အပိုင်း (၁၅၅)
အိုး ထားလိုက်ပါတော့ သူမဆက်ပီးစကားတောင်မပြောနိုင်တော့ဘူး။ သူမသည် မျက်နှာပေါ်က အမူအရာတွေကို ရှင်းထုတ်လိုက်ပီး မတ်တပ်ရပ်ကာ ပြောလိုက်သည်။ "မေမေရေချိုးလိုက်ဦးမယ် သားလှဲနေနော် မေမေပီးသွားရင် သားအတွက် ပုံပြင်ပြောပြမယ်"
ကလေးလေး၏နှောင့်ယှက်မှုကြောင့် ယန်ရှုယွီမှာ ဘော့စ်ကို ယာယီတော့မေ့သွားပေမယ့် ထိုရုတ်တရပ်အနမ်းကတော့ အခုထက်တိုင် သူမနှလုံးသားထဲထိ လောင်ကျွမ်းနေတုန်းပင်။
သူမက 'အတွေ့အကြုံ'ရှိတယ်ဆိုပီး ယန်ရှုယွီအရမ်းပြောချင်ပေမယ့် သူမအရင်ဘဝမှာတုန်းက ရည်းစားတစ်ယောက်ပဲရှိခဲ့ဖူးတာလေ။ သူမဒီကိုရောက်လာတဲ့ချိန် ကျန်းယွမ်ပေါင်၏အဖေရင်းကလည်း မရှိတော့တာကြောင့် ဒါက သူမနှင့်မဆိုင်ဘူး။ သူမ၏အချစ်ဦးပီးရင် ကျိုးချင်းဟယ်က သူမပတ်သတ်ဖူးသည့် ဒုတိယမြောက်ယောက်ျားတစ်ယောက်ဖြစ်သည်။ နောက်ပီး ဒီလိုအရမ်းအံ့သြဖွယ်ကောင်းသည့်အမျိုးသားနဲ့၊ သူမဖက် တတ်နိုင်သလောက်ငြင်းခဲ့ပေမယ့် သူမရဲ့ခန္တာကိုယ်ကတော့ အရမ်းကိုရိုးသားသည် ... သူမခေါင်းက ပိုပိုပီးကြီးလာတော့တယ်။
သူမသားကို အိပ်ပျော်အောင်သိပ်လိုက်ပီး မီးကိုလှည့်ပိတ်လိုက်တဲ့အချိန် ဘော့စ်၏ဂွတ်နိုက်အနမ်းလေးကို နောက်ထပ်တစ်ခေါက် အလိုလိုပြန်တွေးမိသွားသည်။ သူမ ခေါင်းထဲက မထွက်ပဲရှိနေလို့ သူမမှာ အိပ်လို့တောင်မပျော်တော့ပေ။ ပုံမှန်ဆိုရင် စက္ကန့်ပိုင်းအတွင်း အိပ်ပျော်သွားတတ်သည့်လူစားမျိုးဖြစ်ပေမယ့် အခုတော့ သူမမှာ အိပ်မပျော်ခင် အချိန်အကြာကြီးကို ဟိုလှိမ့်ဒီလှိမ့်ဖြစ်နေသည်။ ဒီလိုဆိုပေမယ့်လည်း ကောင်းမွန်သောအိပ်စက်ခြင်းလေး မရခဲ့ပါဘူး။
ကြည့်ရတာ သူမအိပ်မပျော်သွားခင် စိတ်ထဲရှိနေခဲ့သည့် နောက်ဆုံးအကြောင်းအရာကြောင့်ပဲလားတော့မသိ။ ယန်ရှုယွီသည် ဘော့စ်ကို အိပ်မက် မက်တော့သည်။ အိပ်မက်က နှစ်ပိုင်းခွဲလို့ရသည်။ ပထမအပိုင်းကတော့ 'အိပ်မက်ကောင်း'ဟု ပြောလို့ရသည်။ သူမပထမဆုံးကူးပြောင်းလာသည့်ညကို အိပ်မက်ပြန်မက်ပီး ဘော့စ်နှင့် ချစ်ပွဲဆင်နွဲနေသည်။ သူမအကြိုက်အခန်းလေးတွေတောင် ထပ်ပါသေးသည်။ သူမတို့က ဟိုတယ်ထဲမှာရှိနေရင်းက ရုတ်တရပ်ကြီး ဘော့စ်၏ကားထဲရောက်သွားသည်။ ဒါတွေအားလုံးက အသက်မပြည့်ရင် ကြည့်လို့မရသည့်အခန်းတွေသာဖြစ်သည်။ မီးရှုးမီးပန်းတွေပေါက်ကွဲနေတာက ညတစ်ဝက်လောက်ထိကြာသွားပီးမှ ပီးဆုံးသွားတော့သည်။ နောက်တော့ သူမနှင့် ဘော့စ်တို့ လက်ထပ်လိုက်ကြပီး သူမဟာ လူတိုင်းအားကျမနာလိုရသည့် ကျိုးကတော်ဖြစ်သွားခဲ့သည်။ ဇာတ်ကြောင်းက အရမ်းကိုမြန်မြန်ကြီးသွားနေသည်။ သူမခြေထောက်ကို ဖက်ထားပီး ချွဲတတ်သည့်သူမသားက လက်ထပ်မှတ်ပုံတင်ထဲက သူ့အဖေလိုပုံစံမျိုး ချက်ချင်းဖြစ်သွားသည်။ သူမအရင်ခင်ပွန်းဟောင်းမျက်နှာမျိုးရှိသည့် သူမသားက ကားထဲဝင်သွားတော့ သူမရုတ်တရပ်ကြောက်စိတ်မွှန်သွားသည်။ သူမဘာမှတောင်မပြောလိုက်ရသေးခင်မှာပဲ ထိုကားက သူမရှေ့တင်မှာပဲ ပေါက်ကွဲသွားကို သူမမြင်လိုက်ရသည်။
YOU ARE READING
RomanceAuthor(s) 清越流歌 Status in COO 100 Chapters + 3 Epilogues (Complete) English Translator(s) Fuyu Neko Fringe Alpaca Bamboo Spirit Fringe Manatee If you want to read original English translation, you all can read at novelupdates. Here link: https://www...