အပိုင်း (၁၆၄)
နောက်ထပ်တစ်ကြိမ် ဘော့စ်ကျိုးနှင့် sunshine house၏အပြင်ဖက်တွင် သူမ အမှတ်မထင်ဆုံတွေ့ပြန်သည်။ ဒီတစ်ခေါက်တော့ ဘော့စ်က အခုလေးတင်မှရောက်လာမှန်း သူမသေချာသွားသည်။ ဘာကြောင့်ဆို သူမလှေကားကနေဆင်းထာသည့်အခါမှ ကားက လမ်းဘေးမှာရပ်သွားတာဖြစ်သည်။ အချိန်ကိုက်ရောက်လာတာက အရမ်းကိုပဲကွတ်တိကျလွန်းသည်။ သူမသည်အလိုက်တသိနဲ့ပဲ ခြေလှမ်းကိုရပ်လိုက်ပီး ကားမှန်ကျတာကို ကြည့်နေလိုက်သည်။ ဘော့စ်သည် မှန်ဖက်သို့ ကိုယ်ကိုကိုင်းလိုက်ပီး သူမအားနှုတ်ဆက်လာသည်။ "အခုမှအလုပ်ဆင်းတာလား?"
"အင်း နောက်ထပ်တိုက်ပြန်ပီနော်?" ဟု ယန်ရှုယွီသည် ယဉ်ကျေးသည့်အပြုံးလေးနှင့် ပြောလိုက်သည်။
ကျိုးချင်းဟယ်သည် သူမနှင့်အလာပသလာပတွေပြောမနေပဲ သူမကို တိုက်ရိုက်ပဲမေးလိုက်သည်။ "ကိုယ်နဲ့အတူညစာလိုက်စားပါ?"
ယန်ရှုယွီသည် သိပ်တောင်မစဉ်းစားလိုက်ပဲ ငြင်းလိုက်သည်။ "ကျွန်မအလုပ်မှာကတည်းကစားလာပီးပီ"
"အရင်တစ်ခေါက် ကိုယ်တို့သွားခဲ့တဲ့ပင်လယ်စာစားသောက်ဆိုင်က သူတို့ရဲ့ပင်လယ်စာဆန်ပြုတ်ကြောင့် နာမည်ကြီးတယ် အကန့်အသတ်နဲ့ပဲရောင်းတာ ကိုယ်သီးသန့်နေရာကို ကြိုတင်မှာထားပီးသွားပီ အခုက အဲ့ကိုသွားဖို့ အချိန်ကိုက်ပဲ"
ဒါကိုကြားတော့ ယန်ရှုယွီသည် သူမဗိုက်ကို အလိုလိုပွတ်လိုက်မိသည်။ ဆန်ပြုတ်ပေါ့? သူမ ၂ပန်းကန်လောက်တော့ ဆန့်သေးတယ်ထင်တာပဲ။
တုံ့ဆိုင်းနေပီးမှ ကျိုးချင်းဟယ်သည် သူမအားပြုံးပြလာပီး ပြောသည်။ "ညဖက်နည်းနည်းနောက်ကျနေလောက်ပီဆိုပေမယ့် ဆန်ပြုတ်လောက်ကတော့ အဆင်ပြေလောက်ပါတယ် ဟုတ်တယ်မလား?"
ယန်ရှုယွီသည် စက္ကန့်အနည်းငယ်လောက် တွေးနေပီးမှ သူမပိုက်ဆံအိတ်ကို ပုတ်လိုက်ပီး ဘော့စ်၏ကားထဲဝင်လိုက်သည်။ သူမရဲ့အဓိကရည်ရွယ်ချက်က ချက်လက်မှတ်အကြောင်းပြောဖို့ဖြစ်ပီး ဆန်ပြုတ်သောက်မှာက အပိုဆောင်းသာဖြစ်ကြောင်း သူမဘာသာတွေးနေလိုက်သည်။
YOU ARE READING
RomanceAuthor(s) 清越流歌 Status in COO 100 Chapters + 3 Epilogues (Complete) English Translator(s) Fuyu Neko Fringe Alpaca Bamboo Spirit Fringe Manatee If you want to read original English translation, you all can read at novelupdates. Here link: https://www...