၄၉
8.3K 1.3K 32
အခန်း (၁၆.၁)
~~~~~~~~~~~~~~~~
ယန်ရှုယွီတစ်ယောက်ကတော့ အလွန်အကျူးအတွေးတွေများနေပေမယ့် တကယ်တန်းကတော့ သူမအတွေးလွန်နေတာသက်သက်ပင်။ သူမသည် အလုပ်သဘောရအကောင်းမွန်ပြုံးပီးသွားလိုက်ပေမယ့် အဲ့ဒီဘော့စ်က သူမကိုမော့တောင်မကြည့်ပေ။ ထိုလူသည် သူ့ဖုန်းတွင်သာ အာရုံစိုက်နေပုံက သူမကို မေးသည့်သူမှာ သူမဟုတ်သည့်အတိုင်းပင်။
ဇာတ်လိုက်ပေါက်စလေးကတော့ ချစ်စရာကောင်းအောင်မော့ကြည့်လာပီး သူမကိုနှုတ်ဆက်လာတာကြောင့် သူမအနေရမခက်တော့တာဖြစ်သည်။
"ဟိုင်း အန်တီယန်"
"ဟိုင်း ကလေးလေး" ယန်ရှုယွီသည် အနည်ငယ်သာပြုံးလိုက်သည်။ ဒီကလေးလေးက ယဉ်ကျေးမှုလေးရှိတာကြောင့် ဒီအန်တီလို့ခေါ်သည့်အပိုင်းကို ထားထားပေးလိုက်တော့မည်။
ဘော့စ်ဆိုသည့်သူက သူမကိုလျစ်လျူရှုထားပုံရပေမယ့် ဒါက သူမကို ဘာမှဖြစ်သွားစေတာမျိုးမရှိပေ။ သူမသည် စိတ်ပါလက်ပါဖြင့် ယဉ်ကျေးစွာမေးလိုက်သည်။ "ကျွန်မကူညီပေးစရာတစ်ခုခုများရှိပါသလား" မရှိရင် သူမသွားတော့မည်လေ။
သူမစကားကပဲ အရမ်းသိသာသွားတာလို့ပဲလား ဒါမှမဟုတ် အဲ့ဒီဘော့စ်က အခုမှသူမကိုသတိထားမိတာလားတော့မသိ နောက်ဆုံးမှာတော့ ကျိုးချင်းဟယ်သည် သူမကိုမော့ကြည့်လာသည်။ သူ့အကြည့်ကတော့ ပုံမှန်အတိုင်းလို ရင်းရင်းနှီးနှီးကြည့်နေပီး "အိုး ဘာမှတော့မဟုတ်ပါဘူး ရှောင်ယိက မင်းဘယ်သွားလိုက်လဲဆိုတာ သိချင်နေလို့"
သူ့ပါးစပ်ထဲကို ကိတ်ကို ထည့်ရင်း အလုပ်များနေသည့် ကလေးပေါက်စ ရှောင်ယိမှာတော့ "..........."
ယန်ရှုယွီ "..........."
သူမသားလား ဒီဘော့စ်၏သားလားတော့ သူမ မပြောတတ်ပေ; သူမသားသည် ဒီလိုစပ်စပ်စုစုရှိနိုင်လောက်သည့် သာမန်ကလေးလေးတစ်ယောက်ဖြစ်နိုင်ပါ့မလားဆိုတာကို ဒီလူသိကောသိရဲ့လား?
သူသားကတော့ အဲ့လိုပင်။ နောက်ပီး ဇာတ်လိုက်ပေါက်စကလည်း သူ့အဖေကို ဖော်ကောင်မလုပ်တာကြောင့် ယန်ရှုယွီမှာ ဘာသွားပြောရပါမည်နည်း? သူမစိတ်ထဲတွင်တော့ ဒီဘော့စ်က တစ်ခြားလုပ်စရာမရှိတာကြောင့် သူမကို အပြင်းပြေလာကစားနေသည်ဟုသာ တွေးလိုက်သည်။ စားသုံးသူတွေက ထမင်းရှင်တွေပင် သူမဘာပြောနိုင်မည်နည်း? သူမ အဆင်ပြေသလို ရေလိုက်ငါးလိုက်နေပေးဖို့သာရှိသည်။