၁၆၆
3K 495 3
အပိုင်း (၁၆၆) - ကိုယ်ဘာကြောင့်ချက်လက်မှတ်ကိုပြန်ပေးချင်လဲဆိုတာကို မင်းကိုယ့်ကိုမမေးတော့ဘူးလား?
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆန်ပြုတ်ပဲမှာထားသည်ဟုထင်နေသည့် ယန်ရှုယွီသည် နည်းနည်းတော့မှင်သက်သွားသည်။ စားပွဲထိုးထွက်သွားသည်နှင့် သူမသည် မေးလိုက်သည်။ "ဟင်းပွဲဒီလောက်အများကြီးကို ရှင်မှာထားတာလား?"
ကျိုးချင်းဟယ်သည် သာမန်အတိုင်းပေါ့ပေါ့ပါးပါးဖြင့် ဆန်ပြုတ်တစ်ခွက်ကိုထည့်ပေးလိုက်ပီး သူမရှေ့သို့ချပေးလိုက်သည်။ နောက်တော့ သူမအား ပြုံးပြလိုက်ကာ ပြောလိုက်သည်။ "မင်းမကြိုက်ဘူးလား?"
"အရမ်းများလွန်းတယ်လေ" ဟု ယန်ရှုယွီက ပြောလိုက်ပီး သူမဗိုက်လေးကို ပွတ်လိုက်ကာ ဖိအားနည်းနည်းရသလို ခံစားနေရပီး "ကျွန်မအများကြီးမစားနိုင်လောက်မှာကို ကျွန်မက စိုးရိမ်လို့ပါ"
"ဒါဆိုရင်လည်း အကုန်လုံးနည်းနည်းချင်းစီစားပေါ့" ဟု ကျိုးချင်းဟယ်က နူးညံ့စွာဖြင့် ပြောကာ "မင်းဒီကိုရောက်လာတာက ကိုယ့်ကိုအဖော်ပြုပေးတာလို့ပဲ တွေးလိုက်ပေါ့"
အစောနတုန်းကတည်းက သူ့ကိုအဖော်ပြုပေးဖို့ သူမကို ဘော့စ်ဖက်က ပြောပီးသွားသလိုပဲဆိုပေမယ့် ယန်ရှုယွီက သိပ်အာရုံမထားမိလိုက်ဘူးလေ။ အခုတော့ သူ့ဖက်က နောက်တစ်ခေါက်ပြန်ပြောလာတော့ သူမသည် ပြန်မေးလိုက်သည်။ "ရှင်ညနေစာမစားရသေးဘူးလား?"
"ကိုယ်အစည်းအဝေးကနေထွက်လာတာနဲ့ မင်းဆီကိုလာတာပဲ"
ဘော့စ်ကတော့ ဘာမှမဖြစ်သလိုပြောသွားပေမယ့် ယန်ရှုယွီကတော့ မနေနိုင်စွာပဲ အဓိပ္ပါယ်ကောက်နေမိသည်။
သူမနှင့်အတူ ညဖက်အဆာပြေစားချင်လာသည့်စိတ် ရုတ်တရပ်ဖြစ်လာတာနှင့် အလုပ်အချိန်ပိုပီးတာနှင့် ညစာအတူစားရန် သူမအားလာရှာတာက လုံးဝကို မတူတာမှ အကြီးကြီးကို မတူဘူးလေ။ အနည်းဆုံးတော့ ယန်ရှုယွီ၏စိတ်ထဲတွင် ဒုတိယတစ်မျိုးက စုံတွဲတွေကြားမှာသာရှိသင့်တာမျိုးဖြစ်သလို မဟုတ်ရင်တောင်မှ အနည်းဆုံးအနေနှင့် တစ်ဦးကိုတစ်ဦးသဘောကျနေသည့်သူ နှစ်ယောက်အတွက်သာဖြစ်သင့်သည်။