၄၈
8K 1.2K 8
အခန်း (၁၅.၃)
~~~~~~~~~~~~~~~
ဒီလိုအန္တရာယ်များလှသည့် အတွေးတွေကို ဆက်မတွေးတော့စေရန်အတွက် သူမဘော်ဒါလေးတွေကို သူမသည် နောက်ဆုံးမှာတော့ စည်းရုံးသွားနိုင်ခဲ့သည်။ နည်းလမ်းကတော့ ရှင်းရှင်းလေးပါ : သူမသည် အထက်တန်းကျောင်းထွက်တစ်ယောက်ဖြစ်ပီး သူမ၏အမြင့်ဆုံးပညာအရည်အချင်းမှာ အလယ်တန်းအောင်သာဖြစ်သည်။ ဒါ့ပြင်သူမတွင် ကားမရှိ အိမ်မရှိ စုဆောင်းထားသည့်ငွေမရှိပေ။ သူမသည် အိမ်ထောင်ကျတာစေားသေးသည်။် အခုတော့ သူမတွင်ယောက်ျားလည်းမရှိတော့ပေမယ့်လည်း သူမ အိမ်ထောင်တစ်ခါကျဖူးတယ်ဆိုက ဖုံးကွယ်လို့မရသည့်အချက်ဖြစ်သည်။
သူမတွင် ပြုစုပျိုးထောင်ပေးရမယ့် သားတစ်ယောက်ကလည်း ရှိသေးသည်။ သူမတွင် ရုပ်ရည်ကလွဲ၍ ဘာမှလောက်လောက်လားလားမရှိပေ။ ဒါပေမယ့် ဟိုဥက္ကဌကကျတော့ ဘီလျံနာလဲဖြစ်ပီး မိန်းမလှလေးတွေကို မမြင်ဖူးသူမဟုတ်။ သူစိတ်ကြိုက်ခေါင်းခေါက်ရွေးလို့ရသည်။ အမှန်အတိုင်းပြောရရင်တော့ ဒီဆိုင်က ရိုးရိုးအအတစ်ယောက်ယောက်ကို စိတ်ဝင်စားတယ်ဆိုတာက သူမကို စိတ်ဝင်စားတယ်ဆိုတာထက် ပိုတောင်ဖြစ်နိုင်သေးသည်။
---သို့ပေမယ့် မိမိကိုယ်ကိုတန်ဖိုးထားလွန်နေသည့် ယန်ရှုယွီတစ်ယောက်က သူမ၏အားနည်းချက်တွေကို တစ်ခုချင်းဆီထုတ်ပြောလာပီး သူမကိုယ်သူမအသိမ်ငယ်ခံလိုက်သေးသည်။ ဒါက သူမ ထိုဥက္ကဌနှင့် ဘယ်လောက်တောင် အပတ်အသတ်မလုပ်ချင်လဲဆိုတာကို ပြနေသည်။
ကံကောင်းတာကတော့ သူမပြောပိးသွားချိန်တွင် သူမတို့နှစ်ယောက်ကြား ဘာမှပတ်သတ်မှုမရှိဘူးဆိုတာကို အောင်အောင်မြင်မြင်နှင့် စည်းရုံးပြောဆိုလိုက်နိုင်တော့သည်။
နောက်ဆုံးတော့ ဒီအကြောင်းအရာကိုစကားစလာသည့် ရှယ်ရီက တက်ကြွစွာမေးလာသည် "ယန်ယန် နင်တို့နှစ်ယောက် တကယ်ပဲ လုံးဝမပတ်သတ်ဘူးဆိုရင် သူတို့မှာထားတာတွေ အဆင်သင့်ဖြစ်ရင် ငါပို့ပေးလို့ရလား? အခု ငါအဲ့ဘော့စ်ကို နည်းနည်းစိတ်ဝင်စားနေသလိုပဲ"
ဘာ? တစ်စုံတစ်ယောက်က ဗီလိန်မိထွေးနေရာယူဖို့ အရမ်းတွေ စိတ်အားထက်သန်နေတယ်လား? ယန်ရှုယွီသည် မှင်သက်သွားပေမယ့် သူမသည်ချက်ချင်းကို သဘောပေါက်သွားသည်။ ဇာတ်လိုက်အဖေ၏အရည်အချင်းတွေနှင့်ဆိုလျှင် မိန်းကလေးတွေက မီးကိုတိုးသည့်ပိုးဖလံတွေလိုပင်။ နောက်ဆုံးတော့ သူတို့အသက်ကိုတောင် တန်ဖိုးမထားနိုင်ကြတော့ပေ။ သူမရဲ့နဂိုပိုင်ရှင်လုပ်ခဲ့သလိုပေါ့။ ရှယ်ရီဒီလိုတွေးတာကလည်း ဖြစ်နိုင်တာပဲလေ။ သူမဒီဆိုင်မှာအလုပ်မဝင်ခင်အထိ ရှယ်ရီသည် အလှဆုံးကောင်မလေးပင်။ အနီးအနားက အလုပ်ဝင်နေကြသည့်ဝန်ထမ်းတွေသည် သူမကြောင့် ဒီဆိုင်တွင် ဖောက်သည်ဖြစ်လာကြသည်။ သူမသည် တော်တော်လေးကိုပိုးပန်းချင်စရာကောင်းသည့် မိန်းမလှလေးဖြစ်သည်။