၁၇၂
3.4K 542 29
အပိုင်း (၁၇၂) - ဒီလိုနဲ့ပဲ ဘော့စ်နှင့်သူမ၏ပထမဆုံးအနမ်းလေးက သူမ၏စိတ်အနက်ရှိုင်းဆုံးနေရာအထိ စွဲထင်သွားတော့သည်
~~~~~~~~~~~~~~~~~~~~~~~~~~~
သူမခေါင်းအနောက်ဖက်ကို ကိုင်ထားရင်း နှစ်ယောက်ကြားက အကွာအဝေးကလည်း သိသိသာသာကိုနီးကပ်သွားတော့သည်။ သူတို့မျက်နှာနှစ်ခုက လက်သီးတစ်ဆုပ်စာလောက်သာ ခြားနေပီး သူတို့အသက်ရှုသံတွေကိုလည်း ရှင်းလင်းစွာကြားနေရသည်။ ဘော့စ်က သူမနား ဒီလောက်ထိကပ်နေတာ ဒါက ပထမဆုံးအကြိမ်မဟုတ်ပေမယ့် ယန်ရှုယွီသည် ဒီနေ့သူမပုံမှန်စိတ်မဟုတ်နေသလိုပဲ။ သူမသည် ဘယ်ကောညာပါ ရှက်သွေးများဖြင့်နီရဲနေပီး အခုချိန်မှာလည်း ဒီလိုပင်။ သူမရင်တွေအရမ်းခုန်မြန်နေလွန်းလို့ မိနစ်ပိုင်းအတွင်း သူမပါးစပ်ကနေ ခုန်တော့တော့မလားတောင်ထင်မိရပီး သူမလက်ဖဝါးတွေကလည်း စိုထိုင်းထိုင်းဖြစ်​နေသည်။ နောက်တော့ သူမသည် ဘော့စ်၏ကြင်နာသည့်အသံလေးကို ကြားလိုက်ရသည်။ "ယန်ယန် မင်းဖက်က အဲ့အတွက်အဖြေပြန်မပေးခင် မင်းသေချာပြန်စဉ်းစားပီးသွားပီလား?"
ယန်ရှုယွီ "......"
ဒီလိုပုံစံနဲ့မှတော့ သူမကဘယ်လိုလုပ်ပီးစဉ်းစားလို့ရမှာလဲ? ယန်ရှုယွီသည် နောက်ဆုံးတော့ လက်လျော့လိုက်ပီး သူမမျက်လုံးတွေကို မှိတ်လိုက်သည်။
"ကောင်းပီလေ ဘာပဲဖြစ်ဖြစ်"
သူမဆိုလိုချင်တဲ့သဘောက "ရှင်ကြိုက်သလိုယူဆလို့ရတယ်"ဖြစ်ပေမယ့် သူမစကားတွေက အဓိပ္ပါယ်၏လိုရင်းကိုရောက်ဖို့ မလုံလောက်သည့်အပြင် ဘော့စ်က အရမ်းကိုကြံဖန်တွေးတတ်သူဖြစ်တာကြောင့် သူ့ဖက်က ထိုစကားကိုပြန်ပြောလာသည့်အခါမှာတော့ အဓိပ္ပါယ်က လုံးဝကိုပြောင်းလဲသွားတော့သည်။
အရမ်းကိုအရိပ်အမြွတ်ပါသည့်လေသံဖြင့် ကျိုးချင်းဟယ်သည် သူမအား မေးလိုက်သည်။ "အိုး မင်းဆိုလိုချင်တဲ့သဘောက ကိုယ့်စိတ်တိုင်းကျလုပ်လို့ရတယ်ပေါ့?"
အယ်? အခုချက်ချင်းမိနစ်ပိုင်းအတွင်းမှာပဲ သူက ကားမောင်းဖို့စတော့မယ်ပုံစံလို ဖြစ်နေရတာလဲ? ယန်ရှုယွီသည် သူမမျက်လုံးတွေကို အလိုလိုဖွင့်လိုက်ပေမယ့် ဘော့စ်၏ခန့်ညားချောမောသည့်မျက်နှာကို သူမရှေ့မှာ ရုတ်ချည်းမြင်လိုက်ရတော့သည်။ သူမမျက်လုံးမှိတ်ထားသည့်အချိန် ဘော့စ်က ပိုပီးနီးကပ်အောင် တိုးလာခဲ့သည်လေ။ မျက်နှာနှစ်ခုက လက်တစ်ချောင်းစာလေးပဲ ခြားတော့တာကြောင့် ယန်ရှုယွီသည် အထိတ်တလန့်ဖြင့် သူမမျက်လုံးတွေကို လျင်မြန်စွာပဲ ပြန်ပိတ်လိုက်သည်။