနေပီး တစ်ခြားအရည်အချင်းတွေလည်းမရှိပေ။ အခုတော့ သူမအလုပ်တစ်ခုမဖြစ်မနေလိုအပ်နေပီဖြစ်တာကြောင့် သူမသည် သူမ၏အဆင့်အတန်းကို လျော့လိုက်ပီး သူမအရင်ဘဝက မလုပ်ချင်ခဲ့သည့် ဝန်ဆောင်မှုပေးသည့်အလုပ်တွေကိုသာ စဉ်းစားကြည့်ရတော့မည်ဖြစ်သည်။ ဒါက သူမအတွက် တစ်ခုတည်းသောရွေးချယ်စရာဖြစ်နေသည်လေ။
ဒါက အိမ်မှာပဲနေပီး သူမမိဘလုပ်စာထိုင်စားမည်ဆိုသည့် ယန်ရှုယွီပင်ဖြစ်ပါသည်။ သူမသည် စားပွဲထိုးတစ်ယောက်အဖြစ်လုပ်ရမည့်ရက်ရောက်လာလိမ့်မည်ဟု အိပ်မက်ထဲတောင်ထည့်မတွေးဖူးပေ။ အင်းလေ ပိုက်ဆံက စကားပြောတာကိုး။ သူမသည် သူမ၏မာနကို လောလောဆယ်ဘေးချိတ်ထားလိုက်ဖို့သာ တွေးထားလိုက်သည်။
ယန်ရှုယွီသည် သူမကိုသူမနှစ်သိမ့်လိုက်ပီး သူမသည် သူမကိုသူမ သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်လိုက်ပီး အပြင်ထွက်ကာ အလုပ်ရှာလိုက်သည်။
YOU ARE READING
RomanceAuthor(s) 清越流歌 Status in COO 100 Chapters + 3 Epilogues (Complete) English Translator(s) Fuyu Neko Fringe Alpaca Bamboo Spirit Fringe Manatee If you want to read original English translation, you all can read at novelupdates. Here link: https://www...