၁၇
10.3K 1.5K 25
အခန်း (၆.၁) ဘဝကြီးက တကယ်တမ်းတော့ အဲ့လောက်ကြီးလဲမဆိုးရွားပါဘူး
သူမအတွက် လအနည်းငယ်လောက် အခန်းခအပေးရတော့ဘူးဆိုပေမယ့်လဲ နဂိုပိုင်ရှင်ကျန်နေသေးသည့်ပိုက်ဆံလေးနှင့် နှစ်ပတ်နေလျှင်ရမည့်လစာပေါင်းလိုက်ရင် သူတို့အတွက် ခနတာလောက်သာ အေးအေးဆေးဆေးနေလို့ရမည်လေ။ လစဉ်ပုံမှန်ဝင်ငွေလေးတစ်ခုတော့ရှိသင့်သည်ဆိုသည့် အရေးကြီးသည့်အချက်ကိုတော့ ယန်ရှုယွီ နားလည်သဘောပေါက်လေသည်။
အထူးသဖြင့် သူမတွင် ၄ ၅နှစ်အရွယ် ကလေးလေးတစ်ယာက်ကလဲရှိသေးသည်။ ကလေးတွေက အားအနည်းဆုံးဖြစ်သည်။ နေမကောင်းတာလေးနဲနဲဖြစ်သွားရင်တောင် သူမတို့ဆီမှာရှိသမျှ ပိုက်ဆံအကုန်ပြောင်သွားနိုင်သည်။ ယန်ရှုယွီသည် အဖက်ဖက်ကို စိတ်ပူပင်နေမိပီး နဲနဲလေးမှ စိတ်ကို မလျော့ချရဲပေ။ သူမသည် အိမ်တွင် မိနစ်အနည်းငယ်လောက်အနားယူပီးနောက်တော့ သူမသည် ကွန်ပျူတာကိုဖွင့်ကာ ကိုယ်ရေးအကျဉ်းဖိုင်ဖြင့် စတင်ပီး အလုပ်ရှာဖို့လုပ်လိုက်သည်။
တက္ကသိုလ်နောက်ဆုံးနှစ်ရောက်သည့်အချိန်တွင် သူမသည် ကျောင်းပဲဆက်တက်ဖို့ဆုံးဖြတ်ထားပေမယ့် cv formကိုတော့ ကောင်းကောင်းရေးတတ်သည်။ ဒါ့အပြင် နဂိုပိုင်ရှင်ရေးထားသည့်ကိုယ်ရေးအကျဉ်းသည် အရမ်းကိုတဲ့တိုးဆန်လွန်းသည်။ နဂိုပိုင်ရှင်တွင်လည်း ထိုအတွင်းသို့ ထည့်သွင်းရေးစရာအချက်အလက်ကလည်း များများစားစားမရှိပေ။ သူမသည် တော်တော်လေးပြည့်စုံသည့်ကိုယ်ရေးအကျဉ်းကို မိနစ်ပိုင်းအတွင်း ပြင်ဆင်လို့ပီးသွားသည်။
ရေးလို့ပီးသွားချိန်မှာတော့ ယန်ရှုယွီသတိထားလိုက်မိသည်က နဂိုပိုင်ရှင်၏ပညာအရည်အချင်းသည် အရမ်းကြီးလက်ခံလို့ရသည့်အခြေအနေတော့မဟုတ်ပေ။ သူမသည် အလုပ်ခေါ်စာတွေကို ရှာဖွေလိုက်သည်။ အရောင်းဝန်ထမ်းအလုပ်လေးတောင်မှ တစ်ခြားအပိုအရည်အချင်းမလိုပေမယ့် အနည်းဆုံးတော့ ဘွဲ့တစ်ခုခုရထားမှဖြစ်နေသည်လေ။ စားသောက်ဆိုင်တွင် လုပ်ရမည့်စားပွဲထိုးအလုပ်ကတောင် ပိုကောင်းနေသေးသည်။ သူက အထက်တန်းအောင်ထားသည့်ဒီပလိုမာလေးရှိရင်လုံလောက်ပီလေ။ ဒါပေမယ့် ယန်ရှုယွီသည် တစ်ဘဝလုံး အလိုလိုက်ခံရပီးနေလာရသူဖြစ်တာကြောင့် စားပွဲထိုးလုပ်မည့်အစား အသေသာခံလိုက်မည်လေ။