၁၅၆
3K 440 5
အပိုင်း (၁၅၆) - ဘော့စ်မှာလည်းပဲ မိထွေးရှိတာလား?
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖြေရှင်းနည်းကို ရှာမတွေ့သည့် ယန်ရှုယွီသည် ချက်ချင်းပဲ အလုပ်ကို မျက်မှောင်အကျုံ့လိုက်ဖြင့် သွားလိုက်သည်။ တစ်နေ့လုံး သူမသည် စိတ်ဓါတ်ကျနေပီး သူမဘော်ဒါလေးတွေနှင့် စနောက်ဖို့တောင် စိတ်မပါပင်။ မန်နေဂျာရန်ကနေပီး ဂိမ်းဝင်ကစားဖို့ပြောလာသည့်အခါ သူမသည် သူ့နားတိုးသွားကာ အကြံဉာဏ်တောင်းဖို့ လုပ်လိုက်သည်။ သူလည်းပဲယောက်ျားတစ်ယောက်ဆိုတော့ တစ်ခြားယောက်ျားတစ်ယောက်၏စိတ်ဝင်စားမှုပျောက်သွားအောင် လုပ်နိုင်မယ့် နည်းတွေကို သိလောက်မှာပဲလေ?
ဒါပေမယ့် ထိုအကြံဉာဏ်ကို နည်းနည်းစဉ်းစားကြည့်လိုက်ပီးတော့ မန်နေဂျာရန်သာ ထိုကဲ့သို့စိတ်ပိုင်းဆိုင်ရာဉာဏ်ရည်မြင့်နေရင် သူအခုထိ ရည်စားမရသေးပဲနေမည်မဟုတ်။ ဒါကြောင့် သူ့ဆီကနေ အကြံဉာဏ်မတောင်းပဲနေလိုက်ဖို့သာ ဆုံးဖြတ်လိုက်သည်။ အခုထိ သူမပြဿနာကို မဖြေရှင်းနိုင်သေးတဲ့ချိန်မှာ သူမဘော်ဒါလေးတွေကို အတင်းတုတ်စရာအကြောင်းအရာတွေ ထပ်ပီးမပေးချင်တော့ဘူးလေ။
ယန်ရှုယွီသည် သူ့အား ကြည့်သာကြည့်နေလိုက်ပီး နောက်ဆုံးတော့ ပါးစပ်ပိတ်ပီးနေနေလိုက်သည်။
သူ့ဘော်ဒါလေး၏အတွေးထဲ ဘာတွေရှိနေမှန်း ရန်ကျီဖန်လုံးဝမသိပေမယ့် သူမက သူ့ကို အကြိမ်ရေအနည်းငယ်ကြည့်လာပီးတဲ့နောက် "ရှင်ကမျှော်လင့်ချက်မရှိတော့ဘူး"ဆိုသည့် သူမမျက်နှာထားကိုတော့ သူဖတ်တတ်ပါသေးသည်။ မတရားခံလိုက်ရသလို ခံစားလိုက်ရတာကြောင့် "ကိုယ်မင်းကို မေးသမျှလေးက ဂိမ်းထဲက ဘော့စ်ကို သတ်ပေးဖို့ ကိုယ့်ဆီလာပူးပေါင်းခိုင်းရုံလေးပဲကို ဒါက အဲ့လောက်တောင် ခက်လား တကယ်ကြီးလား?"
ယန်ရှုယွီသည် သူမလက်ကို ဝေ့ယမ်းပြလိုက်သည်။ အရမ်းကိုလေးနက်သည့်အကြည့်ဖြင့် သူမသည် သူ့ကို ပြောလိုက်သည်။ "တော်ပီ ကျွန်မက ဘဝရဲ့အဓိပ္ပါယ်ကို တစ်စိမ့်စိမ့်တွေးနေတာ"
မန်နေဂျာရန် : "......"
သူမအမူအရာက သူ့ကိုပင် ဘဝရဲ့အဓိပ္ပါယ်အကြောင်း တွေးချင်သွားစေသည် – သူက ဂိမ်းကစားတာ အဲ့လောက်တောင် ဆိုးတာလား?