၅၃
8.2K 1.3K 16
အခန်း (၁၇.၂)
~~~~~~~~~
ဒီအမျိုးသမီးက ဘာကြောင့် သူ့သားကို အရမ်းကာကွယ်နေမှန်း သူမသိပေမယ့် သူမ သူ့ကိုစကားပြောသည့်လေသံက သူ့အာရုံကို ဆွဲဆောင်လိုက်နိုင်သည်။ သူသည် သူမကို အဓိပ္ပါယ်ပါသည့်အကြည့်ဖြင့် ကြည့်လိုက်ပီး ပြောလိုက်သည် "အဲ့လိုကိုး ... "
ယန်ရှုယွီသည် သူမ၏ပုံမှန်အနေအထားတိုင်းသာ ပုံမပျက်နေနေပေမယ့် သူမစိတ်ထဲမှာတော့ ဒီလူ၏အကြည့်ကြောင့် စိတ်တွေဆောက်တည်ရာမရဖြစ်နေပီလေ။ သူမသည် မြန်မြန်လေးပဲ ခေါင်းစဉ်ပြောင်းလိုက်တော့သည် "ဒီနေ့ ဘာသုံးဆောင်ချင်ပါသလဲ? အရင်တစ်ခေါက်က ကလေးလေးမှာသွားတဲ့ကိတ်ကိုပဲ ပြန်မှာရင်ကော ဘယ်လိုသဘောရပါသလဲ?"
ကျိုးယိကတော့ သူ့အဖေနှင့်အန်တီယန်တို့ကြားက "ပျော်စရာကောင်းသည့်"စကားဝိုင်းကို ဘေးမှာသာ တိတ်တိတ်လေးနားထောင်နေပီး နောက်တော့ ဘာမှအကြောင်းမကြားပဲ ရုတ်တရပ် သူ့ကို စကားဝိုင်းထဲဆွဲသွင်းတာ ခံလိုက်ရသည်။ ဒါကြောင့် သူသည် ဘယ်လိုတုံ့ပြန်ရမလဲမသိဖြစ်သွားကာ သူသည် ယန်ရှုယွီကို ချစ်စရာကောင်းသည့် ကြောင်တောင်တောင်အကြည့်လေးဖြင့်သာ ကြည့်နေလိုက်သည်။
အန်တီယန် "............"
ဒီလူကြီးနှင့် ဒီကလေးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် စက္ကန့်အနည်းငယ်လောက်ကြည့်နေပီးမှ နောက်ဆုံးတော့ ကျိုးချင်းဟယ်ကသာ တိတ်ဆိတ်နေမှုကို ဖြိုခွဲလိုက်တော့သည်။ သူသည် နွေးထွေးတောက်ပသည့်ပုံစံရှိနေသေးပေမယ့် သူစိတ်ကောင်းဝင်နေသည့်ပုံစံကတော့ တော်တော်လေးသိသာနေသည်လေ "ကောင်းပီလေ ကိုယ်တို့အဲ့တာ တစ်ခုမှလိုက်မယ်"
"ကောင်းပါပီ" ယန်ရှုယွီသည် မြန်မြန်လေးချရေးလိုက်သည်။ ဒီတစ်ခေါက် စားပွဲပြည့်အစားအသောက်တွေမှာခိုင်းမည့်အကြံကို သူမစွန့်လွတ်လိုက်ပီဖြစ်သည်။ သူမသည် ဒီကနေသာ ဖြစ်နိုင်သမျှ အမြန်ဆုံးသွားချင်နေပီဖြစ်သည် "ဥက္ကဌကျိုး ရှင်ကော ဘာမှာချင်ပါသလဲ?"
"အိုး အရင်တစ်ခေါက်အတိုင်းပဲ"
ဒါကိုကြားလိုက်သည့်အခါမှာတော့ ယန်ရှုယွီချက်ချင်းတွေးလိုက်တာက : ရှင်လေး အရင်တစ်ခေါက်က မှာသွားတာကို ဘယ်သူကမှတ်ထားမှာလဲ?