၁၉၈
1.6K 140 1
အပိုင်း (၁၉၈)
ဥပမာပြောရရင် သူတို့ပတ်သတ်မှုကို အတည်ပြုပြီးသွားသည်နှင့် သူသည် သူတို့အတိတ်ကကိစ္စတွေကို ဘေးပို့ထားလိုက်သည်။ သူက သူမအပေါ်အရမ်းကောင်းပေးလွန်းတာ​ကြောင့် တစ်ခါတစ်လေ သူမတောင်အပြစ်ရှိသလို ခံစားမိသည်။ ပြီးတော့ အရင်တုန်းက သူက မန်နေဂျာရန် နှင့် နတ်ဘုရားလျို့တို့နှင့်လည်း သဝန်တိုပြီး သူ့အား သူမငြင်းရသည့်အကြောင်းက ဘာသက်သေမှမရှိပေမယ့် ထိုနှစ်ယောက်ထဲကတစ်ယောက်ကြောင့်ဖြစ်သည်လို့တောင် တွေးလိုက်သေးသည်။ ဒါပေမယ့် သူက ထိုနှစ်ယောက်အပေါ် တစ်ခုခုလုပ်လိုက်တာမျိုးလည်း လုံးဝမရှိပေ။ ထိုအစား ထိုသူတွေအနားမှာရှိတိုင်း ထိုသူတွေကို သူက ဖော်ရွေယဉ်ကျေးစွာပဲ ဆက်ဆံပေးသည်။ ဒါက ဘော့စ်သည် သူ့အောက်​ခြေစည်းမျဉ်းရှိသည့် အဆင့်အတန်းရှိသောယောက်ျားတစ်ယောက်ဆိုတာ ပြသနေတာပင်။
စာအုပ်ထဲက သူက ဘာကြောင့် ဒီလောက်အလွန်အကြူးရူးသွပ်နေရလဲဆိုသည့်အတွက် သူမသံသယဝင်မိတာကတော့ ဒါက နှစ်လမ်းသွားဖြစ်လောက်မည်ဟုပင်။ မိထွေးသားအမိနှစ်ယောက်အနေနှင့် ကျိုးမိသားစုထဲဝင်သွားသည်နှင့် နန်းတွင်းဒရာမာဇာတ်လမ်းကို စတင်ကြပြီး အချိန်ကြာလာသည်နှင့် သူတို့ကြောင့် ဘော့စ်က လွှမ်းမိုးခံလိုက်ရတာများလား?
ဒါပေမယ့် အခုတော့ ဒါတွေတစ်ခုကမှ အရေးကြီးသည့်အချက်တွေမဟုတ်တော့ပေ။ အဓိကအချက်က သူမသားက ဘော့စ်နှင့်ရင်းနှီးပြီး အားကိုနေသည့်အပေါ် ယန်ရှုယွီဆက်ပြီးစိတ်မပူတော့ပေ။ အခုတော့ ဇာတ်လိုက်နှင့် ဗီလိန်မိထွေးသားက အကောင်းဆုံးသူငယ်ချင်းတွေတောင် ဖြစ်နေကြပြီဖြစ်ကာ ဇာတ်လိုက်လေးဖက်က လက်ဆောင်ကိုတောင် စိတ်လိုလက်ရပေးလာသည့်အဆင့်တောင်ရောက်နေပြီဆိုတော့ သူမ ဘာများစိတ်ပူစရာလိုသေးလို့လဲ?
သူမသွားကိုတိုက်နေရင်း ယန်ရှုယွီသည် ပြုံးလိုက်ကာ ကလေးလေးအား ပြောပြလိုက်သည်။ "မေမေအဲ့လိုလုပ်လို့မရလိုက်ဘူးလေ ဘာကြောင့်လဲဆိုတော့ အန်ကယ်ကျိုးက လေဆိပ်ကိုသွားရတော့မှာလေ သူက အလုပ်ကိစ္စနဲ့ ယူအက်စ်ကို ခရီးထွက်ရမှာ"